ချစ်သူကို ကြွေကျသွားစေမယ့်နည်းလမ်းများ
ချစ်သူကို အနားက ထွက်မသွားစေချင်ဘူး ဟုတ်တယ်ဟုတ်… ကိုယ်မှကိုယ် ကြွေကျ နေစေချင်တယ် ဟုတ်တယ်ဟုတ်…
Wifi free လွှင့်ပေးထားလိုက်လေ။ ( အကွက် မြင်တတ်တဲ့ ရည်းစားဆို 100% ကြွေတာ )
Junction city မှာ လိုချင်တာ ဝယ်ပေးလိုက်လေ။ ( အလိုက် သိတတ်တဲ့ ချစ်သူမျိုးဆို အသေအလဲ ကြွေတာ )
တစ်လတစ်ခါ Happy Trip တစ်ခုခု လိုက်ပို့ပေးလေ။ ( ပျော်အောင် ထားပေးတဲ့ ဖူးစာဖက်ဆို ပက်လက်ကြွေတာ )
အသစ် ထွက်သမျှ ရုပ်ရှင်ကား မလွတ်တမ်း လိုက်ပြလေ။ ( အဲ့လို တိကျတဲ့ Sweets Heart ဆို တစောင်းကြွေတာ)
နေ့ရက်တိုင်း မရိုးမထပ်တဲ့ Surprise လုပ်ပေးလေ။ ( Romance ဆန်တတ်တဲ့ အသဲတစ်ခြမ်းဆို မှောက်ရက် ကြွေတာ )
Lotteria & KFC ဆိုင်ထဲကကို မထွက်ခိုင်းနဲ့လေ။ ( ပြတ်သားတဲ့ လက်တွဲဖေါ်ဆို Double ကြွေတာ )
အားနေရင် ဟော့ပေါ့ ဆိုင်ထဲပဲ လက်ဆွဲ ခေါ်သွားလေ။ ( အရိပ်အကဲ နားလည်တဲ့ ကျောက်ကပ် တစ်စိတ်လေးဆို ဇောက်ထိုး ကြွေတာ )
သူမ အလှပြင်ပေးတဲ့အခါ ငြိမ်ငြိမ်လေး နေပေးလိုက်။ ( အနွံတာခံ ပြုသမျှနုပေးတဲ့ BAE ဆို ဒဲ့ကြွေတာ )
မကြာမကြာ ဖုန်းဘေလ် တစ်သောင်းကဒ် ထည့်ပေးလေ။ ( ပါးရည်နပ်ရည် ရှိတဲ့ အဆင်လေးတွေဆို ထိုင်ရက် ကြွေတာ)
စော်တွေ ဘဲတွေ အခေါ်အဝေါ် မသုံးနဲ့လေ။ ( ဒါငါ့ အချစ်ဆုံး / အသဲတစ်ခုလုံး… လို့ ချစ်စရာ ကောင်းအောင်ခေါ်တတ်တဲ့ Brand New လေးဆို မတ်တပ်ကို ကြွေတာ )
#s_m
Post a Comment