ပရိသတ်တွေ အသဲစွဲ တက်သစ်စ ဆယ်လီမိန်းကလေး (7) ယောက်
အနုပညာလောကမှာ တက်သစ်စ ဆယ်လီ အမျိုးသမီးလေးတွေ အများကြီး ပေါ်ထွက်လာခဲ့ပါတယ်။ အသစ်တစ်ယောက်အနေနဲ့ အမျိုးသား ပရိသတ်အများစု ၀န်းရံခံရဖို့ ဆိုတာ တော်ရုံစန်းနဲ့တော့ မရပါဘူး။
ဒီမိန်းမချောလေးတွေဟာ ပုရိသတွေရဲ့ အားပေးမှုကို ရရှိလာရုံမက မိန်းကလေး ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကိုပါ ရရှိလာကြ သူတွေပါ။ မိမိအကြိုက်နဲ့ ထပ်တူကျနေသေးလား ဆိုတာ ကြည့်လိုက်ပါအုံးနော်။
1) ပိုးမမှီသာ
စိုင်းစိုင်းခမ်းလှိုင် ဆိုထားတဲ့ သင်္ဂါရသီချင်းမှာ ပိုးမမှီသာကို ပရိသတ်တွေ စပြီး သိရှိခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံး စတင် သရုပ်ဆောင်ခဲ့တဲ့ အဲဒီ သီချင်းမှာပဲ ပိုးမမှီသာက ပရိသတ်တွေ အများကြီး ရရှိလိုက်ပါတယ်။ ပိုးမမှီသာဟာ ရန်ကုန် ဆေးတက္ကသိုလ် (၁) မှာ တက်နေတဲ့ ဆေးကျောင်းသူလေး တစ်ယောက် ဖြစ်ပါတယ်။
အေးချမ်းပီး လှပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ သူမဟာ အခုဆိုရင် ယောကျာ်းလေး ပရိသတ်တွေသာမက မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကိုပါ ရရှိနေသူ တစ်ဦး ဖြစ်ပါတယ်။ ပိုးမမှီသာဟာ ဖေ့စ်ဘွတ်အကောင့် ကိုလည်း Poe Mamhe Thar ဆိုတဲ့ နာမည်နဲ့ သုံးနေတာ ဖြစ်ပြီး Follower တစ်သိန်းကျော်ကို ပိုင်ဆိုင်ထားသူ လေးလည်း ဖြစ်ပါတယ်။
2) ယဉ်လက်
ယဉ်ယဉ်လေးနဲ့ ချစ်စရာဟန်လေးကို ပိုင်ဆိုင်ထားသူလေးက မိန်းကလေး သရုပ်ဆောင် ယဉ်လက်ပါ။ သရုပ်ဆောင်သစ် တစ်ဦး ဖြစ်ပေမယ့်လည်း သူမ ပါဝင်ထားတဲ့ ဇာတ်ကားတွေနဲ့ သူမ သရုပ်ဆောင်တဲ့ ကာရိုက်တာပိုင်းတွေဟာ ပရိသတ်တွေကြား အကြိုက်တွေ့စေ ခဲ့ပါတယ်။ ဖိုက်တင်အက်ရှင်ခန်းတွေနဲ့ နာမည်ကြီးခဲ့တဲ့ သူမက တိုက်ကွမ်ဒို ခါးပတ်နက် ရရှိထားသူလေး တစ်ယောက်လည်း ဖြစ်ပါတယ်။
သူမကို သရာစောထိ ရုပ်ရှင် ဇာတ်ကားကနေ ပရိသတ်တွေ ပိုသတိထားမိတာ ဖြစ်ပြီး ပြီးခဲ့တဲ့ လပိုင်းလောက်က ထုတ်လွှင့်ပြသခဲ့တဲ့ စစ်ကိုမုန်း၍တိုက်ခဲ့သည် ဇာတ်လမ်းမှာ “ ခင်လေး ” အမည်နဲ့ ထူးအောင် (ဦးကျော်) နဲ့ အတွဲညီညီ သရုပ်ဆောင်နိုင်တဲ့အတွက် ပရိသတ် အားပေးမှု ပိုမို ရရှိလာခဲ့ပါတယ်။ သူမဟာ Yin Let ဆိုတဲ့ ဖေ့စ်ဘွတ် အကောင့် ကိုပဲ အသုံးပြုပြီး သူမရဲ့ လှုပ်ရှားမှုလေးတွေကို ပရိသတ်တွေ အသိပေးနေသူ တစ်ဦး ဖြစ်ပါတယ်။
