Header Ads

Q နည်းသင်ပေးပါ ဆိုတဲ့ ညီလေးတွေ အတွက်


အရမ်းလှတဲ့ စကီမ​လေးကို friend အဖြစ်​ လက်​ခံတဲ့ အခါ
ကိုယ့်ဘက်က စပြီး hi မလုပ်​ပါနဲ့
သူ့ကို အခုလို စ​ပြောပါ

" ​​ကောက်​ခွင့်​ပြုပါ​နော်​ "
( ဘာလဲ ... အခွန်​လာ​ကောက်​​နေတာလား )

" မဟုတ်​ပါဘူး နင့်​အလှမှာ ​ကြွေသွားတဲ့ ငါ့နှလုံးသား​လေး တက်​နင်းမိ မဆိုးလို့ပါ "
( ဘာ​တွေ လာ​ပြော​နေတာလဲ အူ​ကြောင်​​ကြောင်​နဲ့ )

" ဘယ်​ဘ၀ကမှန်း မသိတဲ့ ​ရေစက်​​တွေနဲ့ ချစ်​ရသူ ပါ​နော်​ "
( ရူး​နေတာလား )

" တစ်​​နေ့ တစ်​ခွက်​ မှန်​မှန်​ ​သောက်​ဖို့ နင့်​အပြုံးကို ကျန်းမာ​ရေး အတွက်​ မှီဝဲခွင့် ပြုပါ​ "
(​ ​သေလိုက်​ပါလား )

" နင်​​ပေးတဲ့ ဆုလာဒ်​ဆို အချစ်​တစ်​ခု မဟုတ်​လည်း ငါ ​ကျေနပ်​မှာပါဟာ "
( ​တောက်​ ! နင်​ငါ့ကို အ​ပေါစား မိန်းမများ ထင်​​နေလား )

" နင့်​အတွက်​ ငါ့ရင်​ထဲမှာ အ​ပေါဆုံး အချစ်​​တွေ ရှိ​တယ်​​လေ နင်​လိုရင်​ ချခင်း​ပေးဖို့ အသင့်​ပါဟာ "
( အဲ့​လောက် ​​ပေါ​နေလည်း တခြားလူ သွား​ပေး )

" နင်​မှနင်​ လို့ ကမ္ဗည်း ထိုး​နေတဲ့ ငါ့နှလုံးသားမှာ ယင်​မ ​တောင်​ ဖြတ်​သန်းခွင့်​ မရှိပါဘူးဟာ "
( ​တောက်​ ! ငါ စိတ်​တိုလာပီ ​နော်​ )

" နင်​စိတ်​​ကောက်​တဲ့ မျက်​၀န်း လှလှ​လေး ကိုလည်း ချစ်​တယ်​ "
---------------------------------------------------------------------
သေချာတယ်​ ဒီ​လောက်​ဆို
ဘ​လော့ခံရပီ ... ငိငိ

လင်းဇေ

No comments

Powered by Blogger.