" အရမ်းချစ်တယ် " ဆိုတဲ့ စကားရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်
" ချစ်ရေ "
" ဟင် .... ပြောလေ ကိုကို "
" ချစ် ... ကိုလေ ချစ်ကို အရမ်း ချစ်တာ သိတယ်မလား ချစ် "
" အော် ... သိပါတယ် ကိုကိုရယ် "
" ကို ချစ်နဲ့ ခွဲမနေနိုင်ဘူး ၊ ချစ်နဲ့ အဝေး တနေရာမှာလည်း ကိုယ်မနေနိုင်ပါဘူး "
" ချစ်လည်း တူတူပါဘဲ ကိုကို ရယ် "
" ချစ်နဲ့ ဝေးရပြီ ဆိုတဲ့ တနေ့ဟာ ကမ္ဘာမြေပေါ်မှာ ကိုယ်သေဆုံးတဲ့ နေ့ပဲ "
" သြော် ကိုကိုရယ် ... ကိုကို့ အချစ်ကို ယုံပါတယ် "
" ကိုယ့်ကို ယုံတယ် မလား "
" ယုံတယ်လေ ကိုကိုရဲ့ ... ယုံလို့ပဲ အခုချစ်သူတွေ ဖြစ်နေတာပဲ ဟာကို "
" အတည် ယုံတယ်နော် "
" အင်းပါ အတည် ပါဆို ကိုကို ကလည်း "
" ဒါဆို ပိုက်ဆံ နှစ်သောင်းလောက် ချေးပါလား "
တကယ်တော့ ဒါလေးကို ပြောထွက်ဖို့ အရေး စကား ပလ္လင်ခံနေရတာ မလွယ်ပါဘူးဗျာ
" သြော် ဒါကြောင့်ကိုး ကိုကိုက "
သူမ သဘောပေါက် သွားပြီး
" အွန်း ဟုတ်တယ် ကိုကို့ကို ယုံတယ်ဆို "
" ဘာလဲ ပထမ ချေးထားတဲ့ သုံးသောင်း ကရော ခုချိန်ထိကို ပြန်မဆပ်သေး ဘူးလေ "
" အော် ချစ်လေးရယ် ကိုကို မဆပ်ချင်လို့ မဆပ်တာ မဟုတ်ပါဘူး
တကယ်တော့ ကိုကို မဆပ်တာ ကလည်း ချစ်လေးကို အရမ်း ချစ်လွန်းလို့ပါ "
" ဘာဆိုင်လို့လဲ "
" ဆိုင်တာပေါ့ ချစ်ရယ်
အခု ချစ်ရဲ့ အကြွေး မဆပ်တော့ ရင်လေ
တရားသဘောနဲ့ ကြည့်မယ် ဆိုရင် သံသရာမှာ ချစ်ရဲ့ အကြွေးတွေ ကိုကို့ဆီ ပါလာမယ်
အဲဒီ အကြွေးကို သံသရာမှာ ဆပ်ရမယ်လေ
အဲဒီ အခါ ကိုကိုက ချစ်ကို ဘဝတင်မက နောင်ဘဝ သံသရာ အဆက်ဆက်တိုင် မခွဲတမ်း အတူတူ အမြဲ အတူတူ လုပ်ကျွေး ပြုစုပေးရမယ် ဒါကြောင့်မို့ ပါကွာ "
" သြော် ကိုကိုရယ် အဲ့လောက်တောင်ပဲလား
ရော့ ၂ သောင်း "
ကဲ ဒီလိုလေး အပြောကောင်းတော့ ပိုက်ဆံ လွယ်လွယ် ကူကူ ချေးလို့ ရပီလေ
Paing
Post a Comment