သစ္စာ တကယ်ရှိရဲ့လား
*************
အချစ်စစ် မစစ်ကို တိုင်းတာနိုင်သော တစ်ခုတည်းသော ပေတံမှာ " သစ္စာ " ဖြစ်ပါတယ် ။
သစ္စာ မရှိဘဲ အသစ် ရှာနေရင် သေချာပါတယ် တစ်ကယ် မချစ်လို့ပါ ။
လူတစ်ယောက်ကို ချစ်တာက သူ့ရဲ့ ကောင်းကွက်ကို ကြည့်ပြီး ချစ်ရင်
သူမကောင်းတဲ့ အချိန်မှာ စိတ်ပျက်ပြီး သစ္စာပါ ပျက်ပါလိမ့်မယ် ။
ချစ်လို့ ကောင်းကွက်ကို မြင်တာကမှ အချစ် စစ်ပါ ။
လူတစ်ယောက်ကို သင် တစ်ကယ် ချစ်တတ်လာပြီ ဆိုရင်
ချစ်သူရဲ့ အားသာချက်တွေကို လေးစား တန်ဖိုး ထားပြီး
အားနည်းချက်တွေ ကိုပါ ချစ်တတ်လာ ပါလိမ့်မယ် ။
တကယ့် မေတ္တာစစ်မှာ ရုပ်ရည် မလိုသလို ၊ ပိုင်ဆိုင်မှုလည်း မလိုပါဘူး ။
ချောလို့ ချစ်တာ မဟုတ်ဘဲ ချစ်လို့ ချောတာပါ
ကိုယ်က ချစ်နေရင် ချစ်သူက အလိုလို လှသွား ပါလိမ့်မယ် ။
လူတစ်ယောက်ကို ချစ်မိပြီ ဆိုတာနဲ့
အဆိုးဆုံး ရလာဒ် ကို လက်ခံနိုင်မှ နာကျင်မှု သက်သာမှာ ဖြစ်သလို
အကောင်းဆုံးတွေပဲ ဖြစ်လာမယ် လို့ ဘယ်တော့မှ မတွေးပါနဲ့ ။
ဘာလို့လဲ ဆိုတော့ ချစ်တိုင်းလည်း မညားတတ် သလို
အချစ်နဲ့ ဘဝကလည်း တစ်ထပ်တည်း ကျဖို့ ခဲယဉ်း ပါတယ် ။
တကယ်တော့ ...
အချစ်ဆိုတာ အနေနီးခြင်း ၊ ဝေးခြင်းထက်
အနားမှာ ရှိသည်ဖြစ်စေ ၊ မရှိသည် ဖြစ်စေ
" သူ " ဆိုတဲ့ စိတ်ကလေးနဲ့ သစ္စာတရား စောင့်ထိမ်းခြင်းပဲ မဟုတ်ပါလားနော်။
Credit :
Post a Comment