ချစ်သူကောင်မလေးက သင့်အပေါ် သ၀န်တိုမှုတွေ မရှိတော့ရင်
သင့်ချစ်သူ ကောင်မလေးက
သင့်အပေါ် စိတ်ဖိစီးမှုတွေ မပေးတော့ရင်
သင့်အပေါ် သ၀န်တိုမှုတွေ မရှိတော့ရင်
သင့်ကို မေးခွန်းပေါင်း များစွာ မမေးတော့ရင်...
သင့်ရဲ့ ဖုန်းကို ခေါ်လဲမခေါ်
ခေါ်တော့လဲ မကိုင်
မက့်ဆေ့တွေလဲ မပို့တော့ရင်...
သင့်သူငယ်ချင်း မိန်းကလေးတွေနဲ့
ပတ်သက်တာတွေ ကိုလဲ မမေးတော့ရင်...
" ဘာမှ မဟုတ်ဘူး "
" စိတ်မဆိုးပါဘူး "
" ရပါတယ် "
" အဆင်ပြေမှာပါ "
စတဲ့ စိတ်ကောက်ရင် သုံးနေကျ
စကားလေးတွေ မသုံးတော့ရင်...
ဘာမဟုတ်တဲ့
ကိစ္စသေးသေးလေးတွေနဲ့
သင့်ကို ပြသနာ မရှာတော့ရင်
သင့်ကို စိတ်ပူတာတွေ မရှိတော့ရင်..
သင့်ဖုန်းကိုသူ ယူမကြည့် တော့ရင်...
သေသေချာချာ မှတ်ထားလိုက်တော့
သင်နဲ့ ပတ်သက်တဲ့
နောက်ဆုံး မျက်ရည်
သူမ ကျခဲ့ပြီးသွားပြီ
သူမ နာကျင်သွားခဲ့ပြီ
ပိုပြီး သေချာတာက
သူမ သင်ရဲ့ ဘ၀ထဲမှာ
အတူ ဆက်ရှိနေတော့မှာ မဟုတ်တော့ဘူး ဆိုတာပဲ ....
အိုအေစစ်လေး
Post a Comment