Header Ads

ကောင်လေးတွေ ဒဲ့ကြွေပီး သဘောကျတတ်တဲ့ ချစ်သူမိန်းကလေးရဲ့ အပြုအမူလေးတွေ


★ ★ ★ ★ ★ ★ ★

မိန်းကလေးထက်စာရင် ယောက်ျားလေးတွေက သူတို့ရဲ့ အချစ်တွေကို အကုန်လှစ်ဟ မပြတတ်ပါဘူး ။ ဒါကိုပဲ မိန်းကလေးတွေက ထင်သလောက် မချစ်ပါဘူးလို့ မြင်တတ်ကြပါတယ် ။ တကယ်တော့ ကောင်လေးတွေဟာ သူ့ကောင်မလေးရဲ့ ဒီလို အပြုအမူလေးတွေကို သိပ်ချစ်တတ်ကြပါတယ်။

1) ဂရုစိုက်တာ

မိန်းကလေးတွေပဲ ဂရုစိုက်တာကို လိုချင်တာ မဟုတ်ပါဘူး ။ယောက်ျားလေးတွေကလည်း ချစ်သူ ကောင်မလေးရဲ့ ဂရုစိုက်မှု လေးတွေကို လိုချင်ကြပါတယ် ။ သူတို့ကို ကလေးလေး တစ်ယောက်လို ဂရုတစိုက် ရှိနေပေးရင် ကျေနပ်နေတဲ့ မျက်နှာကြီးတွေကို မြင်တွေ့ရပါလိမ့်မယ် 😀

2) ချစ်တယ် ဆိုတာကို ပြသတတ်တာ

သင်ဟာ သူနဲ့ပတ်သတ်ပြီး သင့်ရဲ့ခံစားချက်တွေ ၊ အချစ်တွေကို ဖော်ပြတာမျိုးကို သူတို့ သိပ်နှစ်သက်ပါတယ် ။သူတို့ကသာ အရမ်းချစ်တာကို မဖော်ပြရင်သာ နေမယ် ၊သင်က သူ့ကို ဘယ်လောက်ချစ်ကြောင်း ပြောတာကိုတော့ အရမ်း သဘောကျကြပါတယ်။

3) သူ့မျက်နှာ မြင်တာနဲ့ ပြုံးနေတာ

ဘယ် ကောင်လေးမဆို ကောင်မလေးတွေရဲ့ အပြုံးကိုသာ မြင်ချင်ကြတာပါ ။ သူတို့ ကောင်မလေးက သူတို့ကို မြင်တိုင်း ပြုံးနေတတ်တာဟာ သူတို့အတွက် ကျေနပ်စရာပါ ။ အထူးသဖြင့် အလုပ်တွေ ပင်ပန်းတိုင်း ၊စိတ်ဖိစီးမှုတွေ ကြုံတိုင်း ကောင်မလေးရဲ့ အပြုံးကို မြင်လိုက်တာနဲ့ တဝက် အမောပြေ သွားတတ်တယ် ။ ဒါ့ကြောင့် ကောင်လေးကို မြင်တာနဲ့ နှုတ်ခမ်းကြီးတွေ တစ်တောင်လောက် ထော်မထားကြပါနဲ့ ။ ပြံုးးပြုံးလေးသာ နေပေးပါ။

4) ချစ်ခင်မြတ်နိုးစွာ ကြည့်တတ်တာ

သင့်ကောင်လေးက မြတ်မြတ်နိုးနိုး အကြည့်ကို ကြုံတဲ့အခါ ကျေနပ် ပျော်ရွှင်မိလား ။အဲ့ဒီလို ပါပဲ..။ ကောင်လေးတွေ အနေနဲ့လည်း သူတို့ချစ်သူ မိန်းကလေးရဲ့ အမြတ်တနိုးနဲ့ သူတို့ကို ကြည့်နေတတ်တာကို သဘောကျကြပါတယ် ။စိတ်ထဲမှာလည်း အရမ်းကို ဂုဏ်ယူနေ တတ်ကြပါတယ်။