3) ယမင်းမေဦး
သရုပ်ဆောင် သစ်တစ်ယောက်ဖြစ်တဲ့ ယမင်းမေဦးဟာ အနုပညာ လောကမှာ နေရာတစ်နေရာ ရအောင် ကြိုးစားနေသူလေး ဖြစ်ပြီး အခုဆိုရင် ဇာတ်ကားတွေလည်း တော်တော်များများ ရိုက်ကူးလာရပါပြီ။ အသားဖြူဖြူ အရပ် ရှည်ရှည်လေးနဲ့ ချစ်စရာ သိပ်ကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ သူမဟာ ရခိုင် တိုင်းရင်းသူလေးပါ။
သရဲဆိုတာ ဂျိုနဲ့လား ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ စတင် ပါဝင်ခဲ့ပြီးတော့ အခုဆိုရင် ပရိသတ်တွေ တော်တော်များများက သိနေကြပါပြီ။ ဖေ့စ်ဘွက်မှာလည်း သူမရဲ့ လှုပ်ရှားမှု ပုံရိပ်လေးတွေကို အမြဲတမ်း တင်လေ့ရှိသူ ဖြစ်ပါတယ်။ သူမက Yamin May Oo ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်လေးကို အမြဲတမ်း သုံးဖြစ်ပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်လုပ်ဖြစ်တယ်လို့လည်း သိရပါတယ်။
4) သင်ဇာ
သင်ဇာကတော့ သရုပ်ဆောင်နဲ့ အဆိုတော် လောကမှာ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ ဝါဆိုမိုးဦးရဲ့ ညီမလေးပဲ ဖြစ်ပါတယ်။ အမအတိုင်း အနုပညာကို ဝါသနာပါသူ တစ်ဦးဖြစ်ပြီး အနုပညာလောကထဲသို့ ခြေလှမ်း စလှမ်းနေတဲ့ သူဆိုရင်လည်း မမှားပါဘူး။ သင်ဇာဟာ ဇာတ်လမ်းတွေလည်း စတင်ပီး ရိုက်ကူးနေပါပြီ။
အမ ဖြစ်တဲ့သူနဲ့ ဗီဒိယိုဇာတ်ကား ရိုက်ကူးတာတွေ ပွဲတွေ တက်တာတွေလည်း လုပ်နေပါပြီ။ သင်ဇာက နိုင်ငံတကာ ဆက်ဆံရေးနဲ့ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်မှာ ပညာသင်ယူနေတာ ဖြစ်ပါတယ်။ အခု လက်ရှိမှာတော့ ပညာရေး တစ်ဖက်နဲ့ အနုပညာ အလုပ်တွေ စလုပ်နေသူပါ။ Thinzar Tz ဆိုတဲ့ နာမည်နဲ့ ဖေ့စ်ဘွတ်သုံးနေပြီး သူမရဲ့ လှုပ်ရှားမှုလေးတွေကို အမြဲတမ်း တင်တတ်သူလည်း ဖြစ်ပါတယ်။
5) မေတိုးခိုင်
သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့ တူမလေး မေတိုးခိုင်က ယောက်ျာလေး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူလေးပါ။ သူ့ရဲ့ ခပ်မိုက်မိုက် စတိုင်ကို သဘောကျတဲ့ မိန်းကလေး ပရိသတ်တွေလည်း မနည်းလှပါဘူး။ အခုဆိုရင် သူမကို ဇာတ်ကားတွေ ရိုက်ကူးဖို့ ကမ်းလှမ်းထားတာတွေလည်း ရှိနေပါပြီ။ မေလအတွင်းမှာပဲ အသက်(၂၃)နှစ် ပြည့်သွားတဲ့ မေတိုးခိုင်လေးဟာ အဒေါ်နဲ့ ရုပ်ချင်း ဆင်ပြီး နုနယ်တဲ့ ရုပ်ရည်ရှိပြီး စကားပြောရင်လည်း ပွင့်လင်းလှတာကြောင့် လူချစ်လူခင် ပေါများပါတယ်။
