အကောက်ဋီကာ ... ခေးတို့အထာ 😁
၁ ။ မာကောက် ...
မာကောက် ဆိုတာက ဘာလဲ ဆိုတော့
သူတို့က စိတ်ကောက်ပြီ ဆိုတာနဲ့
တစ်ကိုယ်လုံးက မာမာ တောင့်တောင့်ကြီး ဖြစ်သွားတာ
ခင်ဗျား အဲ့အချိန် သူ့လက်ကို သွားဆွဲကြည့် မရဘူး
တင်းထားတာနော်
မာမာ တောင့်တောင့်ကြီး လုပ်ထားတာ
သူ့ ပုခုံးလေးကို ခင်ဗျားဘက် ယိမ်းအောင်
အသာဆွဲပြီး တွန်းကြည့် မရဘူး တောင့်ထားတာ
အဲ့ဒီလို စိတ်ကောက်ပြီ ဆိုတာနဲ့
တစ်ကိုယ်လုံးကို မာတောင့် ထားတတ်တဲ့
ကောင်မလေးတွေ ကို မာကောက် ...
၂။ ဖြတ်ကောက်...
ဖြတ်ကောက် ဆိုတာက ဘာလဲ ဆိုတော့
သူတို့က စိတ်ကောက်ပြီ ဆိုတာနဲ့
ခင်ဗျားနဲ့ ရှိသမျှ အဆက်အသွယ် အကုန် ဖြတ်ပစ်တာ
Facebook မှာ ဘော့မယ်
Viber, Phone ရှိသမျှ အားလုံး ဘော့မယ်ဗျာ
ခင်ဗျားကိုတော့ တိုးတိုးလေး စောင့်ကြည့်ချင်
စောင့်ကြည့်နေမှာ ပေါ့လေ
အဲ့ဒီလို စိတ်ကောက်တာ နဲ့ ရှိသမျှ အဆက်အသွယ်
အကုန် ဖြတ်ပြီး ကောက်တတ်တဲ့
ကောင်မလေးတွေကို ဖြတ်ကောက် ...
၃။ ငတ်ကောက် ...
ငတ်ကောက် ဆိုတာက ဘာလဲ ဆိုတော့
အစာငတ်ခံ ဆန္ဒပြသလို ပေါ့
သူတို့ကလည်း ကိုယ့်ချစ်သူကို
အစာ ငတ်ခံပြီး စိတ်ကောက်တာ
ဘာကျွေးကျွေး လုံးဝ မစားဘူး
ရေလည်း မသောက်ဘူး သေးလည်း မပေါက်ဘူး
ခင်ဗျား ကွယ်ရာတော့ တီးချင် တီးမယ်
ဒါပေမဲ့ ခင်ဗျားရှေ့တော့ ဘာမှ မစားဘူး
အဲ့လို ဘာမှ မစား မသောက်ဘဲ
အငတ်ခံ ကောက်တတ်တဲ့
ကောင်မလေး တွေကို ငတ်ကောက် ...
၎။ ရွဲ့ကောက် ...
ရွဲ့ကောက် ဆိုတာက ဘာလဲ ဆိုတော့
ခင်ဗျားကို စိတ်ကောက်ပြီ ဆိုတာနဲ့ ရွဲ့ပြတာပေါ့
အဲ့အချိန် ခင်ဗျား မကြိုက်တာ အကုန် လုပ်မယ်
ခင်ဗျားက မသွားနဲ့ ဆို သွားမယ် မစားနဲ့ ဆို စားမယ်
ခင်ဗျား ကြည့်မရတဲ့ ကောင်တွေနဲ့
ရွဲ့ပြီး ဟေးလား ဝါးလား လုပ်ပြမယ်
အဲ့လို အချိန် ခင်ဗျားကို ဖုတ်လေ တဲ့ ငါးပိ
ရှိလေတယ် လို့တောင် မထင်ဘူး
သူ့ဟာသူ ပျော်ချင်ယောင် ဆောင်ပြီး
ရွဲ့ပြတတ်တဲ့ ကောင်မလေးတွေကို ရွဲ့ကောက် ...
၅။ ရစ်ကောက် ...
ရစ်ကောက် ဆိုတာက ဘာလဲ ဆိုတော့
သူတို့က စိတ်ကောက်ပြီ ဆိုတာနဲ့
ခင်ဗျားကို ရစ်တော့တာ
မသောက်ဘဲ နဲ့ကို ဘလိုင်းကြီး ရစ်တာနော်
ခင်ဗျားရဲ့ အတိတ်ကို တူးဆွပြီး ရစ်ရင် ရစ်
ခင်ဗျားဘေးက မိန်းကလေး သူငယ်ချင်း တွေနဲ့
ခင်ဗျားကို သမုတ်ပြီး ရစ်ရင် ရစ်နဲ့
ပြောပြီးသားတွေ ကိုပဲ ထပ် တလဲလဲ
ချေးခြောက် ရေနှူးပြီး ရစ်တာကို ရစ်ကောက် ...
၆။ ဆွံ့ကောက် ...
