Header Ads

ကိုယ့်ထက် အသက်ငယ်တဲ့သူကို ချစ်ကြည့်မလား ?


ကိုယ့်ထက် အသက်ငယ်တဲ့ သူကို    ချစ်ကြည့်မလား ? (ကိုကိုတွေ ၊ မမ တွေ ) ဒါလေးတွေ   သိဖို့တော့ လိုမယ် ။
         
ကိုယ့်ဘက်က  သဘောထားကြီးကြီး ထားပေးဖို့တော့ လိုမယ် ။ သူ့ရဲ့  အပြစ်လေးတွေ  ရှိလာတဲ့  အခါမှာ ကိုယ့်ဘက်က အရင်ဆုံး  နားလည် ခွင့်လွှတ်ပြီး လျှော်ပေးရလိမ့်မယ် ။ သူက  ကိုယ့် ထက်   အသက်ငယ်တဲ့ နောက်တော့ ကိုယ့်ထက် ရင့်ကျက်မှုလည်း နည်းမယ်လေ ။ ဒါကို ကိုယ့်ဘက်က   အလိုက်တသိနဲ့  ခွင့်လွှတ် သည်းခံပေးဖို့ လိုမှာပေါ့ ။

ကိုယ့်ဘက်က သူ နွဲ့ဆိုး ဆိုးသမျှ လေးကို  အနစ်နာခံပြီး ချစ်ပေးဖို့ လိုမယ် ။ အသက်ငယ်တဲ့ သူတွေရဲ့ စိတ်လေးကို  နားလည်ထားရမယ်။ ဘာရယ်လို့တော့ မဟုတ်ဘူး ။ အငယ်တွေရဲ့ စိတ်ထဲမှာ   မိဘတွေ ကို ချွဲသလို  ၊ နွဲ့ဆိုးသလို သူချစ်တဲ့ ချစ်သူကို  ဆိုးချင်တဲ့ စိတ်လေး ပဲ ရှိတာ ။ သူတို့ ဆီမှာ    ချစ်သူကို အားကိုးတဲ့ စိတ်နဲ့ ယုံကြည်ကိုးစားချင်တဲ့  စိတ်တွေအများကြီး ။ ဒါကို  ကိုယ့်ဘက်က  သိထားဖို့ လိုမယ် ။

အတတ်နိုင်ဆုံး  ကိုယ့်ဘက်က   ဂရုစိုက်ပေးရမယ်။ ကြင်နာ ပေးရမယ် ။ သူ့ အတွက် အမြဲတမ်း  ရှေ့က မားမားမတ်မတ် ရပ်တည်ပေးနိုင်ရမယ် ။ အနာဂါတ်မှာ  သူ့အတွက်  မားမားမတ်မတ် ရပ်တည် ပေးနိုင်ဖို့ ကိုယ့်ဘက်က  အကောင်းဆုံး ကြိုးစားပေးနေရမယ် ။

ဘာလို့လဲ ဆိုတော့   သူက   ကိုယ့်ထက် အငယ်လေ ။ အကြီးဆိုတာ  အငယ်ကို   အုပ်ထိန်းသူ လိုရော . . . ချစ်သူ လိုရော    ဂရုစိုက်ပြီး ချစ်ပေးနေရမှာ ပေါ့ ။

®   ခဲတံ  ®

No comments

Powered by Blogger.