Header Ads

မိန်းကလေးတိုင်း သိထားသင့်တဲ့ ကျားတို့ရဲ့မာယာ


... Propose လုပ်နေဆဲ ကာလမှာ …

- သေမလို ရှင်မလို Feel ပြတယ် ရင်မခုန်ဘူး။ ဒါပေမယ့် ရည်းစား ရချင်ဇောနဲ့ ဟတ်ဟတ်ထိုး ကြွေချင်ယောင် ဆောင်ပြတယ်။

- စိတ်မပါဘဲနဲ့လည်း အသည်းအသန် ဂရုစိုက်ပြတယ်။ လိုချင်တဲ့Target မရောက်မချင်း အမိန့်တွေ နာခံဖို့ ဝန်မလေးဘူး။

- လိုအပ်ရင် မျက်နှာရှစ်ခေါက်ချိုး ဇီးရွက်လောက် လုပ်ပြမယ်။ တစ်ဖက်က သနားစိတ် ဝင်သွားအောင် မျက်နှာလေး ညှိုးပြမယ်။

- ဖုန်းဆက်ချိန် စာပို့ချိန် တိကျတယ် Right time ဘဲ။ Reply မြန်ချက် စက္ကန့်ပိုင်းအတွင်း အရေးတယူ ပြန်တယ်။

- ဘာလုပ်နေလဲ ယောင်ပြီး လာမမေးနဲ့။ သတိရလို့ Photo လေးတွေ ထိုင်ကြည့်နေတယ် ဆိုတာချည်းပဲ။

- တစ်ရက်လောက် မတွေ့ရရင်ကို ကမ္ဘာပဲ ပျက်တော့မလိုနဲ့ Overtine တွေ အရည်ကျဲကျဲ ဖျော်ပြရတာ အမော။

- ပိန်သွားတယ်နော် သွားမပြောနဲ့။ ဟုတ်တယ် ညညလွမ်းလို့အိပ်မပျော်တာ … {ဒါဘဲရမယ်}

- ဝလာတယ် ပြောကြည့် ဦးမလား။ အင်း ချစ်နဲ့ဆုံရလို့ စိတ်တွေ ချမ်းသာနေတာလေ… {သေသွားမယ်}

- နဖူးလေး အားယားလို့ သွားမစမ်းနဲ့။ ချက်ချင်း ပျော့ကျပြီး လူမမာလုံးလုံး ဖြစ်သွားတာ… {အကယ်ဒမီရှော့}

...ဟော လာပါပြီ... Anni တွေ လွန်မြောက်ပြီးနောက်…

- သေသေရှင်ရှင် ပစ်ထားတယ်။ အဖြေရတာ မသိရင် တစ်ဘဝလုံး ပိုင်သွားတာ ကျနေတာဘဲ။

- ဆက်လက်၍ ကြိုးစားရန် မလိုအပ်တော့လို့ ထင်မှတ်သွားပြီလေ။ ဂရုလည်း မစိုက်တော့ဘူး။ သေရင်တောင် သိလိုက်မယ် မထင်။

- အဖြေရပြီးပြီ ဆိုတော့ စစ်တပ်က အာဏာ ပြန်သိမ်းပြီလေ။ မျက်နှာက မြောက်ကိုရီးယား သမ္မတရုပ်လို တည်သွားပြီ။

- ဖုန်းဆက်ချိန် စာပို့ချိန် မျှော်မနေနဲ့ ရူးတောင် သွားဦးမယ်။ Reply ကြာချက် USA အာကာသ ခရီးစဉ်တောင် ပြန်ရောက်ပြီ။ အင်း/ ဟုတ်/ စာတစ်လုံးထဲက တော်တော်နဲ့ ရောက်မလာသေး။

- ဘာလုပ်နေလဲ အရေးတယူ သွားမမေးနဲ့။ ဘာလုပ်ရမှာလဲ အားနေတယ် ထင်နေလို့လား… {ကိုဒေါသ}

- ပိန်သွားတယ် ဝလာတယ်။ သွားမပြောနဲ့ မကြိုက်ဘူး။ သစ်ရွက် လှုပ်တာနဲ့ စိတ်က တိုနေတတ်တဲ့ အချိန်ဖြစ်သွားပြီလေ… {ဦးစိတ်တို}

- ဒါကြောင့် တချို့ ယောက်ျားလေးတွေက ရည်းစား မဖြစ်သေးခင်မှာတော့ မာယာလေးတွေ သုံးတတ်ကြပါတယ်နော်။

- အဖြေ ရပြီးရင်တော့ အမှန်တရားလေးတွေ မြင်ရစေ့မယ်။ စိတ်သာ ချနေပေတော့ ညီမလေးတို့ရေ။

- ဒါပေမယ့် အဲလိုမဟုတ်ပဲ တကယ်ချစ်တဲ့သူ တကယ်မြတ်နိုးတဲ့ ယောက်ျားလေးတွေလည်း လောကမှာ ရိုက်သတ်လို့ မကုန်ပါဘူးးးကွယ်။

အချစ်ရေးမှာ ကံကောင်းကြပါစေ......

အဟမ်းအဟမ်း

credit

No comments

Powered by Blogger.