ဆွံ့ကောက် ဆိုတာက ဘာလဲ ဆိုတော့
သူတို့က စိတ်ကောက်ပြီ ဆိုတာနဲ့
ဆွံ့အ နားမကြားတွေ လိုပဲ
ခင်ဗျား ဘာပြောပြော ဘာဆိုဆို
ဘာမှကို ပြန်မပြောတော့တာ
ပါးစပ်ကြီးတွေ ပိတ်ပြီး
ပြန်လဲ မပြော နားလဲ မထောင်နဲ့
ဘာဆို ဘာမှ မပြောဘဲ လုပ်ချင်ရာ လုပ်တော့တဲ့
ကောင်မလေးတွေကို ဆွံ့ကောက် ...
၇။ ငိုကောက်...
ငိုကောက် ဆိုတာက ဘာလဲ ဆိုတော့
သူတို့က စိတ်ကောက်ပြီ ဆိုတာနဲ့
သနားကမား ရုပ်လေးတွေနဲ့ တန်း ငိုတော့တာ
ဘေးလူကများ မသိလို့ ကြည့်လိုက်ရင်
ခင်ဗျားကပဲ သူ့ကို ဟိုဒင်း ဟိုဟာ ကျူးလွန် မိလို့
သူ့မှာ ဒူးနဲ့ မျက်ရည် သုတ်နေရတာ လိုလို ဘာလိုလို
တအီးအီးနဲ့ အေးရင်ကြူး နေသလိုပဲ
ငိုလို့ကို မပြီးနိုင်တော့ဘူး
နှပ်ချေးတွေကို ထွက်လို့
အဲ့လို ငိုငိုပြပြီး စိတ်ကောက် တတ်တဲ့
ကောင်မလေးတွေကို ငိုကောက် ...
၈။ ကြမ်းကောက် ...
ကြမ်းကောက် ဆိုတာက ဘာလဲ ဆိုတော့
သူတို့က စိတ်ကောက်ပြီ ဆိုတာနဲ့
ဘီလူးဆိုင်း တီးသလိုပဲ ပတ်ကြမ်း တိုက်တော့တာ
အော်မယ် ဟစ်မယ် ထုမယ် ထောင်းမယ်
ရိုက်မယ် နှက်မယ် ဆဲမယ် ဆိုမယ်
တစ်ခါတစ်လေ ပတ်ဝန်းကျင်က
မဆီမဆိုင် ခွေးကိုပါ ပြေး ကန်ချင် ကန်တာ
အဲ့လိုအချိန် သူ့အနားမှာ ရှိတဲ့
သနပ်ခါးတုံး တို့ ငရုတ်ကျည်ပွေ့တို့
ဝေးဝေးသာ ရွေ့ထား ပြောရတာ မဟုတ်ဘူး
ကောက်ထုချင် ထုမှာလေ
အဲဒီလို ပတ်ကြမ်း တိုက်ပြီး စိတ်ကောက် တတ်တဲ့
ကောင်မလေးတွေကို ကြမ်းကောက် ...
၉။ လက်ကောက် ...
လက်ကောက် ဆိုတာက ဘာလဲ ဆိုတော့
သူတို့က စိတ်ကောက်ပြီ ဆိုတာနဲ့
ပြန်ချော့ချင်ရင် လက်ဆောင် ဝယ်ပေးမှ ရတာမျိုး
လက်ဆောင်လေး ဝယ်ပြီး ချော့မှ ပျော့တာမျိုးပေါ့
အ တယ်ပဲ ပြောရမလား အဲ့လို ကောင်မလေးတွေကို
ဒါပေမဲ့ တစ်ခုရှိတာက သမီးရည်းစား အချင်းချင်းက
ပြေလည်ရင်တောင် ပတ်ဝန်းကျင်က
အဲ့လို ကောင်မလေးကို ချူတယ် ပိုင်းတယ်လို့
အထင် ရောက်သွားနိုင်တာတော့ ရှိတာ ပေါ့လေ
အဲ့ဒီလို လက်ဆောင် ဝယ်ပေးပြီး ချော့မှ
အဆင်ပြေတဲ့ ကောင်မလေးတွေကို လက်ကောက် ...
၁ဝ။ ဖျားကောက် ...
ဖျားကောက် ဆိုတာက ဘာလဲ ဆိုတော့
သူတို့က စိတ်ကောက်ပြီ ဆိုတာနဲ့
ဖျားတော့တာ နေမကောင်း တန်း ဖြစ်တော့တာ
ဟိုနားက နာရတာနဲ့ ဒီနားက အောင့်ရတာနဲ့
ကိုက်ရတာနဲ့ ခဲရတာနဲ့
လူမမာရုပ်နဲ့ ပလာစတာလေး နားထင်မှာ ကပ်လို့
အဟွတ် အဟွတ်နဲ့ ဖြစ်တော့တာ
အဲ့ဒီလို စိတ်ကောက်ပြီ ဆိုတာနဲ့
ဖျားတတ်တဲ့ ကောင်မလေးတွေကို ဖျားကောက် ...
ကဲ အဲ့ဆယ်မျိုး အပြင် တခြား စတိုင်တွေနဲ့
ကောက်တတ်တဲ့ ကောင်မလေးတွေ ရှိသေးရင်တော့
ခင်ဗျားတို့ပဲ မီးချောင်း ထွန်းပြကြ ပါတော့ဗျာ
ကျနော်ကတော့ မနေ့က ကတိအတိုင်း
အသေးစိတ် ရှင်းပြလို့ ပြီးပါပြီ ...
💖💕👍💞
😁😁😁
Credit : Wai Phyo Maung

Post a Comment