Header Ads

အချစ်ရေးမှာ အနှုတ်လက္ခဏာပြနေပြီလား


သင်အချစ်ရေးဟာ ငြီးငွေ့ဖွယ် ကောင်းနေပြီလား။
ပျော်စရာဆိုတာ ရှာလို့ကို မရနိုင်တော့ ဘူးလား။

အောက်မှာ ဖော်ပြပေးထားတဲ့ အချက် (၁၃) ချက်က
သင့်အချစ်ရေးဟာ လုံးဝ အနုတ်လက္ခဏာ ဖြစ်နေပြီမို့
စွန့်လွှတ်သင့်ပြီ ဆိုတဲ့ အကြောင်း ပြောပြပေးနေ ပါတယ်။

၁ ။ နှစ်ယောက်သား စိတ်ဝင်စားတဲ့ အကြောင်းအရာချင်း လုံးဝ မတူညီတာကြောင့် အဲ့ဒါနဲ့ ပတ်သက်ပြီး ပြသနာတွေ ခဏ ခဏကို တက်ရတယ်။ ပြသနာတွေက ပိုပို နည်းမသွားပဲ တစ်ဖြည်းဖြည်း အခြေအနေ ပိုဆိုးလာတယ်။ 

၂ ။ တစ်ယောက်ကို တစ်ယောက်တွေ့ဖို့ထက် ခွဲနေတာကမှ ပိုအဆင်ပြေ သေးတယ် ။ တွေ့လိုက်တာနဲ့ ပြသနာချည်း တက်နေမယ့် အစားပေါ့ ။

၃ ။ အရင်တုန်းက ရည်းစားဟောင်း၊ ပတ်သက်ခဲ့ဖူးတဲ့ သူဆီက sms ၀င်လာတာ၊ ဖုန်းလာတာက ခု လက်ရှိရည်းစား ဆီက ဖုန်းလာတာထက် ပိုရင်ခုန်စရာ ကောင်းနေတယ် ။ 

၎ ။ သူ့ဆီကို သွားလည်ဖို့၊ သူ့အိမ်ကို သွားလည်တာမျိုးတွေ မလုပ်ချင်တော့ဘူး။ 

၅ ။ နှစ်ဦးသား ရယ်ရယ် မောမောနဲ့ စကားတွေ ပြောခဲ့တာ ဘယ်တုန်းက ပါလိမ့် ။ မနည်းကို စဉ်းစားနေရပြီ။ 

၆ ။ နှစ်ဦးထဲက တစ်ဦးက အထိန်းချုပ် ခံနေရတယ် ။ တစ်ယောက်ကတော့ ဦးဆောင် ထိန်းချုပ်ချင်တဲ့ စိတ်  အပြည့် ဖြစ်နေတယ်။

၇ ။ စကားပြောရင် အေးစက်စက်တွေ ဖြစ်လာတယ် ။ 

၈ ။ ကိစ္စ တစ်ခုကို အရေးတကြီး မတွေးတော့ဘူး။ ဘာဖြစ်ဖြစ်ရတယ် ဆိုပြီး အဆင်ပြေသလို ပြောဆိုလိုက်တယ်။ နှစ်ဦးသား တစ်ဦးနဲ့ တစ်ဦး ထိတွေ့၊ နမ်းရှိုက်တာ မျိုးတွေလည်း နည်းသွားပြီ ။

၉ ။ တစ်စုံတစ်ရာကြောင့် မတွဲချင်ပဲ ဆက်တွဲနေ ရတယ် ။ ငွေကြောင့်၊ အခြား ကိစ္စ တစ်ခုခုကြောင့် ။ 

၁၀ ။ တစ်ခုခု လုပ်လိုက်တိုင်း အပြော ခံနေရတာကို မုန်းလာပြီ။ ကိုယ့်ဘက်မှာ ဘယ်တော့မှ မရှိတဲ့ အပြင် အပြစ်တင်၊ ဝေဖန်ပြီး ယုံကြည်မှု မဲ့အောင် အလုပ် ခံနေရပါလားလို့ပဲ တွေးနေမိတယ် ။

၁၁ ။ တစ်ခြားလူလည်း ဘယ်သူမှ မရှိလို့ သူ့ကို တွဲနေရတာ ဆိုပြီး ခံစားလာ မိပြီ ။

၁၂ ။ ပြဿနာတွေ တက်တိုင်း သူငယ်ချင်းတွေ၊ မိသားစုဝင်တွေပါ စိတ်ရှုပ် ရတယ်။ အားလုံးကလည်း နှစ်ယောက်စလုံးကို လမ်းခွဲကြ ဖို့တောင် တိုက်တွန်းလာတဲ့ အထိပဲ ။ 

၁၃ ။ ပြဿနာ တက်တိုင်းလည်း အော်ကြီး ဟစ်ကျယ်တွေ ဖြစ်တတ် လာတယ် ။ အပြစ်အနာအဆာတွေ ထောက်ပြပြီး ခါးခါး သီးသီးတွေ ပြောဆိုလာ တတ်တယ် ။ အဲလို အဖြစ်အပျက်တွေနဲ့ ကြုံနေရပီ ဆိုရင်တော့ အချစ်ရေးမှာ အနှုတ်လက္ခဏာတွေ ပြနေပြီ ဆိုတဲ့သဘောကို နားလည်ထားဖို့ လိုပါတယ်နော် ။

Credit

No comments

Powered by Blogger.