ထက်မြက်တဲ့လူတွေက မမြင်ရတဲ့ အရည်အချင်းကိုကြည့်ပီး အချစ်ကိုရွေးချယ်ကြတယ်
ယောက်ျား တယောက် အရမ်း ချောတယ်၊ အရမ်း သန့်တယ် ။ အဲဒါဆိုရင် မိန်းခလေး အများစုက ကြိုက်ကြတယ်၊ ချစ်သူ ဖြစ်ချင် ကြတယ် ။
အဲဒီလိုပဲ ကောင်မလေး တယောက် အရမ်း ချောတယ် ၊ အရမ်း လှတယ် ။ ဒါဆိုရင်လည်း ယောက်ျား အများစုက ကြိုက်ကြတယ် ၊ ချစ်သူ ဖြစ်ချင် ကြတယ် ။
ခပ်ညံ့ညံ့ ခပ်ပိန်းပိန်း ဦးနှောက်နဲ့ ကိုယ်ပိုင် အရည်အချင်း မရှိတဲ့ ယောက်ျား နဲ့ မိန်းမ တွေက မမြင်ရတာထက် မြင်ရတာကို ပိုပြီး တန်ဖိုးထား နှစ်သက် ကြတယ် ။
အလှအပ ဆိုတာက ခဏတာ ပျော်ရွှင်မှု ပါပဲ။ အချစ် ဆိုတာ အလှအပ ထက် အရေး ပါတဲ့ အရာများစွာနဲ့ ဖွဲ့စည်းထားတဲ့ အစိုင်အခဲ တခုပါ ။
အချစ် ဆိုတာ အပြန်အလှန် နားလည်မှု ကြင်နာမှု လေးစားမှု ယုံကြည်မှု သစ္စာရှိမှု နဲ့ ဖွဲ့စည်းထားတဲ့ အရာ။
ယောက်ျား တယောက် ချောတာ တခုထဲ နဲ့ ဘဝတခုကို တည်ဆောက်လို့ မရဘူး ။ လက်ကြော တင်းဖို့ ၊ တာဝန် ယူတတ်တဲ့ စိတ်ရှိဖို့ ၊ ချစ်သူကို တန်ဖိုး ထားတတ်ဖို့ ဂရုစိုက်တတ်ဖို့ လောကကို ရင်ဆိုင်ရဲ တတ်ဖို့ လိုတယ် ။
အဲဒီလိုပဲ မိန်းခလေး တယောက် ချောတာ လှတာ တခုထဲနဲ့ Perfect ဖြစ်ပြီ မထင်နဲ့ ။ အရည်အချင်း ရှိဖို့ ၊ နားလည်ပေးတတ်ဖို့ ၊ လေးစားမှု ပေးတတ်ဖို့ ၊ ရိုသေ တတ်ဖို့ ၊ ယုံကြည် ပေးတတ်ဖို့ လိုတယ် ။ အဆင်း ရှိပြီး အချင်း မရှိရင် အလကားပဲ ။
ချစ်သူ နဲ့ အပြင် လျှောက်လည်ရင် ကိုယ့်ဆီက ပိုက်ဆံ မထုတ်တတ်တဲ့ လူတွေကြား အထာကြီးနဲ့ နေပြီး အပြင်မှာ အလုပ် မရှိ အကိုင်မရှိတဲ့ Facebook မှာ အရမ်းမိုက်ပြီး အပြင်မှာ ကိုယ့်လက် ဓားရှ ရင်တောင် မျက်ရည် ဝဲနေတတ်တဲ့ လူတွေ ဒီဘက် ခေတ်မှာ များလာပြီ ။
ထက်မြက်တဲ့ လူတွေက မြင်ရတာထက် မမြင်ရတဲ့ အရည်အချင်းကို ကြည့်ပြီး အချစ်ကို ရွေးချယ် ကြတယ် ။
ခပ်ညံ့ညံ့ လူတွေက မမြင်ရတာထက် မြင်ရတဲ့ အပြင်ပန်းကို ကြည့် ပြီး အချစ်ကို ရွေးချယ် ကြတယ် ။
ဒါကြောင့် ထက်မြက်တဲ့ မိန်းမတွေရဲ့ နောက်မှာ အရည်အချင်း ရှိတဲ့ ယောက်ျားတွေ ရှိတယ် ။
အဲဒီလိုပဲ ထက်မြက်တဲ့ ယောက်ျားတွေရဲ့ နောက်မှာ အဆင်း မရှိပေမယ့် အချင်း ရှိတဲ့ မိန်းမတွေ ရှိတယ် ။
NCA
Post a Comment