Header Ads

ယောင်္ကျားလေးတွေ မိမိချစ်သူကို ဖြတ်ချင်သောအခါ


တချို့ ယောင်္ကျားလေးတွေက ချစ်သူကို ပြတ်ပီလို့ ပါးစပ်က မပြောပေမယ့် မိန်းကလေး စိတ်ညစ်သွားအောင် စိတ်ပျက်သွားအောင် အမူအရာတွေနဲ့ဘဲ လုပ်ပြတတ်ကြပါတယ်..

1) အရင်က ချစ်သူ မိန်းကလေး မကြိုက်တဲ့ အရာတွေကို လုပ်ပြမယ်၊ ဆေးလိပ်သောက်တာ မကြိုက်ဘူး ပြောခဲ့ရင် ဆေးလိပ် သောက်ပြမယ်။

2) ဖုန်းဆက်ရင်လည်း မကိုင်ဘဲ အကြောင်းမျိုးစုံ ပြမယ်။ ယခင်က တစ်နေ့ကို မက်ဆေ့ ၃ စောင်လောက် ပို့တဲ့ သူက ဒီအချိန်မှာ တစ်စောင်မှ မပို့တော့တဲ့အထိ ဖြစ်လာမယ်။

3) Facebook မှာ ကောင်မလေး ချောချောပုံလေးတွေ share မယ်။

4) စကားပြောတဲ့အခါ ဘုဂလန့်တွေဘဲ ပြောလာမယ်။

5) Game ကို အရမ်းရူးသွပ်သလို လုပ်ပြမယ်။

6) စကားပြောချင်သလို မပြောချင်သလို လုပ်လာမယ်။

7) နားလည်ပေးပါတယ်လို့ ပြောခဲ့ဖူးတဲ့ အရင်က အကြောင်းအရာတွေ ပြန်ဖော်ပြီး ရစ်မယ် ပြသနာ ရှာမယ်။

8) ဟိုမသွားရဘူး ဒီမသွားရဘူး ချုပ်ချယ်မယ် တားမြစ်မယ်။

9) ဖုန်းဆက်ရင် ငါမအားဘူး နောက်မှ ပြန်ခေါ်မယ် ပြောပြီး ပြန်မခေါ်ဘဲ နေမယ်။

နောက်ဆုံးတော့ ကောင်မလေးက စိတ်ကုန်ပြီး နင်နဲ့ငါ ပြတ်ပီ လို့ ပြောလာမယ်။ အရမ်း ရိုးရှင်းလွန်းတယ်။  ဒါမယ့် အဲ့ဒီ ရိုးရှင်းတဲ့ အရာတွေကိုဘဲ လိုက်မမှီနိုင်ခဲ့တာ... 😓

MGK (CD✔)

No comments

Powered by Blogger.