Header Ads

နောက်တယောက်ကို ထပ်ချစ်မိတဲ့ အခါ


ကောင်လေး - ကျနော် က အိမ်ထောင် ရှိပါတယ်။ ဒါပေမဲ့ အခြား ကောင်မလေး တယောက်ကို ရူးရူး မူးမူး ချစ်မိနေ တယ် ။ အဲဒါ ဘယ်လို လုပ်ရမလဲ ။

အတိုင်ပင်ခံ - အဲဒီကောင်မလေးဟာ မင်းဘ၀အတွက် နောက်ဆုံး ချစ်နိုင်တဲ့ မိန်းခလေး ဆိုတာ သင်သေချာလား ။

ကောင်လေး - သေချာပါတယ် ။

အတိုင်ပင်ခံ - အာ့ဆို အိမ်က မိန်းမကို ကွာရှင်းပြီး ခု မင်းချစ်နေတဲ့ တယောက်ကို ယူလိုက် ။

ကောင်လေး - ဒါပေမဲ့ဗျာ အခုလက်ရှိ အိမ်က မိန်းမကလည်း နားလည် ပေးတယ် သည်းခံတယ် တော်တယ် ။ ကျနော် ဒီလို လုပ်လိုက်ရင် သူ့ အတွက် ရက်စက်ရာများ ကျမလား ။

အတိုင်ပင်ခံ - အိမ်ထောင်ရေး ဆိုတာ တရားတာတို့ ရက်စက်တယ်တို့ ဆိုတာတွေ မရှိပါဘူး ။ အခု မင်းချစ်နေတာက တခြား မိန်းခလေး ဖြစ်နေပြီ ။

ကောင်လေး - ဒါပေမဲ့ ကျနော့် မိန်းမက ကျနော့်ကို အရမ်း ချစ်တာ ။

အတိုင်ပင်ခံ - ဒါဆို သူက ပေးဆပ်မှုနဲ့ ပျော်ရွှင်နေတယ် ။

ကောင်လေး - ကျနော် သူ့ကို ကွာရှင်းပြီး တခြား မိန်းခလေးကို လက်ထပ် လိုက်ရင် သူ နာကျင် ခံစားရလိမ့်မယ် ။

အတိုင်ပင်ခံ - အိမ်ထောင်ရေးအရ ပြောရရင် မင်းကို ချစ်နေတဲ့ အချစ်ကို သူမ ပိုင်ဆိုင် နေမယ် ။ ဒါပေမဲ့ ဒီအိမ်ထောင် မှာ မင်းက သူ့ကို ချစ်တဲ့ အချစ် မင်းမှာ မရှိတော့ဘူး ။ မင်းက တခြား တယောက်ကို မင်းရဲ့ အချစ်တွေ ပေးလိုက်လို့ ။ မင်းက သူ့ကို မချစ်တော့တဲ့ အတွက် မင်း ဆုံးရှုံးနေတာ နာကျင်မှာ မင်းပဲ ။

ကောင်လေး - ကျနော် နောက်တယောက်နဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်သစ် ကို အစ ပြုတော့မှာလေ ။ သူကမှ ကျနော့်ကို ဆုံးရှုံးတာ မဟုတ်ဘူးလား ။

အတိုင်ပင်ခံ - မင်း မှားနေပြီ ကောင်လေး ။ သူမ က ဒီအိမ်ထောင်မှာ ဒီအချစ်စစ် တခု နဲ့ သူ လျှောက်လှမ်းနေတာ ။ သူ့ရဲ့ အချစ်စစ်ကို သူ ပေးဆပ်တယ် ။ သူ ပျော်တယ်။ မင်းသာ မင်းကို အချစ်စစ်နဲ့ ချစ်နေတဲ့သူကို မင်းလက်လွှတ် ဆုံးရှုံးရတော့မှာ ။

ကောင်လေး - သူမက ပြောဖူးတယ် ။ သူမက ကျနော်က လွဲပြီး တခြား တယောက်ကို မချစ်နိုင်တော့ ဘူးတဲ့။

အတိုင်ပင်ခံ - ဒီလို စကား မင်းကော ပြောဖူးသလား ။

ကောင်လေး - ကျနော်

အတိုင်ပင်ခံ - ကဲ မင်းရှေ့က ဖယောင်းတိုင် ၃ တိုင်ကို ကြည့်လိုက် ။ ဘယ်ဟာက အလင်းဆုံးလဲ ။

ကောင်လေး - မသိပါဘူး ။

အတိုင်ပင်ခံ - အင်း ဒီဖယောင်းတိုင် ၃ တိုင် သာ မိန်းခလေး ၃ ယောက်ကို ကိုယ်စားပြုနေမယ် ဆိုရင် ဒီ လူ့လောကမှာ မရေမတွက်နိုင်တဲ့ မိန်းခလေးတွေ ရှိတယ် ။ ဒီ ၃ တိုင်တောင် ဘယ်တိုင်က ပို လင်းပြီး တောက်ပ နေတယ်ဆိုတာ မင်း မပြောနိုင်ဘူး ။ အခု မင်းချစ်နေတဲ့ တယောက်က မင်းရဲ့ နောက်ဆုံး ချစ်နိုင်တဲ့ မိန်းခလေးဆိုတာကို မင်း ပြောနိုင်လား ။

ကောင်လေး - ကျနော် .....

