အချစ်ဆိုတာကို စိတ်ကုန်သွားတဲ့ မိန်းခလေးတယောက်ဟာ..
သင့်ဘက်က စပြီး ဖုန်းခေါ်ခဲ့ရင်လည်း သူမက အသက် မပါတဲ့ လေသံနဲ့သာ ပြန်ပြောလိမ့်မယ် ။
သင့်ဘက်က ဖုန်းမခေါ်ပဲနဲ့ ပစ်ထားခဲ့ ရင်လည်း သူမ အရင်လိုမျိုး ဝမ်းနည်းပြနေမှာ မဟုတ်တော့ဘူး ။ နေတတ်အောင် နေဖို့ကိုပဲ သူမ ရွေးချယ် လိမ့်မယ် ။
သင့်ဘက်ကစပီး တွေ့ဖို့ ချိန်းခဲ့ရင်လည်း ရေခဲရိုက်ထားတဲ့ မျက်နှာထားနဲ့ ရောက်လာ လိမ့်မယ် ။
သင်က မတွေ့ချင်တော့လို့ သူမဆီ ရောက်မလာခဲ့ရင်လည်း မျက်နှာငယ်လေးနဲ့ သင့်ကို မျှော်နေမှာ မဟုတ်တော့ဘူး ။ သူ့ဘဝကို သူ ပျော်ပျော် နေဖို့ပဲ တွေးထား လိမ့်မယ် ။
သင့်ဘက်က အရမ်း လှတယ် လို့ ချီးကျူးခဲ့ရင်လည်း ကျေးဇူးပါ ဆိုတဲ့ စကားတခွန်းထဲနဲ့ အေးစက်ပြ လိမ့်မယ် ။
သင် သူ့ကို ဂရုမစိုက်ပဲ ပစ်ထား ၊ လစ်လျူရှုထားခဲ့ ရင်လည်း အရင်လို ပွစိ ပွစိ နဲ့ ပြောပီး စိတ်ကောက် နေမှာ မဟုတ်တော့ဘူး ။ သူ့ကိုယ်သူ Take care လုပ်ရင်း တနေ့ တခြား ပိုလှပ အောင်ပဲ ဖန်တီးပြ လိမ့်မယ် ။
သင့်ဘက်က နှစ်ယောက်သား ဘဝရှေ့ရေး ပြောပြလာ ခဲ့ရင်လည်း အေးအေးဆေးဆေးနဲ့ ခေါင်းလေးညိတ် နားထောင်ပေး လိမ့်မယ် ။
သင် မသိချင်ယောင်ဆောင်ပီး ရေစုန်မျှောနေ ခဲ့ရင်လည်း သင့်ကို အားမလို အားမရနဲ့ လိုက်ပြောနေမှာ မဟုတ်တော့ဘူး။ တယောက်ထဲ ရပ်တည် ပြဖို့ပဲ ကြိုးစား လိမ့်မယ် ။
သင့်ဘက်ကစပီး လမ်းခွဲဖို့ တောင်းဆိုလာ ခဲ့ရင် မဲ့ပြုံးလေး တချက်လောက် ပြုံးပီး လက်ခံပေး လိမ့်မယ် ။
တကယ်လို့ သင်က အချိန်လွန်မှ သူ့ကို ပြန်တောင်းပန်ခဲ့ရင်လည်း သင့်ကို နူးညံ့တဲ့ နှလုံးသားနဲ့ ခွင့်လွှတ်ပေးမှာတော့ မဟုတ်တော့ဘူး ။ သင့်ကို သူ့ဘဝထဲ ကနေ အပြီးအပိုင် ထုတ်ပီး သင့်ကို Black Lists လုပ်ဖို့ပဲ ဆုံးဖြတ်လိုက်လိမ့်မယ် ။
SoeMoeNaing
Post a Comment