Header Ads

သမီးဖြစ်သူ၏ ငွေကြေးအရှုပ်အရှင်းများကို တာဝန်ယူမည်မဟုတ်ကြောင်း ဒိန်းဒေါင် ကြေငြာချက်ထုတ်


ဟာသ သရုပ်ဆောင် လူရွှင်တော် ဒိန်းဒေါင်၏ သမီးဖြစ်သူ မမြတ်နိုးဦးဟာ ပြီးခဲ့တဲ့ လပိုင်းမှာ ထုတ်လုပ်သူ မင်းသမီးက သိန်းပေါင်း ၆ သောင်းကျော် လိမ်လည်တဲ့ စုမဲငွေ အရှုပ်အရှင်းထဲမှာ ပြဿနာတက်နေသူ တစ်ဦးပဲ ဖြစ်ပါတယ်။



ဒီကိစ္စကြောင့် ဟာသ သရုပ်ဆောင် လူရွှင်တော် ဒိန်းဒေါင် က အများသိစေရန် ကြေငြာခြင်းဟု ဆိုကာ မိမိ၏ သမီး ဖြစ်သူ မမေမြတ်နိုးဦးသည် ဖခင်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင် ပြုမူသည့်အပြင် ဆိုဆုံးမမှုကို မနာခံပဲ မိမိ သဘောအလျောက် ပြုမူနေထိုင်ပါသဖြင့် လုံးဝ တာဝန်မယူကြောင်းကို သတင်းစာမှာ ကြေငြာခဲ့တာပဲ ဖြစ်ပါတယ်။




မမြတ်နိုးဦး နဲ့ ပတ်သတ်၍ ဒိန်းဒေါင်ကို သိက္ခာကျအောင် နှောင့်ယှက်ပြောဆိုတာတွေ ဆက်လုပ်လာရင် အရေးယူသွားမယ် ဆိုပီး သတင်းစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။



Love

No comments

Powered by Blogger.