Header Ads

ဆရာငြိမ်းရဲ့ 28.6.2018 မှ 04.7.2018 အထိ တစ်ပတ်စာ ၇ ရက်သားသမီး ဟောစာတမ်း


(တနင်္ဂနွေ)

ကံကြမ္မာ မိမိဘက်မှာ ရှိနေပါပြီ၊ အလုပ်နဲ့ ပက်သက်သော ကိစ္စ ၊ရာထူးနဲ့ ပက်သက်သော ကိစ္စများနှင့် အိုးအိမ် နဲ့ ပက်သက်သော ကိစ္စများ အထူးပဲ ကောင်းနေမည်။ ဖခင်ရဲ့ ကူညီထောက်ပံ့ခြင်းမျိုးလဲ ကြုံရတတ်ပါတယ်။ ကျန်းမာရေးလဲ ဒီကာလအတွင်း အထူးပဲ ကောင်းနေပါလိမ့်မယ်။

မိမိထံ အလုပ်အပ်နှံတာမျိုး အများအပြား ကြုံရမည်။ ကိုယ် ပိုင်လုပ်ငန်းရော၊ ၀န်ထမ်း လုပ်ငန်းရော အဆင်ပြေ ချောမွေ့မဲ့ အချိန်ပါပဲ။ အိမ်ထောင်ရေးကတော့ စီးပွားရေးလုပ်ငန်း ဆောင်တာတွေ များနေတာကြောင့် သိပ်ပြီး အစေးမကပ်သလို ဖြစ်နေပါလိမ့်မယ်။

အချစ်ရေးကံကတော့အလွန်ပဲ ကောင်းနေပါတယ်။ ချစ်သူဟောင်း ရည်းစားဟောင်းနဲ့ တဖန်ပြန်လည် ဆုံဆည်းခွင့် ရတတ်ပါတယ်။ ပညာရေးကံ ကောင်းပေမဲ့ မိမိက အပျော်အပါး မက်နေပါလိမ့်မယ်။ စာထဲ စိတ်နှစ်မရ ဖြစ်တတ်ပါတယ်။

အကျိုးပေးဂဏန်း 1/7/0

အထူးဟော စန်းပွင့်နေမည်။

ယတြာ မွေးနံထောင့်တွင် ဆီမီး ကိုးတိုင်ထွန်းညှိ ပူဇော်ပါ။

(တနင်္လာ)

အဓိက ပြဿ နာကတော့ ငွေကြေး အကြပ်အတည်း ပါပဲ။ ငွေကုန်ကြေးကျ များနိုင်သလို ငွေရှာရလည်း ခက်ခဲ နေတတ်ပါတယ်။ ငွေကြေးနဲ့ ပက်သက်ပြီး စိတ်ညစ် စိတ်ရှုပ်ရမဲ့ ကာလပါပဲ။ အာမခံ ပေးတာမျိုးနဲ့ သက်သေအဖြစ် လက်မှတ်ထိုးပေးတာမျိုး ဒီကာလမှာ အထူးပဲ ရှောင်သင့်ပါတယ်။

စုမဲစုထားသူများ အလိမ်ခံရတာမျိုးလည်း ကြုံရတတ် ပါတယ်။ ဆိုးဆိုးဝါးဝါး မဟုတ်ပေမဲ့ ကျန်းမာရေးကို အရင်ကထက် ပိုမို ဂရုစိုက်စေချင်ပါတယ်။ တုပ်ကွေး ဆိုတာမျိုးလည်း မိမိဆီ အလည်လာတတ်ပါတယ်။ လောဘတကြီး ငွေရှာခြင်းထက် လူမှုရေး ကိစ္စများ ပရဟိတ ကိစ္စများကိုပိုမို အားပြုပြီး လုပ်ဆောင် သင့်ပါတယ်။

