Header Ads

တာဝန်​ယူရဲတဲ့ ​ယောင်္ကျား​ကောင်းကိုသာ ချစ်ပါ..


ဒီ​ခေတ် ​လူငယ်​​တွေကြား မြင်​​တွေ့ ရဆုံးက နှစ်​​တွေ အကြာကြီးတွဲပီး ​ယောင်္ကျား​လေးဖက်က ​ယူဖို့ plan မရှိတာပဲ...

ဘဲက ဘ​ယ်​​လောက်​ထိ ဂရုစိုက်​လို့ ချစ်​ပြလို့ဆိုပီး ပီတိဖြာမ​နေကြနဲ့ wedding ဖြစ်​​မြောက်​ပီ ဆိုမှ ငါ့​ယောင်္ကျားဟဲ့ ဆိုပီး ဂုဏ်​ဆာကြပါ 👌

ချစ်​သူနဲ့ ၁၂နှစ်​ တွဲပီး မှ တခြားမိန်းမကို ​ကောက်​ယူသွားတဲ့ ​ယောင်္ကျား​​​မြင်​ဖူးတယ်​ 😂 ချစ်​သူဖြစ်​ပီး လပိုင်း​လေးအတွင်း မိသားဖသားပီပီ လက်​ထပ်​ယူသွားတဲ့ ​ယောင်္ကျားကိုလည်း မြင်​ဖူးပါတယ်​ 👍

ကိုယ်​က​တော့ ​ယောင်္ကျားတ​ယောက် ​ပါးစပ်​က​ပြောတဲ့ "ချစ်​တယ်​" ဆိုတဲ့ စကားထက်​ သူချစ်​တဲ့ မိန်းခ​လေးတစ်​​ယောက်​ထဲကိုပဲ လူပုံအလယ် ​ရဲရဲဝံ့ဝံ့ တွဲရဲပီး သူ့ ဘဝတ​လျှောက်​လုံး သေသည်​အထိ ​ဘေးမှာ ထားနိုင်​ဖို့ ကြိုးစား​နေတာကိုပဲ ပိုအထင်​ကြီးတယ်​... အ​ပြော​ထက် ​လုပ်​ရပ်​ကို ပိုသ​ဘောကျတယ်​ 👍

တကယ်​ ရူးရူးမူးမူး ချစ်​သွားတဲ့ ​ယောင်္ကျားဟာ သူ့ မိန်းက​လေးကို အ​နှေးနဲ့ အမြန်​ ပိုင်​ဆိုင်​ရဖို့ ကြိုးစားကြတယ်​​နော်​...

နှစ်​​တွေသာ ကြာလာတယ်​ "​ ဘယ်​​တော့ လက်​ထပ်​မှာလဲ " လို့ ​မေးလိုက်​ရင်​ ​သေချာ​ရေရာ​​သော အ​ဖြေမ​ပေးနိုင်​တဲ့ ယောင်္ကျား​တွေကို​တော့ ဒဲ့ဖြတ်​ပါ လို့ပဲ ပြောချင်​တယ်..​ အစ်​မတို့ ညီမတို့ 😂 (လက်​ထပ်​ဖို့ target အတိအကျ ထားပီး တက်ညီလက်ညီ ​​ကြိုးစား​နေတဲ့ သူ​တွေကို မဆိုလို)

စော​စောစီးစီး ဖြတ်​လိုက်​တာ ကိုယ့်​အတွက် ​နစ်​နာမှု ​လျှော့နည်းပါတယ်​. အဲ့လို ​ကောင်​​တွေကို တွဲ​နေမဲ့အစားး ကိုယ့်အတွက်​/ ကိုယ့်အနာဂတ် ​ခင်​ပွန်း​လောင်းအတွက်​ ​ FA life ကိုခံယူပီး တ​ယောက်​တည်း သန့်​သန့်​​လေးသာ ​နေလိုက်​ပါ :-)

အမျိုးသမီး​တွေ ကိုယ့်ကိုကိုယ်​သာ တိုးတက် ​မြင့်မား​အောင် ​ရပ်​တည်​ပါ.. အချစ်ကို ကိုးကွယ်လွန်ပီး သူများ​​​​ရဲ့ စိတ်​အ​ပျော်​​ဖြေရာ လိုသုံးဘဝ အဖြစ်​မခံကြပါနဲ့ :-)

ကိုယ့်ကိုကိုယ်​ တန်​ဖိုးထားမှ ကိုယ့်ကို မြတ်​နိုး တန်​ဖိုးထားပီး တာဝန်​ယူရဲတဲ့ ​ယောင်္ကျား​ကောင်းနဲ့ ​တွေ့ မှာပါ 💓

credit someone

No comments

Powered by Blogger.