Header Ads

မိန်းခလေးတစ်ယောက်ရဲ့ စိတ်ကူးနဲ့အိပ်မက်


မိန်းမတယောက် တပ်မက်တာ ရုပ်လှတဲ့ အမျိုးသား တယောက် မဟုတ်ပါ။

ထာဝရ သစ္စာတရားကို ခိုင်မာစွာ ထားနိုင်မဲ့ ယောက်ျားမျိုးပါ။

မိန်းမတယောက် လိုလားတာ အပြော ချိုသာပြီး လက်တွေ့ကျ ပလိပလာနဲ့ မရေမရာ နိုင်တဲ့ အမျိုးသားတယောက် မဟုတ်ပါ ။

ကတိ တစ်လုံးကို တစ်သက်လုံး မပျက်ယွင်းအောင် စောင့်ထိန်းနိုင်မဲ့ ယောက်ျားမျိုးပါ ။

မိန်းမတယောက် လိုချင်တာ လက်ဖျား ငွေနားပြီးပစ္စည်း ဂုဏ်မောက် ၊ ပညာ မာန်နောက် ကောက်ကောက်ပါလျှက် လေလုံး ကြီးကြီးမားမားတွေနဲ့ ပစ်ပေါက်လို့ မြင်သူတကာ အပေါ် အထက်တန်း ဆန်ဆန် နေသလောက် စိတ်ဓာတ် အောက်တန်း အဆင့်လောက် ရှိတတ်တဲ့ အမျိုးသားထက်

ပညာအသိနဲ့ အမှားအမှန် အကောင်းအဆိုး အကြောင်း အကျိုး ဝေဖန် ထောက်ရှု စာနာစိတ်ထား ကြင်နာ သနား သည်းခံ အားများ လူသားတိုင်းပေါ် လူရယ်လို့ မြင်ပေးနိုင်သော ယောက်ျားမျိုးပါ။

အမြင့်ကို မျော်မှန်း လွန်းအားကြီးလို့ အမှားနဲ့ အခါခါ တွေ့နေရမှာထက် စာရင် မိမိ ရောက်ရှိတဲ့ နေရာနဲ့ ဖြစ်တည်လျှက် ဘဝကို ကျေကျေ နပ်နပ် လက်ခံ သုံးသပ်ပြီး တိုးတတ်အောင် ကြံဆောင် တတ်ဖို့ဘဲ လိုလိမ့်မယ် ။

မိန်းမတယောက် အလေးထားတာ အသိတရား မပါ သတိမထားလေသော အခါ ထင်ရာမြင်ရာ အယူစွဲ ဝါဒနဲ့ ဟောင်ဖွာ ဟောင်ဖွာ ရင်ထဲ မပါတဲ့ မိရိုးဖလာ ဘာသာတရားလောက် သိသူထက်

စွဲစွဲ ထင်ထင် နှလုံးဘဝင်မှာ ယုံကြည်စိတ်ထားနဲ့ သက်ဝင် ပူဇော်စိတ်ထားလို့ ဘာသာရေးကို အထိုက်အလျှောက်တော့ နားလည်တတ်သော ယောက်ျားမျိုးပါ။

မိန်းမတယောက် ရည်ရွယ်မိတာ အနားမှာအမြဲ မပြတ် သဲသဲ လှုပ် နှုတ်ဖျားကနေ ချစ်စကားမချ လေများတတ်တဲ့ အမျိုးသားထက် အရေးအကြောင်းနဲ့ ကြုံကြိုက်တဲ့အခါ အနားကနေ မားမားမတ်မတ်နဲ့ အားကိုး ထိုက်လောက်တဲ့ ယောက်ျားမျိုးပါ။

မိန်းမတယောက် သဘောကျတာ ကျိကျိတတ် ချမ်းသာပြီး ငွေဆိုတာ ဘယ်လို ဖြစ်တည်လာတယ် ဆိုတာ ထဲထဲ ဝင်ဝင် မသိဘဲ ရေပေါ်ဆီလို အမျိုးသားထက်

ငွေရဲ့တန်ဖိုး ကိုအသုံးနဲ့ အဖြုန်း ကွဲကွဲ ပြားပြားသိနား လည်ပြီး ငွေမသီးနိုင်သေးပေမဲ့ သူ့ဘဝရဲ့ အရည်အသွေးကို အရည်အချင်းနဲ့ မွမ်းမံပြီး ဘဝကို အဓိပ္ပါယ်ရှိရှိ အနာဂတ်ကိုတည်ဆောက် ယူတတ်တဲ့ ယောက်ျား မျိုးပါ။

ယခုခေတ်မှာ အလွန်ရှားပါးတယ် ဆိုတာကလည်း ငြင်းချက် ထုတ်စရာ မလိုလောက်အောင်ကို မှန်ကန်နေသလို ရှားပေမဲ့လည်း တချို့တချို့ အမျိုးကောင်းသား တွေထဲလည်း ရှိကောင်း ရှိနိုင်ပါလိမ့်မည် ။

နောက်တချက် ရည်ရွယ်ချက်က အမျိုးကောင်းသားသမီးတိုင်း ကျင့်သုံးနိုင် သလောက် စောင့်ထိန်း သင့်သလောက် အသိတရား ကိုယ်စီ ရှိသွားကြမယ် ဆိုရင်တော့ ဖြင့် လောကကြီးဟာ တနေ့တခြား ပို၍ ပို၍ လှပနိုင်ကြပါစေသား။

Pity

No comments

Powered by Blogger.