အိမ်ထောင်ရေး သာယာဖို့ ခဲယဉ်းနေသေးတဲ့ ကာလပါပဲ။ အချစ်ရေးကတော့ လက်ရှိချစ်သူနဲ့ အဆင်မပြေပေမဲ့ ချစ်သူသစ် ရည်းစာသစ် ရလွယ်တဲ့ ကာလပါပဲ။ ပညာရေးကတော့ အထူးကြိုးစား နိုင်မှ အဆင်ပြေပါလိမ့်မယ်။ အပေါင်းအသင်း မက်နေတာမျိုး ရှိရင် လျော့ပါ။

အကျိုးပေးဂဏန်း 4/9/8

အထူးဟော ကံညံ့နေမည်။

ယတြာ ကိတ်မုန့်လေးတွေဝယ်ပြီး လမ်းဘေးခွေးတွေကိုချကျွေးပါ။

(အင်္ဂါ)

မိခင်ရဲ့ ကျန်းမာရေးကြောင့် စိတ်သောက ရောက်ရတတ်ပါတယ်။ ကျန်းမာရေး အားနည်းနေတဲ့ မိဘတွေ ရှိရင် ဂရုစိုက်ပါ။ စီးပွားရေး လုပ်ငန်းများ ပုံမှန် တိုးတတ် နေပါလိမ့်မည်။ အလုပ်သစ် စီးပွားသစ်များ ချဲ့ထွင်နိုင်မဲ့ကာလထဲ ရောက်နေတတ်ပါတယ်။

ခရီးတိုလေးတွေလည်း သွားရဖို့ အကြောင်းဖန် လာတတ်ပါတယ်။ စက်ပစ္စည်းနဲ့ ပက်သက်ပြီး စိတ်ညစ်စိတ်ရှုပ် နေတတ်ပါတယ်။ လက်ဝယ်ရှိသော စက်ပစ္စည်းများ ခဏခဏ ပျက်နေတတ်ပါတယ်။ မိမိရဲ့ ကျန်းမာရေးကတော့ အနည်းငယ် ဂရုစိုက် ရပါလိမ့်မယ်။ ၀မ်းပျက်စာတွေ စားမိပြီး ၀မ်းပျက်ဝမ်းလျှော ဖြစ်ရတတ်လို့ပါ။

အိမ်ထောင်ရေးကံ သာယာမဲ့ ကာလပါပဲ။ အချစ်ရေးကတော့ ကံကောင်းလိုက် ကံဆိုးလိုက်နဲ့ တစ်လှည့်စီ ကြုံတွေ့ နေရတတ်ပါတယ်။ ပညာရေးကံ အကောင်းဆုံးပါ။ မိမိလဲ ကြိုးစားလိုက်မယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပါပဲ။

အကျိုးပေးဂဏန်း 3/6/1

အထူးဟော ကံသင့်ပါတယ်။

ယတြာ အုန်း ၆ ညွှန့် ဘုရားကပ်လှူပါ။

(ဗုဒ္ဓဟူး)

လုပ်သမျှကိုင်သမျှ ကံကြမ္မာရဲ့ တွန်းအားကြောင့် အဆင်ပြေ ချောမွေ့ပါလိမ့်မယ်။ စီးပွားရေး ကောင်းနေချိန် အားစိုက်ပြီး ကြိုးစားလိုက်ပါ။ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းများ ရောင်းပန်းဝယ်ပန်းတွေ ပွင့်နေပါလိမ့်မယ်။ မိတ်သစ် ဆွေသစ်တွေ တိုးပွားနိုင်သလို သူငယ်ချင်းတွေရဲ့ လက်၏ဆောင်မခြင်း နှုတ်၏ဆောင်မခြင်းမျိုး တွေကိုလည်း ကြုံရ တတ်ပါတယ်။

