မိန်းကလေးတွေရဲ့စိတ်
========
'' ဘာဖြစ်နေတာလဲ ''
သူ့ မျက်နှာလေးက စူပုပ်ပုပ်ဖြစ်နေလို့ သူ့လက်ကလေးကို ဖွဖွလေး ကိုင်လျက် မေးကြည့်ရတယ် ။ သူ ဘာတွေ စိတ်ညစ်စရာ ရှိနေလို့လဲ မသိ။
'' မသိဘူး . . . ငိုပဲ ငိုချင်နေတာ ''
'' ဟင် . . . ဘာတွေ စိတ်ညစ်စရာ ရှိနေလို့လဲ ''
'' ဟင့်အင်း . . အလကားနေရင်းကို ငိုချင်နေတာ ''
'' အော် . . .ကလေးကလည်း . . . ''
သူ့ရဲ့ လက်ကလေးကို တင်းတင်းကျပ်ကျပ်လေး စုပ်ကိုင်ထားပြီး နှစ်သိမ့်ရတယ်။ သူ့ခဗျာ ၀မ်းနည်းနေတဲ့ အချိန်လည်း ငိုရတယ် ။ ဘာမှ မဖြစ်လာသေးတဲ့ ကိစ္စ ကို ထိုင်တွေးပြီး ငိုချင်ငိုတယ် ။ အခုဆို သူ့စိတ်ကို ကျွန်တော် တော်တော်လေး နားလည်ပေးနိုင်ခဲ့ပြီ ။
တစ်ခါတစ်လေ သူ တစ်ယောက်ထဲနဲ့ တစ်ကမ္ဘာ လုံး စကားများသလိုလို သူ ခံစားနေရတတ်တယ် ။ အဲ့ဒီအခါ ကျရင် ဒီအတိုင်း ဘယ်လို ပြဿ နာမှ မရှိပဲနဲ့ကို ဘယ်သူ့ကိုမှ စကားမပြောတော့ဘူး။ အခန်းထဲအောင်းပြီး အားငယ်နေသလိုလို ၊ ငိုချင်နေသလိုလို ၊ သူ့ကို ဘယ်သူမှ နားလည်မပေးနိုင်သလိုလို ဖြစ်နေတတ်တယ်။
ဒါ သူက ဖြစ်ချင်လို့ ဖြစ်နေတာ မဟုတ်ဘူး။ သူ့ စိတ်ကိုက အလိုမကျပဲ ဖြစ်နေတတ်တာ။ တစ်ခါတစ်ခါ ကျပြန်တော့လည်း သူ ဘာကို စိတ်တိုလို့ တိုနေမှန်း မသိ တိုနေတတ်တယ် ။ အဲ့ဒီ အချိန်မျိုး ဆိုရင် သူ ဘာပြောပြော ကျွန်တော် ကပဲ လက်ခံပေးရတယ် ။ သူ့ကို အလျော့ပေးရတယ် ။
အဲ့ဒီ အချိန်မှာ သူနဲ့ ဘုဂလန့် တွေ သွားပြောလို့ မဖြစ်ဘူး။ ဘာပြောပြော အကောင်းမြင်မှာလည်း မဟုတ်သလို ဒေါသတွေထွက် ၊ အပြစ်ပဲ မြင်နေမှာလေ။ ဒေါသတွေ ထွက်တယ် ။ သူ ဘာကို ထွက်လို့ ထွက်နေမှန်းမသိ ။ ကျွန်တော့် ကို စိတ်ကောက်တယ် ။ ဘာအတွက် ကြောင့် ကောက်နေမှန်းမသိ။
သူ့ ကို အရင်ကထက် အလေးပေး ဂရုစိုက်တာ ခံချင်ကြောင်းကို ကျွန်တော့်ကို ပြောပြလို့လျက်နဲ့ ကျွန်တော်နဲ့ ရန်ဖြစ်လိုက်သေးတာ ။ ပြောချင်တဲ့ ကိစ္စ တစ်ခု အတွက် ဘယ်တော့မှ ဒဲ့ မပြတတ် ။ သူ့မှာ အပေါ်ယံ မာကြောတယ် ထင်ရသလောက် သူ့ အတွင်းစိတ်လေးက သိပ်နူးညံ့တယ်။ ခံစား ထိရှလွယ်တယ် ။
ကျွန်တော် စိတ်ထဲမပါပဲ အမှုမဲ့ အမှတ်မဲ့ ပြောတဲ့ စကားလေး တစ်ခွန်းက သူ့ကို အရမ်း ဝမ်းနည်းသွားစေ တတ်ပြန်ရော ။ တစ်စိမ့်စိမ့် ကြည်နူးနေတတ်တဲ့ အချိန်ဆိုရင်လည်း သူမတူအောင် သဘောတွေ ကောင်းနေလိုက်တာများ။ ကိစ္စ သေးသေးလေး တစ်ခုကတောင် သူ့ကိုပျော်ရင် ပျော်နေစေတတ်တယ် ။
ရင့်ကျက်ချင်ယောင် သူ ကြိုးစားလေ့ ရှိပေမဲ့ အခုထိ သူ့ စိတ်လေးက အဖြူ ထည်သက်သက် ကလေးစိတ်လေးရယ် ။ တစ်ချို့ ယောကျာင်္းလေးတွေက ပြောကြတယ်။ မိန်းကလေးတွေ စိတ်က နားမလည်နိုင်ဘူးတဲ့ ။
သြော် . . . သူတို့ စိတ်ကိုတောင် သူတို့ နားမလည်နိုင်တာပါ ။ ဒါကို ကျွန်တော်တို့က သူတို့ကို ပိုပြီး ဂရုစိုက် နားလည်ပေးရမှာပေါ့။
®ခဲတံ®
Post a Comment