Header Ads

ယောက်ျားရပြီးမှ မိန်းခလေးတွေ ဘာ့လို့ အရင်ကလို မလှတော့တာလဲ


အိမ်ထောင်ရေး တခုမှာ အများစု ကြုံတွေ့နေ ရတဲ့ ပြဿနာ ကတော့
မိန်းခလေးတွေက အိမ်ထောင်ကျပြီးတဲ့ အခါ
နှစ်အချိန် ကြာလာတဲ့ အခါ အရင်လို လှပမှုတွေ မရှိတော့ပါဘူး ။

တကယ်တမ်းတော့ သူတို့တွေဟာက အပျိုစင် ဘဝမှာ ပြင်ပြင် ဆင်ဆင်နဲ့
ယောက်ျားလေး တယောက်ကို စွဲဆောင် နိုင်တဲ့ အလှမျိုး ပိုင်ဆိုင်ထား ပေမဲ့
အိမ်ထောင် ကျလာတဲ့ အခါမျိုးမှာ အိမ်မှု ကိစ္စက တစ်ဖက်
ကလေးရလာတဲ့ အခါ ကလေးက တဖက်နဲ့ စိတ်ပန်း လူပန်း ဖြစ်ပြီး
အလှအပတွေနဲ့ ပတ်သတ်ရင်လဲ ပြင်ဆင်မှု မရှိတော့ ပါဘူး ။

အဲ့ဒီအခါ မျိုးမှာ သူတို့ အမျိုးသားတွေရဲ့ အမြင်က
ကိုယ့်ရဲ့ ဇနီးဟာ အရင်ကလို မလှတော့ဘူး
ဟိုး အရင်က လို ဆွဲဆောင်မှု မရှိတော့ဘူး လို့ ထင်ပြီး
စိတ်ကုန်လာတတ် ပါတယ် ။

ဒါပေမဲ့ ကိုယ့်ကို တကယ် ဂရုစိုက်ပေးတဲ့ ခင်ပွန်းမျိုးကို
မိန်းကလေး အများစုက ဆုံးရှုံးမှာ စိုးရိမ်မိကြ ပါတယ် ။

ဒါကြောင့် ယောက်ျားလေးတွေ အနေနဲ့
ကိုယ့်ရဲ့ ဇနီးမယားကို အမြဲ ဂရုစိုက်ပေးပါ ။
အဲ့ဒီအခါ ဇနီးမယား ကလည်း ကိုယ့်ကို စိတ် မကုန်လာအောင်
တစ်နည်းနည်းနဲ့ စွဲဆောင်ထား ပါလိမ့်မယ်။

Lifestylemyanmar

No comments

Powered by Blogger.