ပြန်မပြော နားမထောင်တဲ့ အင်္ဂါ
အာရုံနောက်တာ မကြိုက်ကြဘူး။ အရွဲ့ တိုက်တဲ့ နေရာမှာ နှစ်ယောက် မရှိဘူး။ ဒေါသ ထွက်လာရင် ဘယ်သူမှ တားမရအောင်ထိ သောင်းကျန်းကြတယ်။
အင်္ဂါ သားသမီးများဟာ အရမ်း သံယောဇဉ် ကြီးတတ်ကြပါတယ်။ ဒါပေမဲ့ စကား တအားများတာ ချုပ်ကိုင်တာ ထိန်းချုပ်တာတွေ လုပ်လာရင်တော့ အရွဲ့ တိုက်ပြီးတော့ ပြန်မပြော နားမထောင် ပုံစံမျိုး နေထိုင်တက်တာ အင်္ဂါ သားသမီးတွေပါ။
အပြန်ပန်း ပုံစံအရ ဘာမှ မဖြစ်သလို ဘယ်သူကိုမှ ဂရုမစိုက်ပဲ နေပြတတ်တယ် ။ ဒါပေမဲ့ အတွင်းစိတ်မှာတော့ လိုအပ်ချက်လေးတွေ အားငယ်မှုလေးတွေ ရှိနေတတ်ပါတယ်။
စိတ်ညစ်စရာ ကြုံတိုင်း သီချင်းတွေ နားထောင်လိုက် အစားတွေ နင်းကန်စားလိုက်နဲ့ စိတ်ဖြေဖျောက်နိုင်တာ အင်္ဂါ သားသမီးများရဲ့ ထူးခြားမှု တစ်ခုပါ။
စိတ်မပါရင် ဘာမှ မလုပ်ချင်ဘူး။ အတင်းအကြပ် ခိုင်းတဲ့လူ ရှိရင်လည်း ဘာမှ မသိ နားမလည်တဲ့ ပုံစံမျိုးနဲ့ နေတတ်ပါတယ်။
တစ်ခုခုကို မကျေနပ်လို့  မပြောသေးဘူး ဆိုရင် လုံးဝ မပြောသေးဘူး။ ပြောဆိုလိုက်ပီ ဆိုရင်လည်း ဘယ်သူ့ မျက်နှာကိုမှ မထောက်ပဲ ပြောဆိုတတ်လွန်းလို့  လူအများထဲမှာ သိသာထင်ရှား နေတတ်ပါတယ်။
စပ်စပ်စုစု နေရာတကာပါလို့ သူငယ်ချင်း အပေါင်းအသင်းကြားမှာ ဆရာကြီး/ ဆရာမကြီး ဖြစ်နေသူပါ။
သင့်သူငယ်ချင်း အင်္ဂါ တွေကို မန်းရှင်းခေါ်ပါ😉😉
ဒိဗ္ဗစက္ကု
Post a Comment