မိန်းကလေးတစ်ယောက် ရွေးချယ်သင့်တဲ့ဘဝ
★ ★ ★ ★ ★ ★ ★
မိန်းကလေး တယောက်အတွက် အချစ်ဆိုတာ လိုအပ်ပေမယ့် တကယ် ပျော်စရာကောင်းတဲ့ ဘ၀က ပိုလိုအပ်တယ်...။ မိန်းကလေး တယောက်အတွက် အားကိုးရာ အရိပ် လိုအပ်ပေမယ့် စိတ်ချမ်းသာပြီး အေးချမ်းတဲ့ဘ၀ဖြစ်ဖို့ လိုအပ်ပါတယ်...။
စကားပုံအရ ယောင်္ကျားပုဇင်း မိန်းမ ပုခက်တွင်း ဆိုသလို အချစ် နဲ့ ဘ၀ လက်တွဲဖော် ရှိပေမယ့် စိတ်ထောင်းကိုယ်ကျေ ခဲ့ရင် မိန်းခလေးများသည် ယောင်္ကျားတွေထက် ဇရာထောင်းမှု အိုစာမှု မြန်ဆန်ပြီး အရွယ်တွေကျလာကာ လောကကြီးကို စိတ်ကုန်သွားတတ်ပါတယ်...။
ရွေးချယ်မှု မှန်ကန်ဖို့ လိုအပ်ပြီး တန်ဖိုးရှိအောင် တန်ဖိုးမြင့်အောင် ငယ်စဉ် အချိန်ကတည်းက ပြင်ဆင် ထိမ်းသိမ်းဖို့ လိုအပ်မယ် လို့ ထင်ပါတယ်......
ဥပမာ.... ဆေးကျောင်းသူ တယောက်ကို ဆိုက္ကားသမား တယောက်က အီစီကလီ မလုပ်လောက်ဘူးလို့ ထင်ပါတယ်... မြန်မာဆန်ဆန် ၀တ်ထားပြီး ယဉ်ကျေးသိမ့်မွေ့ တည်ငြိမ်အေးချမ်းသူ တယောက်ကို လူပုံအလယ်တွင် အရက်သမားက အိနြေ္ဒပျက်အောင် မနှောင့်ယှက်လောက်ဘူး လို့ ထင်ပါတယ်...
တက္ကသိုလ် ဆရာမ တယောက်ကို ပညာမတတ်သော ဆင်းရဲသား တယောက်က မမှန်းရဲလောက်ဘူး လို့ ထင်ပါတယ်... * မှတ်ချက်.... သူတို့က လက်ခံရင်တော့ ဥပမာလေး မှားသွားနိုင်ပါတယ်*
တချို့ အိမ်ထောင်ရေး အချစ်ရေးများတွင် မိမိက အကောင်းဆုံး ပေးဆပ်နေပေမယ့် မိမိကိုယ်ကို တန်ဖိုးမြင့်အောင် ကြိုးစားထားပေမယ့်လည်း မညီမျှခြင်း စိတ်ဆင်းရဲမှုများ ရှိနေပါတယ်..... အဲဒါကို ဝဋ်ကြွေး လို့ သတ်မှတ်ရမယ် ထင်တယ်.....
တန်ဖိုး ဆိုတာ ဘာလဲ?
တန်ဖိုး ဆိုသည်မှာ.....
* အဖေ က သမီးကို ရှင်းပြသော သာဓက လေးပါ..... *
အဖေ ဖြစ်သူက = သမီး အပြင် မှာ ရောင်းနေသော (တံဆိပ်တူ) ရေသန့်ဘူး ဈေးနှူန်းနဲ့ ဟော်တယ်မှာ ရောင်းနေတဲ့ ရေသန့်ဘူး ဈေးနှူန်း တူလား??
သမီးက = မတူပါဘူး
အဖေ = အေး အဲဒါဘဲ သမီး..... တန်ဖိုးဆိုသည်မှာ အခြေအနေနဲ့ အချိန်အခါ နေရာအထား ကို လိုက်ပြီး တန်ဖိုးဖြစ်လာတယ် တန်ဖိုးမြင့်လာတယ်... ဟော်တယ်မှာ တည်းတဲ့လူက ဈေးကြီးလို့ ဆိုပြီး အပြင်က သွားဝယ် သောက်ဖို့ မလွယ်ပါ သတ်မှတ်သော တန်ဖိုးကို ပေးဝယ်ရမှာ ဖြစ်ပါတယ်...
စကားပုံအရ ထိုင်နေရင် အကောင်းသား ထသွားမှ ကျိုးမှန်းသိ ဆိုသော စကားအရ အချစ်ကို ကိုးကွယ်ပြီး လက်တွဲဖော် ရွေးချယ်မှု မှားယွင်းသွားတာနဲ့ စာရင် ထိုင်နေပြီး အိမ်မှာ ဘုရင်မ လုပ်တာကပဲ ပိုကောင်းလိမ့်မယ် ထင်ပါတယ်ဗျာ..
Post ရည်ရွယ်ချက်သည် မိမိတန်ဖိုးကို မြင့်တင်ပြီး ရွေးချယ်မှု မှန်ကန်စေချင်သော ရည်ရွယ်ချက်ဖြစ်သည်။
ဇင်းနစ်(မကွေး)
Post a Comment