တကယ်ချစ်တဲ့ ယောင်္ကျားလေးဆိုတာ ဒီလိုပါ..
► အနာဂတ် အစီအစဉ်တခုခု သင့်အတွက် ကြိုးစားနေပါလိမ့်မယ်
► သဘောထားချင်း မတိုက်ဆိုင်တဲ့ ကိစ္စတွေ ရှိနေခဲ့ရင်လည်း အတတ်နိုင်ဆုံး သင့်ဆန္ဒကို လိုက်လျောပေးတတ်တယ်
► အပိုငွေ ကုန်ပေါက်တွေ အပျော်အတွက် ငွေကြေး သုံးစွဲတာတွေ လျော့ပြီး သင့်အတွက် လိုအပ်တာလေးတွေ ဖြည့်စည်းပေးဖို့ အသုံးချတတ်ပါတယ်
► သုံးနေကျ Password ဖွင့်ပြောပြတာမျိုး ရှိပါလိမ့်မယ်.. လျှိဝှက်ချက် ဆိုတာ သူနဲ့သင့်ကြား မထားတတ်တော့ပါဘူး
► ဘာပဲလုပ်လုပ် သင့်ဆီက ခွင့်တောင်းတတ်ပါတယ်.. တချို့ကိစ္စတွေအတွက် အကြံဥာဏ် တောင်းတတ်တယ်
► သင်နှစ်သက်တဲ့ အစားအသောက် (ဒါမှမဟုတ်) သင်နှစ်သက်တဲ့ ပစ္စည်းတခုခု လမ်းကြုံတွေ့တဲ့အခါ ဝယ်လာ ပေးတတ်တယ်
► သင် အပြုအမူတိုင်းဟာ သူ့အတွက် ချစ်ဖို့ကောင်းနေပါလိမ့်မယ်
► စိတ်ဆိုးတဲ့အခါ ပြဿနာကို ပြေလည်အောင် ပြောပြတတ်တယ် ။ သင်မှားနေရင်တောင် တခါတလေ သူ့ဘက်က မာနကို လျော့ချထား တတ်ပါတယ်
► သင် မနှစ်သက်တဲ့ အခါတွေ ဆို အတတ်နိုင်ဆုံး ရှောင်ရှားတယ် ။ တချို့ ကိစ္စတွေ ဆို သင့်ကြောင့် ငြင်းဆန်ပစ် လိုက်တဲ့အထိ ရှိနေတတ်တယ်
► အတူရှိနေချိန် တိုင်း သင့် လက်ဖဝါးလေးကို ဆုပ်ကိုင် ထားတတ်တယ် ။
► သင်က သူ့ကို သက်သက်မဲ့ ရစ်နေရင်တောင် သူ့အမှားလား ဆိုပြီး ကိုယ့်ကိုယ်ကို ဆန်းစစ်နေတတ်တယ်
► အတိတ်က သင် ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ သူ အလေးထားတာ သင်နဲ့ သူ့ရဲ့ မနက်ဖြန်ပါ
► အပေါင်းအသင်းတွေ ရှေ့မှာလည်း သင့်ကို ဘယ်လောက် ချစ်တဲ့အကြောင်းကို ကြွားစရာ တစ်ခုလို ပြောပြနေတတ်တယ်
► သူ့ ဖုန်း Wallpaper မှာ သင့် Photo လေး ထည့်ထားတတ်တယ်
► သူပေးထားတဲ့ ချစ်စနိုး နာမည်ပြောင်လေး သင့်ကို ခဏခဏ ခေါ်နေတတ်တယ်
► ကြိုက်သလောက် စားပါ ။ တက်လာတဲ့ ကိုယ်အလေးချိန်ကို သူအပြစ် မရှာတတ်ပါ
► ဒေါသထွက်ရင်တောင်မှ သင့်အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်တာမျိုး မရှိဘူး
► သူရဲ့ မိန်းကလေး မိတ်ဆွေတွေ အကြောင်းလည်း သင့်ကို ပြောပြထား တတ်ပါတယ်
► သင် တောင်းတဲ့ ကတိကို အတတ်နိုင်ဆုံး ပေးတတ်တယ် ။ တည်အောင်လည်း လိုက်နာတယ်
► သင် အောင်မြင်မှု ကံကောင်းမှုတွေ ကြုံတဲ့အခါ သူက သင့်ထက် ပျော်နေတတ်ပါတယ်
► သင်က သဝန်တိုတဲ့အခါ နားလည်အောင် စိတ်ရှည်ရှည်နဲ့ရှင်းပြတတ်တယ် ။
► သင့်မွေးနေ့ကို သူမမေ့ဘူး ။ အမှတ်တရ နေ့တွေကို သူမမေ့ဘူး
► သင့် ခံစားချက်ကို သူများထက် ပိုပြီး နားလည်တယ်
► Facebook မှာ သူတင်သမျှ ဟာ သင့်ကို ဘယ်လောက်ထိ ချစ်တဲ့ အကြောင်းတွေချည်း
► အတူစကား ပြောနေရင်းမှ ရုတ်ချည်း အခြေအနေ ပြောင်းသွားတဲ့အခါ (သင်က စိတ်ဆိုးတဲ့အခါ) ဟာသလေးတွေနဲ့ အခြေအနေ ပြောင်းလဲပစ်တတ်ပါတယ်
► မေးစရာ မလိုပါဘူး ။ ဒီနေ့ ဘယ်သွားမယ် … ဘယ်မှာ ရှိမယ် … ဘာတွေ လုပ်မယ်ဆိုတာ သင့်ကို အမြဲ အစီရင်ခံ နေမှာပါ
► သင့်ကို သူ့ကြောင့် မျက်ရည် မကျစေပါဘူး ။
► အခမ်းနားဆုံး မဖြစ်နိုင်ရင်တောင် အကောင်းဆုံးတော့ သင့်အတွက် ကြိုးစား ဖန်တီးပေး နေပါလိမ့်မယ်
► သူ့ဘဝ ရဲ့ ပျော်စေတဲ့ကိစ္စ ရှိလာခဲ့ရင် ဦးဆုံး သတိရမိသူဟာ သင်ပါပဲ
► ယုံကြည်ချက် … နားလည်မှု …သစ္စာ တရား ဒါတွေဟာ သင့်မတောင်းလည်း သူ့ဆီက အလိုလိုရမယ့် ချစ်ခြင်းမေတ္တာ တခုပါ…
ဒီလို အချက် တော်တော်များများနဲ့ကိုယ်ညီတဲ့ ချစ်သူယောကျာ်းလေးမျိုး ပိုင်ဆိုင်ထားတယ် မဟုတ်လား
သင်ဟာ . . . တကယ်ကံကောင်းတဲ့ မိန်းကလေးပါပဲ … … … 💝💝💝
credit someone

Post a Comment