ပွဲစားများနှင့် ပါးစပ်နဲ့ ရင်းနှီးလုပ်ကိုင်ရသော အလုပ်များ အထူးပဲ စီးပွားဖြစ် နေတတ်ပါတယ်။ ကျန်းမာရေးကတော့ အနည်းငယ် ညံ့နေတတ်ပါတယ်။ ပုံမှန်သောက်နေကျ ဆေးလေးတွေတော့ ဆောင်ထားစေချင်ပါ တယ်။

အိမ်ထောင်ရေးကတော့ သာယာချမ်းမြေ့မဲ့ ကာလပါပဲ။ အချစ်ရေးအတွက် သောကဗျာပါဒတွေ များနေရ တတ်ပါတယ်။ ချစ်သူနဲ့ ညှိနှိုင်းရ ခက်ခဲနေ တတ်ပါတယ်။ ပညာရေးကံ သင့်ပါတယ်။ အနည်းငယ် ၀ီရိယထား ကြိုးစား လိုက်ပါ။

အကျိုးပေးဂဏန်း 4/8/2

အထူးဟော စီးပွားရေးကောင်းနေမည်။

ယတြာ မုန့်ဟင်းခါးတစ်ပွဲ ဘုရားကပ်လှူပါ။

(ကြာသပတေး)

ငွေကုန်ကြေးကျ များနေတတ်ပါတယ်။ ငွေကုန်တာ ကိစ္စမရှိပေမဲ့ ငွေမ၀င်တာကတော့ အခက်အခဲ တစ်ခု ဖြစ်နေမှာပါ။ ပိုက်ဆံ လာချေးသူတွေ ရှိပါလိမ့်မယ်။ ချင့်ချိန်ပြီးမှ ချေးငှားပါ။ ဒီကာလအတွင်း အမွေမှု ငွေမှုတွေလဲ ဖြစ်ရတတ်ပါတယ်။ ကျန်းမာရေးကတော့ ကောင်းလိုက် ဆိုးလိုက်ပါပဲ။

နေထိုင် မကောင်းသလို ခံစားရပါက ဆေးကြို သောက်ပေးပါ။ ကြိုတင် ကာကွယ်ခြင်းဖြင့် ကျန်းမာရေးကို ဂရုစိုက်ပါ။ အလုပ်နဲ့ ပက်သက်သော အပြောင်းအရွှေ့ဆို တာမျိုးလည်း ကြုံရတတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက် တွေနဲ့လည်း အပေးအယူ မမျှတာမျိုး ကြုံရတတ်ပါတယ်။ အိမ်တွင်းရေး မိသားစုအရေး အပူတွေ့ တတ်ပါတယ်။

အချစ်ရေးကတော့ ချစ်သူနဲ့ ဝေးကွာသွားနိုင်သည်ထိ ပြဿနာ တတ်ရပါလိမ့်မယ်။ ပညာရေးမှာတော့ ရပ်ဝေးမှာ သွားရောက်ပြီး ပညာဆည်းပူး ရတာမျိုးလဲ ကြုံရတတ်ပါတယ်။

အကျိုးပေးဂဏန်း 5/3/7

အထူးဟော ငွေထွက်များနေမည်။

ယတြာ ပေါင်မုန့်ဝယ်ပြီး ငါးစာကျွေးပါ။

(သောကြာ)

ဒီကာလအတွင်း စိတ်ပန်း လူပန်းတော့ ဖြစ်ရတတ်ပါတယ်။ လုပ်ငန်း တာဝန်တွေ များနေရတတ်ပါတယ်။ လုပ်ဖော် ကိုင်ဖက်တွေရဲ့ အလုပ်တွေကို ၀ိုင်းကူပြီး လုပ်ပေးရပါလိမ့်မယ်။ စီစဉ်ထားတဲ့ ခရီးစဉ်တွေလည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်ပြယ်သွား ရတတ်ပါတယ်။ အလုပ်စီးပွား ကောင်းပေမဲ့ မနိုင်ဝန်ထမ်း သလိုမျိုးတော့ မဖြစ်စေချင် ပါဘူး။