အနုပညာ အလုပ်တွေ စတင်လုပ်ဖြစ်နေတဲ့ သူမက အနုပညာပိုင်းနဲ့ ပတ်သက်လို့ အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်ဆီက ၁၀၀ ရာခိုင်နှုန်း ထောက်ပံ့မှုတွေ ရတယ်လို့ အင်တာဗျူးတွေမှာ ဖြေဖူးပါတယ်။ မေတိုးခိုင်ဟာ May T. Khine ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်နဲ့ May Toe Khine – မေတိုးခိုင် ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျတို့ကို အသုံးပြုပြီး သူမရဲ့ လှုပ်ရှားမှုလေးတွေကို တင်ဖြစ်နေပါတယ်။
6) ပန်းရောင်ခြယ်
ပန်းရောင်ခြယ်ကတော့ အဆိုတော် ဂရေဟမ်ရဲ့ သမီးကြီးပဲ ဖြစ်ပါတယ်။ ဖခင်ရဲ့ Wake up Daddy သီချင်းခွေမှာ ပါဝင်သီဆု ပြီးတဲ့နောက် ပရိသတ် စတင် သတိထားမိ လာပါတယ်။ အဲဒီနောက်မှာ သာယာတဲ့ အသံလေးနဲ့ ချစ်စရာ ကောင်းတဲ့ မျက်နှာလေးကြောင့် ပန်းရောင်ခြယ်ဟာ အမျိုးသား ပရိသတ်တွေရဲ့ စိတ်ကူးထဲက ကောင်မလေး ဖြစ်လာတဲ့သူပါ။
ယခုဆိုရင် သူမရဲ့ တစ်ကိုယ်တော် အခွေအတွက် ပြင်ဆင်နေပြီးတော့ ဖျော်ဖြေပွဲတွေလည်း ဆက်တိုက် ပြုလုပ်နေပါတယ်။ ဆံပင်ရှည်လေးနဲ့ နူးညံ့တဲ့ အလှကို ပိုင်ဆိုင်ထားတဲ့ ပန်းရောင်ခြယ်ရဲ့ Pan Yaung Chel ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျလေးကို Like လုပ်ထားတဲ့ ပရိသတ်က ၅ သိန်းကျော်တောင် ရှိနေပြီဖြစ်ပါတယ်။
7) အဲလစ်အုန်း
သူလေးကတော့ Photo Model တစ်ဦးဖြစ်ပြီး သရုပ်ဆောင်သစ် တစ်ယောက်လည်း ဖြစ်ပါတယ်။ Dimension (မျက်နှာပြင်များ) ရုပ်ရှင်ကားမှာပါလည်း ပါဝင်သရုပ်ဆောင် ထားပါတယ်။ သေးသွယ်တဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ ချစ်စရာ ကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားသူလေး ဖြစ်တာကြောင့် ပရိသတ်အားပေးမှု ရရှိထားသူလေး ဖြစ်ပါတယ်။
Alice Ong ဆိုတဲ့ သူမရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ် အကောင့်လေးကို သုံးနေပြီး ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်အောင် သူမရဲ့ လှုပ်ရှားမှုလေးတွေကို အမြဲတမ်း တင်ဖြစ်နေတာလည်း တွေ့ရပါတယ်။ အခုဆိုရင် အဲလစ်ရဲ့ ဖေ့စ်ဘွတ်အကောင့်က Followers တစ်သိန်း နှစ်သောင်းကျော်နဲ့ ပရိသတ် အခိုင်မာ ရှိနေပြီ ဖြစ်ပါတယ်။
Post a Comment