Header Ads

လီမင်ဟိုကို သင် အခမ်းအနားတစ်ခုတက်ဖို့ ဖိတ်မယ်ဆိုရင် ပေးရမယ့်ငွေပမာဏ


နာမည်ကြီး မင်းသား လီမင်ဟို ကို ကြိုက်နှစ်သက်တဲ့ သူတွေဆိုတာ နိုင်ငံတကာမှာ အမြောက်အမြားပါ။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီး ဖြစ်တာမို့လို့ သူပါဝင်တဲ့ ဇာတ်လမ်း၊ ရိုက်ကူးတဲ့ ကြော်ငြာတွေ သာမက တက်ရောက်တဲ့ အခမ်းအနားတွေကပါ စိတ်ဝင်စားခြင်း၊ နာမည်ကြီးခြင်းကို ရရှိတတ်ပါတယ်။ ဒါကြောင့်မို့လို့ တောင်ကိုရီးယားက လုပ်ငန်းရှင်တချို့ဆိုရင် သူတို့တွေရဲ့ လုပ်ငန်းကို ပိုပြီး လူစိတ်ဝင်စားခံရအောင် လီမင်ဟိုအပါအဝင် တခြားသော နာမည်ကြီး အနုပညာရှင်တွေကို ဖိတ်ကြားလေ့ရှိကြပါတယ်။



ဒီတော့ သင်တို့လည်း သင်တို့ရဲ့ လုပ်ငန်းကို ပိုပြီးလူသိများ၊ စိတ်ဝင်စားခံရအောင် ပွဲတစ်ခုခုလုပ်ပြီး လီမင်ဟို ကို ဖိတ်ကြားမယ် ဆိုကြပါစို့။ လီမင်ဟိုအတွက် ပွဲတက်ရောက်ခငွေကြေးပမာဏ ဘယ်လောက် ပေးရမလဲဆိုတာကို ဖတ်ကြည့်လိုက်ပါဦး။ ပွဲအခမ်းအနား တစ်ခုခုကို လီမင်ဟို အနေနဲ့ တက်ရောက်ပေးရမယ် ဆိုရင် ပေးရမယ့် ပမာဏက $784,951 USD ဖြစ်ပါတယ်။



ဒါတောင် ပွဲအစ အဆုံး နေပေးမှာ မဟုတ်ပါဘူး။ တစ်ခဏတာ မျက်နှာပြ ရုံသာ ဖြစ်ပါတယ်။ မြန်မာငွေနဲ့ ဆိုရင်တော့ ကျပ် သန်း ၉၀၀ ဝန်းကျင် ဖြစ်ပါတယ်။ ခဏပဲ မျက်နှာပြပေးဖို့ လိုအပ်တဲ့ ဟောင်ကောင်က ပွဲတစ်ခုကို ဖိတ်ကြား ခံရတုန်းက ဆိုရင် သူ မတက်ရောက်နိုင် တော့တာကိုတောင် ပွဲရဲ့ တာဝန်ရှိသူတွေက သူ့ကို တက်ရောက်ပေးဖို့အတွက် သွားရောက် ခေါ်ဆောင် ပေးခဲ့ရပါတယ်။



ပွဲတက်ရောက် ပေးဖို့ အတွက် ဂျက်လေယာဉ်ကိုတောင် ချက်ချင်း စီစဉ်ပေးခဲ့ရတယ် လို့ ဆိုပါတယ်။ ဒါကြောင့် အဲဒီ တုန်းက ဆိုရင် စုစုပေါင်း ကုန်ကျငွေက $8,722,579 USD ရှိခဲ့ပါတယ်။ လီမင်ဟိုရဲ့ အေဂျင်စီကတော့ ငွေကြေးပမာဏကို အတိအကျ မဖော်ပြပေမယ့်လည်း အံ့သြဖို့ကောင်းတဲ့ ပမာဏ တစ်ခု ဖြစ်တယ် ဆိုတာ ကိုတော့ အတည်ပြု ပေးထားပါတယ်။



ကျွန်တော်တို့ အနေနဲ့ လီမင်ဟိုရဲ့ ပွဲတတ်ရောက်ခကို တစ်သတ်မှတ်တည်း သတ်မှတ်ထားတာမျိုး မရှိပါဘူး။ တကယ်တမ်းတော့ သူကလည်း ပွဲတွေအများကြီးကို တက်ရောက်ပေးလေ့ မရှိပါဘူး။ ကျွန်တော်တို့ကလည်း ပေးတဲ့ပမာဏအပေါ် မူတည်ပြီး အလုပ်တွေကို မရွှေ့ပါဘူး။ ဒါပေမယ့် သူတို့တွေကတော့ ကျွန်တော်တို့ မှန်းထားတဲ့ ပမာဏထက် ပိုပြီးတော့ ကမ်းလှမ်းကြတယ် ဆိုတာတော့ မှန်ပါတယ်” လို့ လီမင်ဟိုရဲ့ အေဂျင်စီဖြစ်တဲ့ MYM Entertainment က ဆိုပါတယ်။



ဘယ်လိုလဲ ပရိသတ်ကြီးရေ လီမင်ဟိုကို ပရိသတ်ကြီးတို့ရဲ့ ပွဲအခမ်းအနားတစ်ခုခုမှာ တက်ရောက်စေချင်တဲ့စိတ်လေးများ ဖြစ်ပေါ်မိသွားရဲ့လား။

Ref : Koreaboo
Zue Zue Zin

No comments

Powered by Blogger.