သူ အားရှိအောင် ငှက်ပျောသီး ကျွေးလိုက်တာပါ ဆိုတဲ့ ဦးသိန်းတန်
Myanmar Idol Season 3 ကတော့ လတ်တလောမှာ အရမ်းကို နာမည်ကြီးနေတဲ့ သီချင်းဆို ပြိုင်ပွဲပါ။ Myanmar Idol Season 3 မှာ အကယ်ဒမီ ရန်အောင်၊ မြန်မာပြည် သိန်းတန်၊ မျိုးကျော့မြိုင်၊ တင်ဇာမော်တို့က ဒိုင်အဖြစ် ပါဝင် ဆောင်ရွက်ပေးနေပါတယ်။ အရင် season တွေမှာ ဒိုင်လူကြီး (၃) ယောက်သာ ထားခဲ့ရာကနေ (၄) ယောက် ပြောင်းလဲခဲ့တာပါ။
နာမည်ကြီးနေတဲ့ ငှက်ပျောသီး ကျွေးတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး မြန်မာပြည် ဦးသိန်းတန်က Myanmar Celebrity ရဲ့ အင်တာဗျူးတစ်ခုမှာ အခုလို ပြောခဲ့ပါတယ်။ “ငှက်ပျောသီး ကျွေးတာက တမင် ဖန်တီးတာ မဟုတ်ပါဘူး ။ အန်ကယ်တို့ ဒိုင်(၄)ယောက်လုံးက ရိုက်ကူးရေး လုပ်တဲ့အခါမှာ ဆက်တိုက်ပဲ ။ နည်းနည်းလေး နားဖို့အချိန် ရပေမယ့် ပင်ပန်းတာတော့ ရှိတာပေါ့ ။
တစ်ခါတစ်လေမှာ ဗိုက်ဆာရင် မုန့်တွေချထားတယ်။ ခုံအောက်မှာ ။ ကင်မရာကျတော့ မမြင်ရဘူးလေ။ အန်ကယ်က အားလပ်ချိန်လေးမှာ ဒီငှက်ပျောသီးလေး အရေးပေါ် စားမယ်လုပ်ထားတာ။ အဲ့တော့ ဒီပြိုင်ပွဲဝင် ကလေးလေးက ၀င်လာတယ်။ သူကလည်း အကြာကြီး အပြင်မှာလည်း စောင့်နေရတော့ ဆာနေတာနဲ့ တိုက်ဆိုင်နေတာပေါ့ ။
သီချင်း စဆိုနေတော့ ဆိုလို့မရဘူး ၊ သူက ဗိုက်ဆာနေတော့ သိမ်းထားတဲ့ ငှက်ပျောသီးလေးကို နည်းနည်း ဆာနေတဲ့သူ့ကို ကျွေးလိုက်တာ ။ သူလည်း စားရရင် အားဖြစ်ပြီး အကျိုးရှိမယ် တွေးပြီး ချက်ချင်းပဲ ကျွေးဖြစ်တာ ။ ရေကလည်း အဆင်သင့် ရှိတော့ ရေလေးပါ တိုက်လိုက်တာလေး လုပ်ဖြစ်တာပေါ့” လို့ မြန်မာပြည်သိန်းတန် က MC သို့ပြောပါတယ် ။
Source - Myanmar Celebrity
Post a Comment