တစ်စုံတစ်ယောက်ကို ချစ်မိတဲ့အခါ..
တစ်စုံ တစ်ယောက်ကို ချစ်မိတဲ့ အခါ....💘
သူ့ကို ချစ်ခွင့်ရတဲ့ အချိန်လေးတွေကို တန်ဖိုးထားပြီး ပျော်ရွှင်နေမိတာမျိုး 😊
သူပြောလိုက်တဲ့ စကား တစ်ခွန်းစီက ကိုယ့်ကို ကြည်နူးစေတာမျိုး...
သူနဲ့ အတူရှိတဲ့ အချိန်လေးတိုင်းက ကိုယ့်အတွက် တန်ဖိုး ရှိနေတာမျိုး...
သူနဲ့ အမြဲ စကားတွေ ပြောချင်နေမိတာမျိုး...
ဒါပေမဲ့..... နှလုံးသားတွေ ဝေးလာကြတဲ့အခါ...😔
နားလည်မှုလေးတွေ ပေးဖို့ မေ့လျော့မိ လာတဲ့အခါ...
ဥပက္ခာ တွေပဲ ရလာရတဲ့အခါ...
အချစ်ဆိုတာ ကိုယ်ထင်ခဲ့သလို ချိုမြိန်ခြင်း မဟုတ်ခဲ့ဘူး....
တစ်ခါတစ်လေ.... နာကျင်ခံစားရပြီး.. တစ်ခါတစ်လေ.... မပြောပြနိုင်အောင် လွမ်းရပြီး.. တစ်ခါတစ်လေ.... ငါ သူ့ကိုချစ်သလို သူလည်း ငါ့ကို ချစ်ပါတယ် လို့ ယုံကြည် လိုက်ချင်မိတဲ့ အရာတစ်ခု ဖြစ်နေခဲ့တယ် 😔
#Lorelei
Post a Comment