အိမ်မပိုင်တဲ့ မိန်းခလေးကို ချစ်သူအဖြစ် ရွေးမယ်ဆိုရင်..
အိမ်မပိုင်တဲ့ မိန်းကလေးကို ချစ်သူရွေးမယ် ဆိုရင် မင်း ဒါလေးခနလောက် နားထောင်ကြည့်ပါအုံး..."
ချစ်သူဖြစ်ပီး 1 လလောက်က အရမ်းကို အေးတိ အေးဆက် နိုင်လွန်းတဲ့ ဂျိုသားမလေးတွေပေါ့။ အဲ့ ဒဏ်လေးကို မင်းခံနိုင်ပီလား.."
တိုင်ပင်ရိုက်နေရင်းနဲ့ အဖေ သို့မဟုတ် အမေခေါ်လို့ နှုတ်မဆက်ပဲ လိုင်းပေါ်က ဆင်းသွာရင် မင်းစိတ်ထဲ ပေါက်ကွဲသံစဉ်တွေ ထွက်လာမှာ အသေချာပဲ။ အဲ့ဒါလေးရော သည်းခံနိုင်ပီလား.."
အရမ်း လွမ်းလို့ ကိုက ဖုန်းခေါ်ရင်တောင် အဖေ အမေရှိလို့ မကိုင်ရဲတဲ့ အခိုက်တန့် အိမ်မပိုင်တဲ့ ဂျိုသားမလေးတိုင်းမှာ ရှိတယ်။ အေး ဖုန်းပြောရပီ ဆိုလဲ မဟုတ်တာ လုပ်ထားသလို ခိုးပြောရတာ မင်းချစ်နိုင်တာ သေချာတယ်ပေါ့.."
သူများ အတွဲတွေ လူသိရှင်ကြား Ani တွေလုပ်လို့ ကိုတွေလုပ်ရမယ် ထင်နေလား.. အကောင့်ထဲ အမျိုးတွေရှိလို့ ဆိုတဲ့ အကြောင်းပြချက်ကြီးကို မင်းစိတ်ရှည်ရှည်နဲ့ သီးခံနိုင်ပီလား..."
တခါလောက် တွေ့ဖို့ကို ပြောလိုက်ရတာအကြိမ်ပေါင်း မနည်း တွေ့ရမှာပေါ့.. တလ တခါလောက်..
အေး သူတို့ကို စိတ်တိုစိတ်ကောက်အောင် မလုပ်မိစေနဲ့။လိုင်းပိတ်ပီး အိပ်နေရင် ၊ စကားက မဆုးံသေးဘူး ဘာမပြော ညာမပြောဆင်းသွားရင် ကို့မှာ ထိုင်ရမလို ထရမလိုနဲ့ ဖင်ကိုမငြိမ်ဘူး။ စိတ်မပြတ်မှာ သေချာတယ်ပေါ့..."
တခါတလေ ဘလော့ထားရင် ကိုမှာ အရူးကြီးတယောက်ကို ဖြစ်လို့ ဖုန်းဆက်ရင် ကိုင်မယ် ထင်နေလား.. လက်သာ ညောင်းသွားမယ် နောက်ဆုးံ စက်ပါ ပိတ်ပစ်မဲ့ ကောက်တေးမလေးတွေ....
အိမ်မပိုင်တဲ့ သူလေးတွေ သို့မဟုတ် အဖေမေရဲ့ ရတနာ ခဲလေးတွေပေါ့.. မင်းပိုင်ဆိုင်ထားရင် တန်ဖိုးထားပါ။ မင်းကို အကြောင်းပြချက်မရှိပဲ ထားသွားမှာတော့ မဟုတ်ဘူး။ အိမ်ကိုတောင် ဆန့်ကျင်ပီး မင်းကို ချစ်နေသေးတာ ...."
မင်းဘက်ကသာ နားလည်မှု ရှိရင် သို့မဟုတ်/ အကောင်းဖက်က ကျေနပ်စွာ တွေးရင် မင်းတို့နှစ်ယောက်ရဲ့ ဘဝလေးက သာယာမှာပါကွာ...."
credit မူရင်း
Post a Comment