Header Ads

၆ နှစ်ကြာတွဲခဲ့တဲ့ ချစ်သူနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ ရွှေထူး


လူငယ် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ တေးသံရှင် ရွှေထူးက မကြာသေးခင်အချိန်က Facebook မှာ ချစ်သူနဲ့ တရားဝင်လမ်းခွဲ လိုက်တဲ့ အကြောင်းကို Live လွှင့်ရင်း ပရိသတ်ကို အသိပေးလိုက်ပါတယ်။ LDRS ကို အချိန်အကြာကြီး ဖြတ်သန်းလာခဲ့ပြီး အားလုံးက အားကျခဲ့ရတဲ့ အဆိုတော် ရွှေထူးနဲ့ ဒါဒါ လို့ ချစ်စနိုးခေါ်ကြတဲ့ သူ့ရဲ့ ကောင်မလေးကတော့ တရားဝင် လမ်းခွဲလိုက်တာပါ။




ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မေးခွန်းတွေ မမေးကြဖို့လည်း ရွှေထူးက မီဒီယာတွေကို တောင်းဆိုလိုက်ပါတယ်။ နိုင်ငံရပ်ခြားမှာ နေထိုင်တဲ့ ချစ်သူနဲ့ ရွှေထူးက အဝေးရောက် ချစ်သူတွေအဖြစ်ပဲ ခြောက်နှစ်တိုင် လက်တွဲလာခဲ့ကြတာပါ။ အမြဲတမ်း သီချင်းတွေထဲမှာ ထည့်ရေးလေ့ရှိသလို ရွှေထူး မအောင်မြင်ခင်ကတည်းက သူတို့ ချစ်ခဲ့ကြတာပါ။




အခုအချိန်မှာတော့ လမ်းခွဲခဲ့တာ နည်းနည်းကြာပြီ လို့ သူက ဆိုပါတယ်။ ဦးလေးကြီး ဆိုပြီး သူ့ကိုယ်သူ သုံးနှုန်း ကာ အရမ်းချစ်တတ်တဲ့ အဆိုတော် ရွှေထူးကတော့ အခု ဖြစ်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သူ့ကို နှစ်သိမ့်ပေးမယ့် အစား ကောင်မလေးကိုပဲ နှစ်သိမ့်ပေးဖို့ ဆိုလိုက်ပါတယ်။ သီချင်းတွေကို ဆက်လုပ်သွားမှာ ဖြစ်ပြီး သူတို့ အချစ်ရေးကြောင့် သူ့ကို ချစ်နေကြတဲ့ သူတွေအတွက်တော့ စိတ်မကောင်းပါဘူး လို့ သူက ဆိုပါတယ်။




မကြာခင်မှာလည်း သူ့ရဲ့ သီချင်းအသစ်တစ်ပုဒ် ဖြစ်တဲ့ ခလုတ် ဆိုတဲ့ သီချင်းကို ဖြန့်ဝေသွားမယ်လို့ သိရပါတယ်။ သူ့ သီချင်းတွေကိုလည်း ဆက်ပြီး အားပေးပါဦးလို့ ရွှေထူးက တောင်းဆိုလိုက်ပါတယ်။ သူ့ရဲ့ ချစ်သူကောင်မလေးကတော့ သူမရဲ့ လူမှုကွန်ယက် အကောင့်မှာတော့… ဒါဒါ့ရဲ့ဂုဏ်သိက္ခာကို ဘယ်သူမှ စော်ကားတဲ့ စကားလုံးတွေ မပြောသ၍ ဒါဒါဘာမှ ရှင်းမှာမဟုတ်ဘူး..။ Hey dude, let’s be honest when the time comes. ဆိုပြီး ရေးသားထားပါတယ်။



အရမ်းကို ချစ်ခဲ့ကြတဲ့ သူတို့ နှစ်ဦးရဲ့ တစ်ယောက်နဲ့တစ်ယောက်က အဆင်မပြေတော့တာကြောင့် လမ်းခွဲလိုက်ရတဲ့ သတင်းကတော့ တကယ်ကို စိတ်မကောင်းစရာပါပဲ လို့ ပြောချင်ပါတယ် ပရိသတ်ကြီးရေ။


source : shwe htoo
Love

No comments

Powered by Blogger.