အိမ်ထောင်ရေးသုခ ပြည့်ဝစေဖို့ ဘဘာဝသစ်သီး (5) မျိုး
အိမ်ထောင်ရှင်များဟာ မိမိတို့ရဲ့ အိမ်ထောင်ရေး အဆင်ပြေ ကျန်းမာ ပျော်ရွှင်စေဖို့ ၊ အိမ်ထောင်ရေး သုခ ပြည့်ဝစေဖို့ အတွက် နည်းလမ်းကောင်းတွေ အချိန်တိုင်း စဉ်းစားကြ ပါတယ် ။
တချို့ကတော့ အိမ်ထောင်ရေး သုခ ပြည့်ဝစေတဲ့ ဆေးဝါးတွေ မှီဝဲကြပြီး တချို့ကတော့ အရက်သေစာ နဲ့ မူးယစ်ဆေးဝါးတွေ မှီဝဲကြ ပါတယ် ။ ဒါဟာ အိမ်ထောင်ရေး သုခ ပြည့်ဝစေမှာ မဟုတ်ပါဘူး ။ ချစ်တင်းနှောချိန် တစ်ခုတည်း အတွက်ပဲ ကောင်းနိုင် ပါတယ်။
အိမ်ထောင်ရေးသုခ ဆိုတာ စိတ်ကျေနပ်မှု ရရှိစေသလို ကျန်းမာ ပျော်ရွှင်စေ ဖို့လည်း လိုအပ်ပါတယ်နော်။ ဒါကြောင့် ကျန်းမာပျော်ရွှင်ပြီး အိမ်ထောင်ရေး သုခ ပြည့်ဝစေမယ့် သစ်သီး အချို့ကို စားသုံးဖို့ အကြံပေးလိုက် ပါရစေ။
1) ငှက်ပျောသီး
ငှက်ပျောသီးဟာ ကောင်းကျိုးများစွာ ရရှိစေတဲ့ အသီး တစ်မျိုးပါ။ ငှက်ပျောသီးဟာ ခွန်အားတွေ ကုန်ဆုံးရမှာ ဖြေးညှင်းစွာ ကုန်ဆုံးစေပြီး Bromelain လို့ခေါ်တဲ့ enzyme တစ်မျိုး ပါဝင်တာကြောင့် လိင်ပိုင်းဆိုင်ရာ ဟော်မုန်း တစ်မျိုးကို ကြာရှည် တည်တံ့ စေနိုင်ပါတယ်။
ဒါ့အပြင် လိင်ပိုင်းဆိုင်ရာ စိတ်ဆန္ဒတွေကိုလည်း တိုးပွားစေပြီး လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှု တွေကိုလည်း မြင့်မားစေ ပါတယ်။ နှလုံး ၊ အာရုံကြော တို့ကို ကောင်းမွန်စေမယ့် ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ် တို့လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။
2) စတော်ဘယ်ရီသီး
စတော်ဘယ်ရီသီး တွေဟာ သဘာဝထွက် အရသာတွေနဲ့ အဆိပ်အတောက် ပြေပျောက်စေနိုင်တဲ့ ဓါတ်တွေများစွာ ပါဝင်ပါတယ်။ စတော်ဘယ်ရီသီးမှာ ဗီတာမင် စီ လည်း ကြွယ်ဝ စွာ ပါဝင်သလို လိင်ပိုင်းဆိုင်ရာ စိတ်ဆန္ဒကို ဖြစ်ပေါ်စေတဲ့ Methylxanthines လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။
ဒါကြောင့် ကျန်းမာပျော်ရွှင်တဲ့ အိမ်ထောင်ရေး မျိုး ရရှိစေဖို့ ၊ အိမ်ထောင်ရေး သုခ ပြည့်ဝစေဖို့ ဓါတုဗေဒအခြေခံ ဆေးဝါးတွေ မှီဝဲနေမယ့် အစား သဘာဝ ထွက် သစ်သီးများကို စားသုံးခြင်းဖြင့် ပျော်ရွှင်သော ဘ၀တစ်ခုကို တည်ဆောက်ကြပါ။
3) သစ်ကြားသီး
သစ်ကြားသီး တွေဟာ အိုမီဂါ ၃ ဖက်တီ အက်ဆစ် တွေပါဝင်တာကြောင့် အသားများ နဲ့ ဟင်းသီးဟင်းရွက် များ ကဲ့သို့ပင် သွေးစီးဆင်းမှု အားကောင်း စေနိုင်ပါတယ်။ သစ်ကြားသီးတွေဟာ အခြား သစ်စေ့များထက် ၂ ဆ တိတိ အဆိပ်အတောက် ပြယ်စေနိုင်ပြီး သစ်ကြားသီး တွေဟာ သုတ်ပိုး အရေအတွက် တိုးပွားစေတဲ့အပြင် လိင်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများကို သန်မာလာ စေပါတယ်။
4) ရှောက်/သံပုရာ သီးများနဲ့ ဘယ်ရီသီးများ
ဗီတာမင် C ဟာ အရေးကြီးတဲ့ အဆိပ်အတောက် ပြေစေတဲ့ ဓါတ် တစ်မျိုးပါ။ လိမ္မော်သီး ၊ သံပုရာသီး ၊ ချယ်ရီသီး ၊ ဘယ်ရီသီး အစရှိတဲ့ အသီးတွေဟာ တေဇောဓါတ်နဲ့ သက်ဆိုင်တဲ့ (တစ်နည်းအားဖြင့် အောက်စီဂျင် နဲ့ သက်ဆိုင်သော) စိတ်ဖိစီးမှုတွေ ဖြစ်မလာအောင် ကာကွယ်ပေးနိုင်တဲ့ ဓါတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။
တေဇောဓါတ်နဲ့ သက်ဆိုင်သော စိတ်ဖိစီးမှုတွေဟာ သုတ်ပိုး ထိန်းချုပ်မှု အားကောင်းစေတဲ့ ဒီအန်အေ တွေကို ထိခိုက်မှု ဖြစ်စေနိုင်ပြီး သွေးကြောတွေ အတွက်လည်း အန္တရာယ် ရှိပါတယ်။
5) သလဲသီး
သလဲသီး တွေဟာ သုတ်ပိုးတွေကို ပျက်စီးစေနိုင်တဲ့ သွေးကြောထဲက ဓါတုဓါတ် တစ်မျိုးကို ခြေဖျက်ပေးနိုင်မယ့် enzyme တစ်မျိုး ပါဝင်ပါတယ်။ ထို ဓါတု ပစ္စည်းကိုတော့ Malondialdehyde (MDA) လို့ ခေါ်ပြီး သုတ်ပိုး ရဲ့  အရည်အသွေး နိမ့်ပါးမှုကိုလည်း ဖြစ်ပေါ်စေပါတယ်။
KNK Health
Credit : Trend Myanmar
Post a Comment