မိန်းကလေးတိုင်း သိထားသင့်တဲ့ ယောက်ျားတို့ မာယာ
သေချာဖတ်ကြည့်ပြီး မှတ်သား ထားပါ 👇👇👇
Propose လုပ်နေဆဲ ကာလမှာ ………
~ သေမလို ရှင်မလို Feel ပြတယ်
ရင် မခုန်ဘူး
ဒါပေမယ့်
ရည်းစား ရချင်ဇောနဲ့
~ ဟတ်ဟတ်ထိုး
ကြွေချင်ယောင် ဆောင်ပြတယ်
~ စိတ်မပါဘဲ နဲ့လည်း
အသည်း အသန် ဂရုစိုက် ပြတယ်
~ လိုချင်တဲ့ Target မရောက် မချင်း
အမိန့်တွေ နာခံဖို့ ဝန်မလေးဘူး
~ လိုအပ်ရင်
မျက်နှာ ရှစ်ခေါက်ချိုး ဇီးရွက်လောက် လုပ်ပြမယ်
~ တစ်ဖက်က
သနားစိတ် ဝင်သွားအောင်
မျက်နှာလေး ညှိုးပြမယ်
~ ဖုန်းဆက်ချိန် စာပို့ချိန်
တိကျတယ် Right time ဘဲ
~ Reply မြန်ချက်
စက္ကန့်ပိုင်း အတွင်း
အရေးတယူ ပြန်တယ်
~ ဘာလုပ်နေလဲ
ယောင်ပြီး လာမမေးနဲ့
သတိရလို့
Photo လေး ထိုင်ကြည့်နေတယ် ဆိုတာ ချည်းပဲ
~ တစ်ရက်လောက် မတွေ့ရ ရင်ကို
ကမ္ဘာပဲ ပျက်တော့ မလိုနဲ့
Overtine တွေ
အရည် ကျဲကျဲ ဖျော်ပြရတာ အမော
~ ပိန်သွားတယ်နော် သွား မပြောနဲ့
ဟုတ်တယ် ညည လွမ်းလို့ အိပ်မပျော်တာ …
{ ဒါဘဲ ရမယ် }
~ ဝ လာတယ် ပြောကြည့်ဦး မလား
အင်း ချစ်နဲ့ ဆုံရလို့ စိတ်တွေ ချမ်းသာ နေတာလေ …
{ သေသွားမယ် }
~ နဖူးလေး အားယားလို့ သွားမစမ်း နဲ့
ချက်ချင်း ပျော့ကျပြီး
လူမမာ လုံးလုံး ဖြစ်သွားတာ…
{ အကယ်ဒမီရှော့ }
---- ဟော လာပါပြီ
Anni တွေ လွန်မြောက် ပြီးနောက် ……
~ သေသေ ရှင်ရှင် ပစ်ထားတယ်
~ အဖြေရတာ
မသိရင် တစ်ဘဝလုံး ပိုင်သွားတာ ကျနေတာဘဲ
~ ဆက်လက်၍
ကြိုးစားရန် မလိုအပ်တော့လို့
ထင်မှတ် သွားပြီလေ
~ ဂရုလည်း မစိုက်တော့ဘူး
သေရင်တောင် သိလိုက်မယ် မထင်
~ အဖြေ ရပြီးပြီ ဆိုတော့
စစ်တပ်က အာဏာ ပြန်သိမ်းပြီလေ
~ မျက်နှာက မြောက်ကိုရီးယား သမ္မတရုပ် လို တည်သွားပြီ
~ ဖုန်းဆက်ချိန် စာပို့ချိန် မျှော်မနေနဲ့ ရူးတောင် သွားဦးမယ်
~ Reply ကြာချက်
USA အာကာသ ခရီးစဉ်တောင် ပြန်ရောက်ပြီ
အင်း / ဟုတ် / စာတစ်လုံးထဲက
တော်တော်နဲ့ ရောက်မလာ သေး
~ ဘာလုပ်နေလဲ အရေးတယူ သွားမမေးနဲ့
ဘာလုပ်ရ မှာလဲ အားနေတယ် ထင်နေ လို့လား …
{ ကိုဒေါသ }
~ ပိန်သွားတယ် ဝလာတယ်
သွားမပြောနဲ့ မကြိုက်ဘူး
သစ်ရွက် လှုပ်တာနဲ့
စိတ်က တိုနေတတ်တဲ့ အချိန် ဖြစ်သွားပြီလေ …
{ ဦးစိတ်တို }
~ ဒါကြောင့်
တချို့ ယောက်ျားလေးတွေက
ရည်းစား မဖြစ်သေးခင် မှာတော့
မာယာလေးတွေ သုံးတတ်ကြ ပါတယ်နော်
~ အဖြေ ရပြီးရင်တော့
အမှန်တရားလေးတွေ မြင်ရစေ့မယ်
စိတ်သာချနေပေတော့ ညမလေး တို့ရေ ။
😂😂😂😂😂😷😷
boy အားလုံးကိုမဆိုလိုပါ 💁
Credit : Original Writer

Post a Comment