မိတ်ဆွေတုတွေ၊ နောက်ကျော ဓားနဲ့ထိုးမဲ့ သူငယ်ချင်း အတုအယောင်တွေ အနားမှာ ရှိနေတတ်ပါတယ်။ လုပ်ငန်းပြိုင်တွေရဲ့ အနှောင့်အယှက် ပေးခြင်းမျိုးလဲ ခံရနိုင်ဖွယ် ရှိနေပါလိမ့်မယ်။ ကျန်းမာရေးကိုတော့ အရင်ကထက် ပိုမို ဂရုစိုက်စေချင်ပါတယ်။ အမျိုးသမီးရောဂါ နဲ့ သွားကိုက်တဲ့ဝေဒနာမျိုး ခံစားရတတ်ပါတယ်။

အိမ်ထောင်ရေးကတော့ အဆင်ပြေ ချောမွေ့ နေပါလိမ့်မယ်။ အချစ်ရေးမှာတော့ နားလည်မှုတွေနဲ့ တည်ဆောက်နိုင် ပါလိမ့်မယ်။ ပညာရေး အားနည်းနေချိန်ပါ။ ဥာဏ်ဝီရိယကို ပိုမို စိုက်ထုတ်သုံးပါ။

အကျိုးပေးဂဏန်း 1/4/7

အထူးဟော စိတ်ပင်ပန်းရမည်။

ယတြာ ငွေ ၂၀၀ ပံ့သကူပစ်ပါ။

(စနေ)

အတိတ်က စေတနာကောင်းနဲ့ လုပ်ခဲ့တဲ့ အကျိုးဆက်တွေ ဒီကာလမှာ ပြန်ခံစား ရတတ်ပါတယ်။ ကံကောင်း ခြင်းတွေ မိမိဆီ အလည်လာတဲ့ ကာလပါပဲ။ သားသမီးတွေရဲ့ ကူညီထောက်ပံ့ခြင်းမျိုးလည်း ခံစားရပါလိမ့်မယ်။ ဆုံးမယ်လို့ ထင်ထားတဲ့ ငွေကြေးတွေ ပြန်လည် ရရှိတတ်ပါတယ်။

အလုပ် ရာထူး တိုးတာမျိုး နေရာကောင်း ရတာမျိုးလဲ ကြုံရတတ်ပါတယ်။ အလုပ်သစ် စတင်ခြင်း ရည်ရွယ်ချက်တစ်ခုကို စတင် အကောင်အထည်ဖော်ခြင်းမျိုး အထူးကောင်း ပါတယ်။ နိုင်ငံခြား လူမျိုးခြားတွေရဲ့ အကူအညီတွေ ရလာတတ်ပါတယ်။ နိုင်ငံခြားသွားဖို့ စီစဉ်ထားသူများ ဒီကာလ အတွင်းသတင်းကောင်းကြား ရတတ်ပါတယ်။ ကျန်းမာရေးလည်း ဒေါင်ဒေါင်မြည် ကောင်းမွန်နေတတ်တဲ့ ကာလပါပဲ။

အိမ်ထောင်ရေး အိမ်တွင်းရေး သာယာချမ်းမြေ့ ပါလိမ့်မယ်။ အချစ်ရေးကံကတော့ ချစ်သူနဲ့ ဝေးနေရတတ်ပါတယ်။ ပညာရေးမှာ မိမိကိုယ်တိုင်က စိတ်ကူးကောင်း အတွေးကောင်း နေပါလိမ့်မယ်။

အကျိုးပေးဂဏန်း 7/0/8

အထူးဟော ကံမြင့်မားနေတဲ့ကာလပါပဲ

ယတြာ အုန်းသီးနဲ့ ထန်းလျက်ခဲ ဘုရားကပ်လှူပေးပါ။

- ၇ ရက် သားသမီးအပေါင်း ကောင်းသော လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ၊၊

ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

No comments

Powered by Blogger.