ရှင် ကျမကို တကယ်ချစ်ရင် ဒီလို စကားလေးတွေကို ပုံမှန် ပြောပေးပါ
သင့်ရဲ့ ချစ်သူ ကောင်မလေး နေ့တိုင်း ကြားချင်တဲ့ စကားလေးတွေက ဘာတွေများ ဖြစ်မလဲ ။ သင့် ချစ်သူကောင်မလေးကို ရင်ခုန် စိတ်လှုပ်ရှား စေမယ့် စကားလေးတွေ ရှိပါတယ် ။ အဲဒီစကားလေး (5) ခွန်း ကတော့ .....
1) ကိုယ့်ရဲ့ ဘဝထဲကို မင်းရောက်လာတာ ကိုယ် အရမ်းပျော်တယ်
ဒီစကား မကြားချင်တဲ့ မိန်းကလေး ဘယ်ကောင်မလေး ရှိမလဲ အရမ်း သိချင်မိတယ် ။ ကောင်လေးဆီက နက်ရှိုင်းတဲ့ ဒီလို စကား တစ်ခွန်းကြောင့် ချစ်သူ ရည်းစားဘဝ မှာ သံသယတွေ၊ အငြင်းအခုံတွေ ပယ်ပျက်သွားစေနိုင် ပါတယ် ။ အခုပဲ ဒီစကားလေးကို စမ်းသပ်ပြီး သင့်ချစ်သူကို ပြောဆိုကြည့်ပါ။
2) ကိုယ် အရမ်း ဝမ်းနည်းပါတယ် " ( သို့ ) " ကိုယ် တောင်းပန်ပါတယ်
ကောင်လေး အများစုက သူ့ချစ်သူကို တောင်းပန်ဖို့ ဝန်လေးကြ ပါတယ်။ မာန်မာနကို မျိုသိပ်ထားပြီး မိမိအပြစ်လို့ ဝန်ခံ လိုက်ပါ။ အခုလို စကားလေးကြောင့် ကြီးမားတဲ့ ပြသနာတွေ ကိုပါ တားဆီးပြီးသား ဖြစ်သွားပါလိမ့်မယ် ။ ကိုယ်က အမှားတခုခု လုပ်မိတဲ့ အခါ ဒီစကားလေးကို စမ်းသပ် ပြောဆိုကြည့်ပါ ။
3) မင်း အရမ်းတော်တယ် ချစ်သူ
သူမရဲ့ ယုံကြည်မှုကို အားပေး အားမြောက်ပြုခြင်း အမြဲတမ်း လုပ်ပေးသင့် ပါတယ် ။ သူမအတွက် ကောင်းမွန်တဲ့ ခံစားချက် ရလာအောင် လုပ်ပေးပါ ။ ချစ်သူဆီက အားပေး စကားက အရမ်း ချိုမြိန်ပါတယ် ။ ချီးကျူးစကား အမြဲ ဆိုတတ်တဲ့ သင့်ရဲ့ အနားမှာ သင့်ကောင်မလေးက အမြဲတမ်း ပျော်ရွှင်နေ မှာပါ ။ ဒီနေ့ပဲ ဒီစကားလေးနဲ့ ချစ်သူကို စမ်းသပ် ပြောဆိုကြည့်ပါ ။
4) မင်း စိတ်ထဲမှာ ရှိသမျှ ကိုယ့်ကို အကုန်လုံး ပြောပြပါ
သူမက မိနစ် ၃၀ ကြာအောင် မနားတမ်း စကားပြောဆို နေရင်တောင် သင့်အနေနဲ့ လုပ်ပေးရမှာက ပြောသမျှ နားထောင်ပေးပါ ။ သည်းခံ ၊ စိတ်ရှည်သူ တယောက်အဖြစ် သင့်ကို သူမ အသိအမှတ် ပြုလာပါလိမ့်မယ်။ နောက်တခါ သင့်ကောင်မလေးက ရင်ဖွင့်စကားတွေ ဆိုလာရင် ဒီစကားလေးကို စမ်းသပ် ပြောဆိုကြည့်ပါ။
5) မင်းအရမ်း လှတာပဲ
ယောက်ျားလေး အများစုက ချစ်သူ စုံတွဲဘဝ ကြာသည်နဲ့ အမျှ ဒီစကားပြောဖို့ ပျင်းရိသွားတတ် ကြပါတယ်။ ဒါပေမယ့် ဒါကို အနည်းဆုံး တစ်ပတ် (၁) ကြိမ် ကြိုးစားပြီး ချစ်သူကို ပြောသင့်တယ် ။ ကိုယ့်ချစ်သူကောင်မလေးကို အရမ်း လှတယ် ပြောဖို့ ဝန်လေးမနေသင့် ပါဘူး ။ ဒီတစ်ခါ သူမနဲ့ တွေ့ရင် ဒီစကားလေးကို စမ်းသပ် ပြောဆို ကြည့်ပါ ။
Credit _ LoveShop
Post a Comment