Header Ads

တကယ်ချစ်တယ်ဆို လမ်းမခွဲပါနဲ့..


တစ်ဘဝလုံး အတွက် ရည်ရွယ်ပြီး ချစ်သူရည်းစား ထားတယ်။ ကိုယ့်ရဲ့ သူငယ်ချင်းတွေလဲ သူနဲ့ တွဲနေတာကို သိတယ်။ နှစ်ကိုယ်တူ ချစ်တိုင်းပြည်လေးကို စိတ်ကူးထဲမှာလည်း တည်ဆောက်ထားတယ်။ တစ်နေ့ကျ လက်ထပ်ဖို့ အတွက်လဲ ပြင်ဆင်ထားတယ်။ တိုင်ပင်ထားတယ်။

ဒါမဲ့ .. အကြောင်းအရာ မတိုက်ဆိုင်တဲ့အခါ ၊ ချစ်သူက သစ္စာဖောက်သွားတဲ့အခါ .. လမ်းမခွဲချင်ပေမဲ့လည်း လမ်းခွဲပေးလိုက်ရတယ်။ ဘယ်သူကကော ကိုယ်ချစ်တဲ့သူနဲ့ လမ်းခွဲချင်မှာလဲ..??  ဘယ်လိုမှ မဖြစ်နိုင်တော့ လို့သာ လမ်းခွဲလိုက်ရတယ်။

အဲ့ဒီအတွက် နှစ်ယောက်လုံးဟာ အနည်းနဲ့ အများတော့ စိတ်ထိခိုက် ကြရမှာပါပဲ။ ပြောချင်တာကတော့.. အကြောင်းအရာ မတိုက်ဆိုင်တာနဲ့ပဲ လမ်းခွဲဖို့ မဆုံးဖြတ်လိုက် ပါနဲ့အုံး။

လူနှစ်ယောက်ရဲ့ စိတ်က အမြဲတမ်း ထပ်တူကျဖို့ဆိုတာ မလွယ်နိုင်ဘူးလေ.. အခက်အခဲ လေးတွေတော့ ရှိမှာပေါ့။ တစ်ယောက်ကို တစ်ယောက် တကယ်ချစ်တယ် ဆိုရင်တော့ ဘယ်လောက်ပဲ အကြောင်းမတိုက်ဆိုင်ဆိုင် လမ်းမခွဲကြပါနဲ့။

ကြုံတွေ့လာတဲ့ လောကရဲ့ အခက်အခဲတွေကို အတူတူ ရင်ဆိုင်ကြပါ။ အတူတူ ဖြေရှင်းကြပါ။ ဘယ်လို ဖြေရှင်း ရမလဲ ဆိုတာကို အတူတူ ဆွေးနွေး တိုင်ပင်ကြပါ။ လမ်းခွဲတယ် ဆိုတဲ့ ပြီးစလွယ် နည်းနဲ့တော့ မဖြေရှင်းလိုက်ကြပါနဲ့။

လမ်းခွဲမယ် လို့ ဆုံးဖြတ်လိုက်တိုင်း သူနဲ့ အတူတူ ပျော်ခဲ့ဖူးတဲ့ အခ်ျိန်လေးတွေကို ပြန်သတိရပေးပါ။ အတူတူ ရိုက်ခဲ့ဖူးတဲ့ ဓာတ်ပုံလေးတွေကို ပြန်ကြည့်ပေးပါ။ FB မှာ မင်းအတွက် ရည်ရွယ်ပြီး သူ တင်ခဲ့တဲ့ Status လေးတွေကို ပြန်ဖတ်ပေးပါ။

အဲ့လိုမျိုး အတိတ်ကို ပြန်တွေးရင်းနဲ့ မျက်ရည်ဝဲရင်လဲ ဝဲလာလိမ့်မယ်။ မျက်ရည်ဝဲလာရင်တော့ သူ့ဆီကို ဖုန်းဆက်ပြီး ချစ်တယ် လို့သာ ပြောလိုက်ပါ။ မာနတွေ မထားပါနဲ့။

"ချစ်တယ် လို့ပြောလိုက်ရင် သိက္ခာများ ကျသွားမလား" လို့လဲ မတွေးပါနဲ့။ ချစ်သူတွေကြားမှာ သိက္ခာကျတယ် ဆိုတာ မရှိပါဘူး။ မိန်းကလေးဘက်က ကိုယ့်ချစ်သူကို "ချစ်တယ်" လို့ ပြောတာဟာ သိက္ခာကျစရာ မဟုတ်ပါဘူး။

အဲ့ဒီလိုပါပဲ ။ ယောကျာ်းလေး တစ်ယောက်က ကိုယ့် ချစ်သူကို လမ်းမခွဲဖို့ ဒူးထောက် တောင်းပန်တာကလဲ သိက္ခာကျစရာ မဟုတ်ပါဘူး။ တကယ်တော့ လေးစားစရာတွေပါ။ အဲဒါကြောင့် လမ်းခွဲဖို့ကို လွယ်လွယ် မဆုံးဖြတ်ကြပါနဲ့...

ဒါပေမဲ့ .. မင်းကို သစ္စာဖောက်သွားတဲ့ သူဆိုရင်တော့ ပြန်ပြီး လှည့်မကြည့်ပါနဲ့။ သစ္စာဖောက်သွားတာ သေချာတယ် ဆိုရင်တော့ ပြတ်သားလိုက်ပါ။ နာကျည်းလိုက်ပါ။ မင်းရဲ့ ဝမ်းနည်းမှုတွေက သူနဲ့ မထိုက်တန်ပါဘူး။

သစ္စာ ဖောက်တယ် ဆိုကတည်းက သူ မင်းကို တကယ်ကို မချစ်တော့လို့ပါ ...။ သစ္စာဖောက်သွားတဲ့ သူကိုလဲ ရူးကြောင်ကြောင်နဲ့ စောင့်မနေပါနဲ့။ တကယ်လို့ သူပြန်လာခဲ့တယ် ဆိုရင်တောင် အခွင့်အရေး ရတိုင်း မင်းကို နောက်တစ်ကြိမ် သစ္စာဖောက်အုံးမှာပါပဲ။

ခြံတစ်ခါ ခုန်ဖူးတဲ့ နွားဟာ နောက်တစ်ကြိမ် ထပ်ခုန်ဖို့ ဝန်မလေးတတ်တော့ပါဘူး။ အဲ့ဒီတော့ . . မင်း ရင်ခွင်နဲ့ ထိုက်တန်တဲ့ သူကိုသာ သစ္စာရှိစွာ စောင့်နေလိုက်ပါ။

ချစ်သူတိုင်း အဆင်ပြေကြပါစေ..။ ချစ်တိုင်းလဲ ညားကြပါစေ..။

Edited
Writer Eeck

No comments

Powered by Blogger.