Header Ads

ထိုကောင်မလေးမျိုး


အဲ့ဒီ့ ကောင်မလေးပေါ့  လှလား, လှလား ကြည့်ကြည့် နေတာ ။ လုံးဝ မလှ  ။လှတဲ့ နေရာ တစ်စက်မှ မတွေ့ ။

ဒါပေမဲ့လေ  မလှဘဲ ချစ်ဖို့ကောင်းနေတာက သူ့ကို ချစ်ဖို့သင့်နေတာမျိုး ဆိုတော့ ခက်ပြီ။ မလှပဲနှင့်  တစ်မျိုးလေး ဆွဲ ဆောင်မှု ရှိနေတာက တော်တေိာ ဆိုးတယ် ။

ခဏလေး သူ့ကို  ဖျတ်ခနဲ ကြည့်လိုက်ရင် လှတယ်လို့ မမြင်နိုင် ။ တစ်ဖြည်းဖြည်းချင်း  တစ်စိမ့်စိမ့် ကြည့်မှ တစ်ရစ်ရစ် ချစ်ဖို့ ကောင်းလာတတ်မျိုး ဆိုတာ အသေအချာပေါ့။

ခန္ဓာကိုယ် အချိုး အစားက လည်း အဲ့လောက်ကြီး ဆွဲဆောင်မှု ရှိနေတာလည်း မဟုတ် ။ ဒါပေမဲ့  သူ့ရဲ့ နေပုံထိုင် ပုံ ၊ပြောပုံဆိုပုံလေးတွေက ဆွဲဆောင်မှု ဖြစ်ပြီး  ချစ်ဖို့ကောင်းနေတတ်တာ။

သူ ဒေါသ ထွက်ပြီ ဆိုရင်   သူ့ စိတ်ကို သိပ်ဖမ်းရ ခက်တာမျိုးဗျ ။ တစ်ခါ တစ်ခါ  ဘု ကျကျ တွေ ပြောလိမ့်မယ်။ တစ်ခါ တစ်ခါ  ဘယ်သူ့ မှ စကားမပြောပဲ တစ်ယောက်ထဲ နေ,နေတတ်တယ် ။ သူ  ဝမ်းနည်းနေတတ်တဲ့  အချိန် ဆိုရင်တော့ သိပ်ကို  သနားဖို့ ကောင်းတာ။ မျက်ရည်လေး တွေဝဲ ပြီး  သူ တစ်ယောက်ထဲ ငိုနေတတ်တယ်။ (အဲ့ ဒီ့ အချိန် ကျရင်လည်း  သနားချစ်  ချစ်ရပြန်ရော )

သူ ပျော်နေတဲ့  အချိန်ဆိုလည်း   သိပ်ချစ်ဖို့ ကောင်းချက် ။ အမြဲတမ်း သူ့ ပါးချိုင့်လေးနဲ့ သူသွားတက်လေး ပေါ်အောင် ပြုံးပြုံးနေတတ်တယ် ။ အဲ့ဒီ့ လက်နက် နှစ်ခုကလည်း သူ့ ကိုပိုပြီး ချစ်စရာလေး ဖြစ်နေအောင်  ပံ့ပိုးပေးနေပြန်ရော။

သူက  အစားအသောက်လေးလည်း သောင်းကြမ်းတယ်။ နှုတ်ခမ်းလေး ကိုက်ပြီး မျက်စောင်းလေးထိုးတဲ့ ပညာရပ်လည်း  တစ်ဖက်ကမ်းခတ် ကျွမ်းတယ် ။

သူ့ ကို  ငေါက်မိတဲ့ အချိန်တွေဆို သူက  မျက်ရည်လေးတွေ ဝဲဝဲ လာတတ်တယ်။ ပြန်ချော့ရင်  ပိုငိုတယ် ။ ပြီးရင်  တစ်အားကိုက်တယ်။

သူက မချောဘူး ။ မလှဘူး။ ဒါပေမဲ့  ချစ်ဖို့ သိပ်ကောင်းတယ် ။ သူ့ အမူအကျင့်လေးတွေကို က  သူ့ကို ချစ်ဖို့ ကောင်းနေစေတာ။

သူကလေ  တစ်ခါတစ်ခါ ကျ  ကလေးလေး တစ်ယောက်လို ချစ်ဖို့ ကောင်းနေတတ်ပြန်တယ်။ တစ်ခါတစ်ခါ ကျ လူကြီးဆန်ပြီး တည်ငြိမ်သလို ဖြစ်ဖြစ် သွားတတ်ပြန်ရော။

သူ့ရဲ့ အားနည်းချက်က  ဘာဝတ်ဝတ် ကြည့်ကောင်းနေတတ်တာ ။ freestyle နဲ့ လည်း  လိုက်တယ်။ မြန်မာ ဝတ်စုံနဲ့ လည်း  ယဉ်တယ် ။

အို . .   သူက  လုံးဝ  မလှဘူး။ ဒါပေမဲ့  သိပ်ကို ချစ်ဖို့ကောင်းတယ်။

လှပ ခြင်း ဆိုတာ  အနိစ္စ မမြဲတတ်သော  သဘောရှိတယ်။ အသက်ကြီးလာတာနဲ့ အမျှ  တဖြည်းဖြည်း အိုစာသွားမှာ ။ ကြာလာတော့ ရိုးသွားမှာ ။

ချစ်စရာ ကောင်း နေတာကသာ တစ်သက်လုံး  မရိုးဘူး။  တစ်နေ့ထက် တစ်နေ့ပို တိုးပြီး တိုးပြီး ချစ်နေရမှာ ။

မလှပဲ  ချစ်ဖို့ကောင်းပေးနေလို့ ကျေးဇူးပါ။ နောက်လည်း ပိုပိုတိုးပြီး ချစ်နေရမှာမို့ ကြို ပြီး ကျေးဇူးတင်ထားပါရစေ ။

®ခဲတံ®

No comments

Powered by Blogger.