( ပြင်သစ် - အာဂျင် ) ၊ ( ဥရုဂွေး - ပေါ်တူဂီ ) ပွဲအတွက် နံမယ်ကြီး ၂ ဦးရဲ့ ပွဲကြိုသုံးသပ်ချက် နဲ့ ခန့်မှန်းချက်များ ...
ပြင်သစ် နဲ့ အာဂျင်တီးနား ( ဒီကနေ့ည ၈ နာရီ ခွဲ)
ပေါလ်မာဆင်၏ ခန့်မှန်းချက် ( ပြင်သစ် 2 - 0 အာဂျင်တီးနား )
ဒီအသင်း ၂ သင်း အသံ ကြားလိုက်တာနဲ့ ပွဲကောင်း တပွဲ ဖြစ်လာမယ်လို့ ထင်မိမှာပါ ။ ဒါပေမယ့် တကယ်တမ်းတော့ အဲ့ဒီလို မဖြစ်လာလောက် ဘူးဗျ ။ စွမ်းဆောင်ရည်ပိုင်း ပြောရရင် ၂ သင်း လုံးက အခု ခြေစွမ်းနဲ့ ကမ္ဘာ့ဖလား မရနိုင်ဘူး ။
အာဂျင်တီးနားလည်း ကမ္ဘာ့ဖလား မရနိုင်ဘူး ။ ဘာလို့လဲ ဆိုတော့ သူတို့ အသင်း ကစားတာ ကြည့်ရတာ တော်တော်လေး အခြေအနေ ဆိုးနေပါတယ် ။ ပြင်သစ် အသင်း ကလည်း ခြေစွမ်း အမှန်တော့ မရသေးပါဘူး ။ ဒါပေမယ့် အာဂျင်တီးနား ထက်တော့ အများကြီးသာ ပါတယ် ။
ပြင်သစ် အသင်းကို ကြည့်ရတာတော့ ခြေစွမ်း ပုံမှန် မရသေးပေမယ့် အချိန်မရွေး ခြေစွမ်းကောင်းတွေ ပေါ်လာနိုင်တဲ့ အနေအထားမှာ ရှိနေ ပါတယ် ။ အာဂျင်တီးနား အသင်း ကို ကြည့်လိုက်ရင်တော့ အသက်ကြီးနေတဲ့ ကစားသမားတွေ အများအပြား ပါဝင်နေတဲ့ အသင်းလို ဖြစ်နေပါတယ် ။ သူတို့က မောနေတဲ့ အသင်းနဲ့ တူပါတယ် ။ ဒါကြောင့် ကျနော် ပြင်သစ်အသင်းကို ရွေးပါတယ် ။
လော်ရိုး၏ ခန့်မှန်းချက် ( ပြင်သစ် 2 - 1 အာဂျင်တီးနား )
အာဂျင်တီးနား အသင်းရဲ့ လူစာရင်း ထုတ်ပုံမှာ ကစားသမားတွေရဲ့ သဘောထားတွေ ပါနေပြီလို့ ကြားမိတယ် ။ အဲ့ဒါဆိုရင် ကျနော် ထင်တာ သူတို့ ၄ ယောက်တန်း ခံစစ်ကို ပြန်သုံးလာ ပါလိမ့်မယ် ။ သူတို့ ခံစစ်က အခုအချိန် ထိတော့ မကောင်းသေးဘူးဗျ ။ သူတို့က အတတ်နိုင်ဆုံး နောက်တန်းကို ကျစ်အောင်တော့ ကြိုးစား နေတာပဲ ။ ဒါပေမယ့် မက်ဆီက မထင်မှတ်တာတွေ လုပ်ပြ တတ်တယ် ။ နိုက်ဂျီးရီးနဲ့ ပွဲတုန်းက လိုပေါ့ ။