အတိုင်ပင်ခံ - အင်း မင်း အခု ဖယောင်းတိုင် တတိုင်ကို ယူလိုက် ။ မင်းစိတ်နဲ့ ကြည့်လိုက် ဘယ်အတိုင် အလင်းဆုံးလဲ ။

ကောင်လေး - ကျနော် ကိုင်ထားတဲ့ အတိုင် ပေါ့ဗျာ ။

အတိုင်ပင်ခံ - ကဲ နဂိုနေရာ ပြန်ထားလိုက် ။ ဘယ်အတိုင်က အလင်းဆုံးလဲ ။

ကောင်လေး - မသိတော့ဘူး ။

အတိုင်ပင်ခံ - အေး မင်းခုနက ယူလိုက်တဲ့ ဖယောင်းတိုင်က မင်းလက်ရှိ မိန်းမကို ကိုယ်စားပြုမယ် ဆိုရင် အချစ်ဆိုတာ ရင်ထဲက ဖြစ်လာတဲ့ အတွက် မင်း သူ့ကို ချစ်နေရင် မင်းစိတ်ထဲမှာ သူဟာ အလင်းဆုံး မင်းသာ သူ့ကို စိတ်ထဲမှာ မထားဘူး ။ နဂိုနေရာမှာ ဆိုရင် မင်းစိတ်ထဲကို မထည့်တဲ့ အတွက် အလင်းဆုံးကို မင်းတွေ့မှာ မဟုတ်ဘူး ။ ချစ်တယ် မချစ်တယ် ဆိုတာ မင်းရဲ့ စိတ် ပါပဲ ။

ကောင်လေး - အော် ။ ကျနော် နားလည်ပါပြီ ။ တကယ် ကွာရှင်းခိုင်းတာ မဟုတ်ပါဘူး မို့ လား။ ကျနော့်ကို လမ်းမှန်ကို ရောက်အောင် လမ်းညွန်ပြနေတာ ပါ လား ။

အတိုင်ပင်ခံ - ကဲ နားလည်ပြီ ဆိုရင်တော့ မင်းရဲ့ စိတ်နဲ့ အလင်းဆုံး ဖယောင်းတိုင် တတိုင်ကို မင်းစိတ်နဲ့ သွားရှာတော့ ။

ကောင်လေး - ကျနော့် ရင်ထဲမှာ ဘယ်သူ အလင်းဆုံးလဲ ဆိုတာ ကျနော် သိပါပြီ ။ ကျနော့် မိန်းမပေါ့ ။

လူ့လောကကြီးမှာ တံတိုင်းကြီး တခု ရှိတယ် ။ အိမ်ထောင်ရေး ဆိုတဲ့ တံတိုင်းကြီးပေါ့ ။ တံတိုင်းအထဲ နဲ့ တံတိုင်းပြင် ပေါ့ ။ အပြင်မှာ ရှိနေတဲ့ သူတွေက အထဲ ၀င်ချင် အထဲမှာ ရှိတဲ့ သူက အပြင် ထွက်ချင်။ အထဲမှာ ရှိတဲ့ သူတွေကလဲ အပြင်ဘက်က ရူ့ခင်းတွေကို ကြည့်ချင် ။

ကိုယ်ရထားတာ ၊ ပိုင်ဆိုင်ထားတာတွေနဲ့ မကျေနပ်ကြဘူး ။ မရောင့်ရဲကြဘူး ။ မိုးပေါ်က ကြယ်လေးတွေ လင်းလက် နေတာကို မက်မော ကြတယ် ။ ကိုယ့်ရဲ့ အိမ်မှာ နွေးထွေးတဲ့ ဟင်းနဲ့ စောင့်နေတာကို မမြင်ကြဘူး ။ သာမာန်ရိုးကျ နေ့စဉ်လုပ်ရပ်တွေကို ငြီးငွေ့လာတယ် ။

အချစ်သစ်ရဲ့ စိတ်လှုပ်ရှားမှုတွေကို မက်မော လာတယ်။ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေကို အဝေးမှာပဲ ထင်ပြီး နောက်တယောက် လာခေါ်ဆောင်မှုကို စောင့်စားနေတယ်။ နောက်တယောက်ကြောင့် ဘ၀ဟာ စိုပြေလာတယ်လို့ ထင်လာတယ် ။ ဒါကို သင်က ကျေနပ်နေ မိတယ် ။

တချို့အရာတွေက မသိစိတ် ကနေ စိတ်ထဲမှာ ဖြစ်ပေါ်လာတယ် ။ စိတ်ထဲမှာ ဖြစ်လာတဲ့ အတိုင်း လုပ်ကြတယ် ။ ဒီလိုနဲ့ ပဲ ဖောက်ပြန်မှုတွေက များပြားလာတော့တာပေါ့ ။

Credit

No comments

Powered by Blogger.