Header Ads

ချစ်တာလွန်ရင် ဦးနှောက်က ပုံမှန်မလုပ်တော့ဘူး..


ချစ်တာလွန်ရင် ဦးနှောက်က ပုံမှန် အလုပ် မလုပ်တော့ပါဘူး။ မကိုင်တဲ့ ဖုန်းကို ဆက်ချင်တယ်။ မပြန်တဲ့ Message ကို ကြည့်နေတယ်။ မနေချင်တဲ့ သူကို ဆွဲထားမိမယ်။

ဘယ်လို အခြေအနေ မျိုးမှာပဲ ဖြစ်ပါစေ သူ့ကို ခွင့်လွှတ်ဖို့ အကြောင်းအရာ တစ်ခုကို ရူးရူးမိုက်မိုက် စဉ်းစားပေးတယ်။ ကိုယ့်ကို အဖက်မလုပ်ရင်လည်း ခွင့်လွှတ်နိုင်မယ့် အကြောင်းအရာတွေကို စိတ်ဆိုးတိုင်း စဉ်းစားပါလိမ့်မယ်။

ပတ်ဝန်းကျင်က သူ့အကြောင်း မကောင်းပြောရင် မကျေမနပ် အမြဲ သူ့ဘက်က ရပ်တည်ပေး နေပါလိမ့် မယ်။ တစ်ခါတစ်လေ သိရက်နဲ့လည်း မိုက်မဲတတ်ပါ တယ်။

အချိန် တော်တော်များများက သူ့အကြောင်း စဉ်းစား ရင်းနဲ့ပဲ အချိန်ကုန် နေပါလိမ့်မယ်။ လက်တွေ့ဘဝရဲ့ လူမှုရေးမှာလည်း လစ်ဟင်းလာသလို အလုပ်မှာ လည်း အရင်လောက် စိတ်မပါ ဖြစ်လာပါလိမ့်မယ်။

ကိုယ့်ကို သတ်မယ့်သူ ဖြစ်နေရင်တောင် သတ်ရင်သတ် ပါစေ။ သူ့မှာ အကြောင်းပြချက် ရှိမှာပါလို့ တွေးနေလိမ့် မယ်။ ဦးနှောက်မှာ (၃) ပိုင်း ရှိပါတယ်။ ပထမဆုံး အပိုင်းက ဘာမှ မစဉ်းစားပဲ အလိုလျောက် လုပ်တတ်တဲ့အပိုင်း ပါ။

ဥပမာ မီးကို ထိမိရင် အလိုလျောက် လက်တွန့် သွားပါလိမ့်မယ်။ ဒုတိယ အပိုင်းက ခံစားချက်တွေကို ဦးစားပေးတဲ့ အပိုင်းပါ။ သူက အချစ်၊ အလွမ်း၊ အမုန်း၊ ဒေါသ၊ စတာတွေနဲ့ဆုံးဖြတ်တတ်တဲ့ အရာ ပါ။ တင်စားရရင် ဦးနှောက်ရဲ့ Drama Queen ကြီး ပေါ့။

တတိယအပိုင်းက Logical တွေးတတ်တဲ့ အပိုင်းပါ။ သူက ပထမအပိုင်းနဲ့ ဒုတိယအပိုင်းက ရရှိတဲ့ အချက်အလက်တွေကို စုဆောင်းတယ်။ တွက်ချက်တယ်။ ပြီးရင် အဖြေတစ်ခု ပြန်ပြီးထုတ် ပေးတယ်။ သူတို့ ၃ပိုင်းဟာ အမြဲလိုလို စစ်ဖြစ်နေလေ့ ရှိပါ တယ်။

ဒီအထဲမှာ ဒုတိယအပိုင်း ဖြစ်တဲ့ Drama Queen ကြီးက အရမ်းကို အပိုင်စီးလိုတဲ့ အပိုင်း ပါ။ သူကခံစားချက်အတိုင်းလုပ်ချင်တယ်။ တစ် ခါတစ်လေ ခံစားမှုပြင်းထန်ရင် သူက Logical အပိုင်းကို လုံးဝအဆက်အသွယ်ဖြတ်တောက် ပြီး သူလုပ်ချင်တာ လုပ်တတ်ပါတယ်။

ဥပမာ အားဖြင့် ဒေါသထွက်လို့ လူတစ်ယောက် ကို သတ်မိတာမျိုးပေါ့။ ဒါမှမဟုတ် အိမ်က သဘော မတူ၊ ဘာမှ အသုံးမကျတဲ့ သူနဲ့ အချစ်ဆိုတဲ့အရာ ကြောင့် ခိုးရာလိုက်ဖို့ ဆုံးဖြတ်လိုက် တာမျိုးပေါ့။

အချစ်လွန်တဲ့အခါ ဦးနှောက်ထဲမှာ Drama Queen ကြီးက ကြီးစိုးလာပါတယ်။ အမှန်ကို မမြင်တော့ပါဘူး။ အဲ့ဒီအခါမှာ သင်ဟာ ဦးနှောက်ကို အေးအေးထားနိုင်မှ Logical အပိုင်းက ပြန်ဝင် လာနိုင်မှာပါ။ ဒါမှ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက် ချနိုင်မှာပါ။

အထက်မှာ ပြောခဲ့တဲ့ ဦးနှောက်အကြောင်း ဟာ တကယ်ကို Science ကပြောထားတဲ့ အရာ ဖြစ်ပါတယ်။ အားလုံးပဲ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ကြပါစေ။

#မိုးရှင်း (I.M.T) ရေးသားသည်။

No comments

Powered by Blogger.