အာဂျင်တီးနား အသင်းက ၁၆ သင်း အဆင့်ကို မနည်းတက် လာရပေမယ့် ပြင်သစ် ကတော့ ပြဿနာ ကြီးကြီးမားမား မရှိပဲ တက်လာခဲ့တယ် ။ ဒါပေမဲ့ ပြင်သစ် အသင်းက အကောင်းဆုံး ပုံစံတော့ မရသေးဘူး ။ ဒိန်းမတ်နဲ့ ပွဲတုန်းက ဒမ့်ချက်စ် လူအပြောင်းအလဲ နည်းနည်း လုပ်ခဲ့ပေမယ့် အရမ်း ကြီးတော့ တိုးတက်လာတာမျိုး မရှိခဲ့ဘူး ။
ပြင်သစ်က ကွင်းလယ်မှာ ပေါ့ဘာနဲ့ ကွန်တေ ပါပြီး ရှေ့တန်းမှာ ဂျရူး ပါတဲ့ အခါ ပိုကောင်းတယ်လို့ ခံစားမိတယ်။ ဒါပေမယ့် ပြင်သစ်က မကြာမီ ပုံမှန် ခြေစွမ်း ရတော့မယ်လို့ ကျနော် ထင်နေတယ် ။ သူတို့ အာဂျင်တီးနားနဲ့ ပွဲမှာ ပုံမှန် ခြေစွမ်းပြရင်တော့ သူတို့နိုင်မယ် ဆိုတာ သေချာပါတယ် ။
ဥရုဂွေး နဲ့ ပေါ်တူဂီ ( ဒီကနေ့ည ၁၂ နာရီခွဲ )
ပေါလ်မာဆင်၏ ခန့်မှန်းချက် ( ဥရုဂွေး 1 - 0 ပေါ်တူဂီ )
ဥရုဂွေး အသင်းကို ကြည့်ရတာ အက်သလက်တီကို အသင်းကို ကြည့်နေရ သလိုပါပဲ ။ သူတို့ နောက်တန်းက အရမ်း ကောင်းလွန်းနေတယ် ။ ရှေ့တန်း မှာလည်း တကယ့် တိုက်စစ်မှုးကောင်း ၂ ယောက် ရှိတယ် ။ သူတို့ ကစားပုံက ရှင်းတယ် ။ ဂိုးမပေးရအောင် လုပ်တယ် ။ ဂိုးရပြီး ဆိုတာနဲ့ သူတို့ နိုင်ပြီပဲ ။ ဒီပွဲမှာလည်း အဲ့လို ဖြစ်လာမယ် ထင်တယ် ။
စပိန်အသင်းနဲ့ ပွဲက လွဲလို့ ပေါ်တူဂီက တခြား ပွဲတွေမှာ ကစားပုံ မကောင်းခဲ့ ပါဘူး။ အီရန် အသင်းနဲ့ တုန်းကလည်း ခြေစွမ်း တော်တော်ကို ဆိုးရွားခဲ့ ပါတယ် ။ ဒီနေ့ပွဲက ပေါ်တူဂီ အသင်း အိမ်ပြန်ရမယ့် ပွဲလို့ ထင်ပါတယ် ။
လော်ရိုး၏ ခန့်မှန်းချက် ( ဥရုဂွေး 1 - 0 ပေါ်တူဂီ)
ဒီပွဲက ဒိုင်တွေ အလုပ်ရှုပ်မယ့် ပွဲပါ ။ အက်သလက်တီကို ခံစစ် ဂျီမီနက်ဇ် ၊ ဂိုဒင်နဲ့ ရီးရဲလ်မက်ဒရစ် ရော်နယ်ဒိုတို့ တွေ့ဆုံမယ့် ပွဲပါ ။
ပေါ်တူဂီ အသင်းက သူတို့ ကစားနေတဲ့ ပုံစံကို ပြောင်းဖြစ်ဖို့ မလွယ်ပါဘူး ။ ဥရုဂွေးကလည်း တိုက်စစ်ပိုင်းမှာ ထင်သလောက် အခြေအနေ မရောက်သေး ပါဘူး ။ ဒါပေမယ့် ဥရုဂွေးက တိုက်စစ် ကစားတာ ပိုပြီး စွန့်စွန့် စားစား ရှိပါတယ် ။
Credit
Love အတိုအစလေးများ
Post a Comment