5) သူ့ မိသားစုဝင်တွေကို ချစ်ခင်လေးစားတာ

ဒါကတော့ ယောက်ျားလေးတွေ စိတ်ထဲမှာ အလိုချင်ဆုံးပါပဲ ။ သူ့မိသားစုဝင် အပေါ်မှာ ချစ်ခင်လေးစားမှု ရှိတဲ့ မိန်းကလေးကို သူတို့ဘဝ လက်တွဲဖော်အဖြစ် သတ်မှတ်တတ် ကြပါတယ်။

6) သူ့ဆံပင် လေးတွေကို ကစားတာ

တခါတလေ ဘာမဟုတ်တဲ့ အပြုအမူလေးတွေက သူ့ကို ပြုံးပျော်သွားစေ နိုင်ပါတယ် ။ သူ့ခေါင်းလေးထဲကို လက်လေးတွေ ထိုးပြီး ကစားတာ ၊ သူ့ ဆံပင်လေးတွေကို ဖွဖွလေးကိုင်တာ မျိုးတွေပေါ့။

7) သူ့ကြောင့် ရှက်သွားတဲ့ အမူအရာ

ကောင်လေးတွေဟာ သူတို့ မိန်းကလေးက သူတို့ကြောင့် ရှက်သွေးဖြာသွားတဲ့ အမူအရာလေးတွေကို သဘောကျ တတ်ပါတယ်။ ။ မျက်နှာလေး ရဲသွားတာ ၊ မခို့တရို့လေး ဖြစ်သွားတာကို သိပ်အသည်းယားပြီး ချစ်တတ်ကြပါတယ် တဲ့ ။ ဒါပေမဲ့ အမှန်တကယ် ရှက်သွားတာမျိုးကို ပြောတာပါ ။ “လုပ်ရှက်” တွေကို မဆိုလိုပါဘူး။

8) သူ့အတွက် ချက်ပြုတ်ပေးတာ

ယောက်ျားလေးတွေ မျှော်လင့်မိတဲ့ အထဲမှာ သူ့ကောင်မလေးက သူ့အတွက် အရသာရှိတာလေးတွေကို ချက်ပြုတ်ပြင်ဆင်ပေးတာမျိုးလည်း ပါပါတယ် ။အစားအသောက်က သူတို့ အကြိုက်ပါပဲ ။ လူကြီးတွေ ပြောတာလည်း ကြားဖူးမှာပေါ့ ။ ထမင်းဟင်း ချက်ကောင်းတဲ့ အမျိုးသမီးကို ယောက်ျားတွေ မပစ်နိုင်ဘူးတဲ့။

9) အကျင့်ဆိုး၊ အပြုအမူဆိုးတွေကို နားလည်ပေးတာ

လူဆိုတာ ဒေါသထွက်တဲ့အခါ စိတ်မကြည်လင်တဲ့ အခါမျိုးတွေမှာ အမှားလုပ်မိ တတ်ပါတယ် ။ သင့်ချစ်သူလည်း ဒီလိုပါပဲ ။ အဲ့လို အချိန်မှာ ပြုမူမိတဲ့ အပြုအမူတွေ ၊ အပြောအဆိုတွေကို ထပ်ခါထပ်ခါ ပြဿနာ မရှာဘဲ မေ့ပစ်ပြီး နားလည်မှုပေးတာကို လိုချင်ကြပါတယ် ။ သူတို့အနေနဲ့ အဲ့လို နားလည်မှု ပေးလာတဲ့ အခါမျိုးကို တန်ဖိုးထားပြီး နောင်မဖြစ်အောင် ဆင်ခြင်နိုင်သွားပါတယ်။

10) နေ့တိုင်း ချစ်စကားတွေ ပြောပေးတာ

နေ့စဉ် ဖုန်းနဲ့ဖြစ်စေ၊ စာပို့ပြီး ဖြစ်စေ ချစ်စကားတွေ ပြောပေးတာကိုလည်း သူတို့အနေနဲ့ အထူး သဘောကျ ပါတယ်တဲ့ ။ မှတ်ထားကြနော်..

CHAN (ရွှေအင်းလေး)

No comments

Powered by Blogger.