Header Ads

" ကိုကို " ဆိုတာ


အံမယ် ယူတို့က ဘယ်လိုတွေဖြစ်မှ ' မမ ' ဆိုလို့
အိုင်တို့ သတ်မှတ်တဲ့ ' ကိုကို ' ဆိုတာလေးလည်း ပြောလိုက် ပါဦးမယ် ။

ကိုကို ဆိုရင် ...

• အသက်က အနည်းဆုံး ၂၇ / ၂၈ / ၃၀ တန်း ဖြစ်ရမယ် ။

• အရပ်က အနည်းဆုံး ၅ ပေ ၁၀ ၊ ကိုယ်လုံး တောင့် တောင့်နဲ့ ။ ( ဂျပိန်တွေ မပါဘူး )

• ဆံပင် အနက်ရောင် ကိုမှ သပ်သပ် ရပ်ရပ် ညှပ်ထားတာမျိုး ။ ( အပေါစား ဆေးတွေ ဆိုးမထား ၊ အီမိုလိုလို ဘာလိုလို ညာလိုလို လူမလေး ခွေးမခန့် မဖြစ်ရဘူး ။ )

• Shirt နဲ့ Style pants ကို သပ်သပ် ရပ်ရပ် ဝတ်တတ်ပြီး ၊
  တီရှပ်နဲ့ ဘောင်းဘီတို ဝတ်ရင်တောင် ကလေး ကလား ဖြစ်မနေဘူး။
  ပုဆိုးလေးနဲ့ ကော်လံ ကတုံးလေးနဲ့ များ ဝတ်ရင် ကြွေဆင်း နေရမယ် ။

• စကားပြောရင် ချွဲ့နွဲ့တာ မပါပဲ လေသံက အစ ပြတ်သား တည်ကြည်နေ ရမယ် ။

• အများကြီး ဆူစရာ မလို ကိုကို မကြိုက်ဘူးနော် ဆိုတာနဲ့ အရာ အားလုံး အငြိမ်း ။

• ကိုကို့ စကားဆို မြေဝယ် မကျ နားထောင်ချင် စရာ ဖြစ်နေရမယ် ။

• အလုပ်အကိုင် အတည်တကျ နဲ့ ကိုကို့ရင်ခွင် ဆိုတာ ပြေးခိုချင်စရာ ကောင်းနေရမယ် ။

• တည်ကြည်မှု၊ ခန့်ငြားမှု၊ ပြတ်သားမှု တွေနဲ့
  ကိုကို့ ကမ္ဘာ ဆိုတာ လွှမ်းမိုးနိုင်စွမ်း အပြည့် ။

• ကိုကိုနဲ့ ဆိုရင် လောကဓံ ဆိုတာ ကိုကို့ နှုတ်ခမ်းတွေလောက် ရင်ခုန်နေစရာ မလိုဘူး ။

• ကိုကို့ မျက်နှာ တစ်ကမ္ဘာနဲ့ အန္တရာယ် မှန်သမျှ ကိုကို့ မျက်တောင် လေးတွေအောက် ဝင်ပုန်းရုံနဲ့ လုံလောက်တယ် ။

• ကိုကို့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်ရင် မနေတတ် မထိုင်တတ်
ရှက်ရတဲ့ တာဝန် တစ်ခုနဲ့တင် ရူးလို့ ရတယ်။

တကယ်တော့ ' ကိုကို ' ဆိုတာ . .
ဥာဏ်ပညာ၊ အတွေ့အကြုံ၊ အနေအထိုင်၊ အလုပ်အကိုင် ဘာဆိုဘာမှ လိုအပ်ချက် ဆိုတာ မရှိတဲ့
အချိန်မရွေး ပြေးဝင်လို့ ရတဲ့ ရင်ခွင် ပိုင်ရှင်တွေကို ခေါ်တာ ။

" ကိုကို " ဆိုတာ အဲ့ဒါပဲ

ကိုကို့ရဲ့ အချစ်တွေနဲ့ အေးချမ်းနေတဲ့ အမြာလေး 😌😌
Credit : Amayar thein than

No comments

Powered by Blogger.