ရင့်ကျက်သွားတဲ့သူတွေက FB ကို ဒီလိုပဲ သုံးကြတယ်..
facebook ကို သုံးတာကြာပြီး ရင့်ကျက်သွားသူတွေက
၁. Profile pic တွေ Cover pic တွေ ခဏခဏ မပြောင်းဘဲ ထားတတ်လာကြတယ်
၂. ကိုယ်မကြိုက်တဲ့ ပို့စ်တွေတွေ့ရင် ဝင်ဆဲတာမျိုး မလုပ်ကြတော့ပဲ မသိချင်ယောင်ဆောင် ကျော်သွားတတ်လာကြတယ်
၃. ကိုယ်နဲ့မတည့်တဲ့ သူတွေကို မန်းရှင်ခေါ် ရန်ဖြစ်တာတွေ မလုပ်တော့ဘဲ Block ပဲ လုပ်ကြတော့တယ်
၎. ကိုယ်ကြိုက်တဲ့ Cele တွေရဲ့ ပို့စ်တွေအောက်မှာ Add me လို့ လိုက်မမန့်တော့ပဲ တိတ်တိတ်လေး See First လုပ်ထား တတ်လာကြတယ်
၅. Fri များတာ သဘောမကျတော့ဘဲ တကယ်ခင်တဲ့ သူတွေပဲ ထားပီး မသိတဲ့သူတွေကို Unfri လုပ်တတ်လာကြတယ်
၆. ကိုယ့် Timeline မှာလည်း ကိုယ်တိုင်ရေးတာတွေထက် ကိုယ့်ခံစားချက်နဲ့ ကိုက်တဲ့ပို့စ်လေးတွေ Share ထားတာတွေနဲ့ပဲ ပြည့်နေတတ်လာတယ်
Cr. သော် ထူး အောင်။
၇. နိုင်ငံခြားက အမျိုးသမီးပုံတွေနဲ့ မြန်မာအကောင့် လုပ်ပြီး အဆဲတောင်းနေသော ပုံတွေ ပို့စ်တွေအောက်မှာ ၀င်မမန့် Share မလုပ်တော့ဘဲ ကျပ်မပြည့်သူတွေ အတော်များများ မန့်ကြပါလားလို့ ဆိုပြီး ကျော်သွားတတ်ကြသည်။ (အမြင်ကတ်လျှင် Report လုပ်ခဲ့သည်)
၈.Page အတုတွေရဲ့ ဒီပို့စ်ကို Like ပါ Share ပါ ကံစမ်းမဲ ဖောက်ပေးမယ် iphone ပေးမယ်ဆိုသော စာများတွေ့ရင် အလိုလို ကျော်ခွသွားတတ်သည်။ (အမြင်ကတ်လွန်းလျှင် ၀င်ဆဲသွားတတ်သည်)
၉. သတင်းအမှားတွေနဲ့ ဘက်လိုက်သတင်းတွေ ဆိုတာ စာအနည်းငယ် ဖတ်ရုံနဲ့ သိပြီးနောက် မီဒီညာတွေရဲ့ လှုံ့ဆော်မှုကို ပိုပိုသိလာပြီး အဲဒီ မီဒီညာတွေကို block လုပ်ထား တတ်ကြသည်။
၁၀. ဖေ့ဘွတ်ကို အပျော်သဘောမျိုး မဟုတ်ဘဲ ကိုယ့်အတွက် သင်ခန်းစာရရန် ၊ သတင်းအမှန် သိရှိရန် ၊ မိတ်ဆွေကောင်း တိုးပွားရန် ၊ လုပ်ငန်းလုပ်ရန် အတွက်သာ သုံးတော့သည်။
Cr အောင်ကျော်ခိုင်
Post a Comment