မိန်းမတွေကို မှီခိုထိုင်စားနေတယ် ဆိုပီး အထင်အမြင် မသေးပါနဲ့ ...
ကျွန်မ အိမ်ထောင်ကျပြီးတည်းက ပိုက်ဆံ ဘယ်ကရလည်းဆိုရင် ကျွန်မအမျိုးသား ဆီကပါပဲ။ ကျွန်မပိုက်ဆံမရှာပါဘူး။ (အကြောင်း အမျိုးမျိုးကြောင့် အလုပ်မလုပ်တော့တာ ၉နှစ်လောက် ရှိပါပြီ) မှီခိုထိုင်စား ဘဝကို မြင်တွေ့သူတွေက
" ဟယ် ကုသိုလ်ကောင်းလိုက်တာ အေးဆေးထိုင်စားယုံပဲ " တဲ့
ကျွန်မ မကြိုက်ဆုံး စကားပါ 😡 ဘယ်မှီခို မိန်းမ မဆို ဆင်းရဲ ချမ်းသာမရွေး အလုပ်ကိုယ်ဆီ ရှိပါတယ်... အိမ်မှုကိစ္စ မိသားစုအရေး ဘာမှ လုပ်စရာမလိုပဲ ထိုင်စားယုံ သက်သက် ဘယ်ယောကျာ်းမှ ရှာမကျွေးပါဘူး ကျမမမြင်ဖူးတာလည်းပါမှာပေါ့လေ😔
သေချာတာတော့ မှီခိုထိုင်စား ဘဝမှာ ရှိနေတဲ့ မိန်းမတွေ လိုသလောက်ငွေကို ရှာကျွေးသူတွေက ဗုန်းပေါလဟော ရက်ရက်ရောရော ပေးနေကြတာလည်း မဟုတ်ပါဘူး။ ပင်ပင်ပန်းပန်း ရှာဖွေကျွေးမွေး ရသလို အငုံစိတ်ကလေး အမြဲ ရှိကြတဲ့ သူတို့ရဲ့ လက်သုံးစကားမျိုးစုံကို နားရည် ဝအောင် ခံနိုင်ရည်ရှိမှ လက်ထဲပိုက်ဆံ ရောက်တာပါ။
အိမ်မှုကိစ္စ မှန်သမျှလည်း ကြည့်လိုက်ပါအုံး။ မျက်စိနှစ်လုံး မဖွင်ခင်ကတည်းက စလို့ အစီအစဉ် ဆွဲပြီး ကိုယ်လက်ခန္ဓာ တစ်ခုပြီး တစ်ခု စည်းချက်မှန်မှန် လုပ်လိုက်ရတာ ညရောက်လို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှပဲ အနားရတာပါ... ကဲဒါ မှီခိုထိုင်စား ဘဝတဲ့လား???
အိမ်မှုကိစ္စ များကို ကူလုပ်သော ရှာကျွေး သူကြီးများ ကျွန်မမြင်ဖူးပါတယ်။ အမောပြေလောက်အောင် အလိုက်တသိ ချီးကျူးတတ်သော အိမ်ထောင်ဦးစီး များလည်း မြင်ဖူးပါတယ်။ တချို့သော မှီခိုထိုင်စားတွေ ကံကောင်းကြသလို ကံမကောင်းတာလည်း ရှိပါတယ်။
ထမင်း မငတ်အောင် လူတိုင်း လုပ်ကိုင် စားသောက်နိုင်ပါတယ်။ အိမ်ထောင် ရက်သားကျလို့ သားသမီး အိမ်မှုကိစ္စတာဝန်နှင့် ကိုယ်ခွဲ မရှိတာကြောင့် စတဲ့ အကြောင်း အမျိုးမျိုးကြားမှာ ဒီလို မှီခို ဘဝကို နေထိုင်ကြရတာပါ😔
လိုအပ်တဲ့ ပိုက်ဆံကို ပေးပါအုံးလို့ တောင်းသုံးရတာ မလွယ်သလို ရလာတဲ့ ပိုက်ဆံကိုလည်း ကိုယ့်အတွက်သုံးရမှာ အလွန်ဝန်လေး ခက်ခဲတယ် ဆိုတာ ကျွန်မတို့လို မှီခိုထိုင်စားတွေ သိမှာပါ။ မခံချင်ဆုံး အရာကတော့...
ကျွန်မတို့ရဲ့ အချိန် ဘဝရင်းပြီး အပင်ပန်းခံ သံယောဇဉ်ထား တည်ဆောက်ထားတဲ့ မိသားစု နောက်ကွယ်မှာ နေချင်သလိုနေ သစ္စာတွေဖောက် နောက်တစ်ယောက် ဖြစ်လာကြတဲ့အခါ... ရှာကျွေးသူတို့က ဟစ်နေတဲ့ ငါတို့မိသားစု ထိခိုက်အောင် လုပ်လို့လား မင်းတို့ကို ကောင်းကောင်းမွန်မွန် ရှာကျွေးနေတာပဲ ဆိုတဲ့ ကြွေးကြော်သံတွေပါ😤😩
ငွေ မရှာနိုင်ပေမဲ့ ကိုယ့်တာလုံဖို့ မှီခိုသူတိုင်း ကြိုးစားကြရပါတယ်။ ကိုယ်စီ အရည်အချင်း ရှိကြတဲ့ လူသားအချင်းချင်းကို ဘာကြောင့် နှိမ်ချင်ကြပါသလဲ။ ကျွန်မတို့ အိမ်ရှင်မတွေက အိမ်ကို မိသားစုကို ရှင်သန်အောင် တာဝန်ယူရတာပါ။
လိုအပ်ချက် များလှသော အိမ်ထောင်မှုများကို ဟန်ချက်ညီညီ တည်ဆောက် ရသူတွေပါ။ ပိုက်ဆံ ရှာသူတွေ ရှာပေးလိုက်ယုံနဲ့ အရာရာ အဆင်တပြေ အားလုံးဖြစ်လာဖို့ ထွန်းကားလာတဲ့ သိပ္ပံပညာနဲ့တောင် ဖန်တီးလို့မရသေးပါဘူးရှင်။ ဒီတော့ မှီခိုထိုင်စား မိန်းမများကို အထင်သေး အမြင်သေး မပြုပါနဲ့လို့ 😡
credit
Post a Comment