Header Ads

(၂၀၁၈) ခုနှစ် တရုတ်နိုင်ငံရဲ့ top ten အလှဆုံးမင်းသမီး (၁၀) ယောက်


တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ သူတို့ရဲ့ ရုပ်ရှင်ကားတွေ၊ တေးဂီတတွေနဲ့ နာမည်ကြီးနေတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့ အလှပဂေး မင်းသမီး အချောအလှတွေကြောင့် တရုတ်ပြည်ဟာ ဆွဲဆောင်မှုရှိပြီး ကျော်ကြားတဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ်လည်း သတ်မှတ် ခံထားရပါတယ်။ တရုတ်နိုင်ငံရဲ့ မင်းသမီးတွေကတော့ သရုပ်ဆောင်ပိုင်းမှာ ထူးချွန် ရုံတင်မက သူတို့ရဲ့ ဆွဲဆောင်အား ကောင်းလွန်းတဲ့ အလှတွေကြောင့်လည်း နာမည်ကျော်ကြား ကြပါတယ်။ ယခုနှစ် တရုတ်ပြည်ရဲ့ အချောအလှဆုံး မင်းသမီး (၁၀) ယောက်ကို zeomac.com ကို ကိုးကားပြီး ဖော်ပြပေးလိုက်ပါတယ်။

1) Zhang Ziyi


သူမကတော့ ဥရောပမှာ အကျော်ကြားဆုံး အာရှဖွား မင်းသမီး တစ်ယောက်ဖြစ်ပါတယ်။ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုတွေ ရရှိထားတဲ့ မင်းသမီး တစ်ယောက်ဖြစ်ပြီး၊ အနုပညာကြောင့် ရရှိတဲ့ ဝင်ငွေနဲ့ သန်းကြွယ် သူဌေးတစ်ပိုင်း ဖြစ်နေသူပါ။

2) Victoria Song


သူမကတော့ Kpop အဆိုတော် အဖွဲ့ F(x) ရဲ့ အဖွဲ့ဝင် တစ်ယောက်ဖြစ်ပြီး အဆိုတော် မင်းသမီး တစ်ယောက် ဖြစ်ပါတယ်။ အသက် (၃၀)နှစ်အရွယ် Victoria ဟာ တရုတ်ပြည်မှာ သာမက ကိုရီးယားနိုင်ငံ မှာလည်း ထိပ်တန်းစာရင်းဝင် အနုပညာရှင် တစ်ဦး ဖြစ်ပါတယ်။

3) Zhang Yuqi


သူမကတော့ တရုတ်ပြည်ရဲ့ အဟော့ဆုံးနဲ့ ဆွဲဆောင်မှု အရှိဆုံး မင်းသမီး တစ်ယောက် ဖြစ်ပါတယ်။ သူရဲ့ နာမည်ပြောင်ကတော့ Kitty Zhang ဖြစ်ပါတယ်။ အသက်ကတော့ (၃၁)နှစ်ရှိပြီ ဖြစ်ပြီး အရမ်းနုပျိုတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်.

4) Li Bingbing


အဆိုတော်၊ မော်ဒယ်၊ မင်းသမီးတစ်ယောက် ဖြစ်တဲ့ အသက် (၄၄)နှစ်အရွယ် Ling Bingbing ကတော့ နာမည်ကျော် ဇာတ်ကားတွေဖြစ်တဲ့ Transformer: Age of Extinction, Resident Evil: Retribution ဇာတ်ကားတွေထဲမှာ ပါဝင်ခွင့် ရခဲ့တဲ့ ကမ္ဘာကျော် တစ်ဦးပါ။ သူမရဲ့ ထူးခြားတဲ့ အလှတရားတွေက ဆယ်ကျော်သက်ကလေး အတိုင်းပါဘဲ။

5) Fan Bingbing


သူကတော့ ကမ္ဘာကျော် မင်းသမီး တစ်ယောက်ဖြစ်ပြီး Golden Horse Film Festival မှာလည်း ဆုတွေရရှိခဲတဲ့ မင်းသမီး တစ်ယောက် ဖြစ်ပါတယ်။ အသက် (၃၆)နှစ်ရှိပြီ ဖြစ်ပြီး သရုပ်ဆောင် ပညာရပ်သာမက ရုပ်ရည်လှပမှုကြောင့် မော်ဒယ်ဘဝမှာပါ ပေါက်မြောက်နေသူ ဖြစ်ပါတယ်။

6) Zhang Jingchu


တရုတ်ပြည်ရဲ့ အအောင်မြင်ဆုံး မင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Zhang Jingchu ကတော့ အသက် (၃၇)နှစ်ရှိပါပြီ။ အနုပညာနဲ့ ပတ်သက်တဲ့ ဆုတွေလည်း အများကြီးရရှိထားတဲ့ သူတစ်ယောက် ဖြစ်ပြီး၊ အခု အချိန်ထိလည်း ဖက်ရှင်မော်ဒယ်၊ ကြော်ငြာမော်ဒယ် ဘဝမှာ အောင်မြင်နေသူပါ။

7) Gao Yuanyuan


သူမကတော့ တရုတ်ပြည်ရဲ့ နတ်သမီး တစ်ပါးအဖြစ် တင်စားခံရတဲ့သူ ဖြစ်ပါတယ်။ အသက် (၃၈)နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ Gao Yuanyuan ဟာ ချောမောလှပတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့အပြင် သရုပ်ဆောင် ပညာရပ်မှာလည်း ထူးချွန်သူ တစ်ယောက် ဖြစ်ပါတယ်။

8) Lin Chi-Ling


တရုတ်ဆယ်လီ မင်းသမီးတွေကြားမှာ အချိန်ကြာမြင့်စွာ အောင်မြင်မှုကို ထိန်းသိမ်းပြီး ကိုယ်ပိုင်နေရာ တစ်ခု ရယူနိုင်ခဲ့တဲ့ မင်းသမီး ဖြစ်ပါတယ်။ အသက် (၄၃)နှစ် အရွယ်ရှိပြီဖြစ်တဲ့ Lin Chi-Ling ဟာ Red Cliff, Love on Credit ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။

9) Zhou Xun


သူကတော့ နာမည်ကျော် တရုတ်ဇာတ်ကား တစ်ခုဖြစ်တဲ့ Flying Sword Of Dragon ထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သူတစ်ယောက်ပါ။ အသက် (၄၃)နှစ်ရှိပြီ ဖြစ်ပြီး လက်ရှိအချိန်ထိလည်း ဇာတ်လမ်းတွဲတွေ၊ ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်ခွင့် ရနေဆဲပါဘဲ။

10) Liu Yifei


သူမကတော့ အဆိုတော် မင်းသမီး တစ်ယောက်ဖြစ်ပြီး အလှဆုံး သရုပ်ဆောင် မင်းသမီးအဖြစ် သတ်မှတ်ခံထားရသူပါ။ အသက် (၃၀) ရှိပြီ ဖြစ်တဲ့ Liu Yifei ဟာ (၂၀၀၆) ခုနှစ်မှာမှ အနုပညာ အလုပ်တွေကို စတင်ဆောင်ရွက်ခဲ့ပြီး ကမ္ဘာအနှံ့ အောင်မြင်မှုတွေရနေတဲ့ မင်းသမီးဖြစ်ပါတယ်။

Source: Zeomac

No comments

Powered by Blogger.