Sexy ကျလွန်းတဲ့ ယူနီဖောင်းကြောင့် ထွက်စာတင်လိုက်ရတဲ့ နာ့စ်မလေး
ပုဂ္ဂလိက ဆေးရုံတစ်ခုမှာ အလုပ်လုပ်နတဲ့ အသက် ၂၆ နှစ်အရွယ် ဒီနာ့စ်မလေးဟာ သူမရဲ့ အသက်မွေးဝမ်းကြောင်းကို အရှက်ရစေအောင် ဝတ်ဆင်ခဲ့တဲ့အတွက် ထွက်စာတင်ဖို့အတွက် ဖိအားပေး ခံခဲ့ရပါတယ် ။ ဒီနာ့စ်မလေးဟာ အနည်းငယ် ဟော့နေတာလောက် ပါပဲလို့လူတွေပြောတာ ဆိုပေမယ့်လည်း ထိုင်းနိုင်ငံရဲ့ယဉ်ကျေးမှုအရတော့ လက်သင့်မခံနိုင်တဲ့ အနေအထားပါပဲ ။
သူ့ရဲ့ လန်ထွက်နေတဲ့ ဓါတ်ပုံတွေ အွန်လိုင်းပေါ် ပျံ့နှံ့သွားပြီးတဲ့ နောက်မှာတော့ သူလုပ်နေတဲ့ ဆေးရုံက သူ့ကို အလုပ်ထွက်အောင် ဖိအားပေး ပါတော့တယ် ။ Parichat ‘Pang Chatsri ဟာ ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှုအတိုင်း ဝတ်ဆင်ရတဲ့ Isan က ပုဂ္ဂိလက ဆေးရုံမှာ အလုပ်လုပ်နေတာ ဖြစ်တယ် ။
သူမဟာ အရမ်းပုံစံကျနေတဲ့ အင်္ကျီနဲ့ ဒူးပေါ်တက်နေတဲ့ စကပ်ကို ဝတ်ဆင်ပြီး ဓါတ်ပုံတွေ ရိုက်ခဲ့ပါတယ် ။ ပြဿနာကတော့ သူဟာ အခုလိုမျိုး Sexy ကျတဲ့ အဝတ်အစားတွေ ဝတ်ဆင်ပြီး နာ့စ်အလုပ်ကို အရှက်ရစေခဲ့တဲ့ ကိစ္စပါပဲ ။ သူ့ပုံတွေ အင်တာနက်ပေါ် ပျံ့နှံ့သွားပြီးတဲ့နောက်မှာတော့ ဆေးရုံက သူ့ကို ထွက်စာတင်ဖို့ ဖိအားပေးပါတော့တယ် ။
ဒီပုံထဲက ယူနီဖောင်းဟာ တချို့လူတွေ အတွက်တော့ မည်သို့မှ မထူးခြားပေမယ့် ထိုင်းနိုင်ငံအတွက်တော့ ယဉ်ကျေးမှု မရှိဘူးလို့ ယူဆပါတယ် ။ ဒီပုံတွေကို ထိုင်းနာ့စ်ချစ်သူများအဖွဲ့အစည်းမှာတင်လိုက်တဲ့အခါမှာတော့ အင်တာနက်ပေါ်မှာချက်ချင်းပြန့်နှံ့သွားပါတော့တယ် ။
မကြာခင်မှာပဲ အပျက်သဘော ဆောင်တဲ့ ကောမက်တွေ” မသင့်တော်လိုက်တာ” တို့ “ ယဉ်ကျေးမှု မရှိဘူး” တို့ ဆိုတာတွေ ပုံအောက်မှာ တပြုံကြီး ရောက်လာပါတော့တယ် ။ ဆိုရှယ် မီဒီယာပေါ်က လူတွေက ဒီဝတ်စုံကို Sexy ကျလွန်းတယ် လို့ ဝေဖန်ထားကြပါတယ် ။ Chatsri ကတော့ သူ့ရဲ့ အပြုအမူအတွက် တောင်းပန်ခဲ့ပြီးတော့ နှုတ်ထွက်ဖို့လည်း ဆုံးဖြတ်ခဲ့ပြီးပါပြီ ။
“ ကျွန်မ ဆေးရုံဘုတ် အဖွဲ့ကို ရှင်းပြခဲ့ပေမယ့် သူတို့က ဆေးရုံရဲ့ ပုံရိပ်ကို ထိခိုက်စေတယ် လို့ ယူဆတယ် ။ ကျွန်မလည်း သူတို့ကို နားလည်ပါတယ်။ ဒီကိစ္စကို ကြီးကြီးကျယ်ကျယ် ဖြစ်မသွားစေချင်ဘူး ။ ဒီတော့ ကျွန်မ တာဝန်ယူတဲ့ အနေနဲ့ ဆေးရုံက နှုတ်ထွက်ပါတယ် ။ ပြီးတော့ ထိုင်းနာ့စ်ကောင်စီ နဲ့ ဆေးရုံကိုလည်း ကျွန်မ တောင်းပန်ပါတယ် ။ နာ့ပ်တွေရဲ့ ပုံရိပ်ကို ထိခိုက်စေဖို့ မရွယ်ခဲ့ပါဘူး ဘာပြဿနာမှလည်း မဖြစ်ချင်ပါဘူး ။ဖြစ်ခဲ့တာတွေက ကျွန်မအမှားပါ ကျွန်မကိုကျွန်မ ပြန်ဆင်ခြင်ပါ့မယ်” သူမကပြောခဲ့ပါတယ် ။
အနောက်တိုင်းသားတွေ အတွက်တော့ ဒီဝတ်စုံဟာ ထူးထူးခြားခြား လန်းနေတာ မဟုတ်ပေမယ့် ထိုင်းနိုင်ငံက လူတွေကတော့ ဒါကို ဖော်တယ် ယူဆကြပါတယ် ။ ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သတ်ပြီးတော့ ဒီနာ့စ်မလေးဟာလည်း နောင်တရနေခဲ့ပါပြီ ။ ဒီတော့ ပြဿနာတွေ ထပ်မဖြစ်လာအောင် ဆေးရုံက ထွက်ခွာဖို့ရွေးချုယ်ခဲ့ပါတယ် ။ ဒါပေမယ့်လည်း သူမ ဘာဆက်လုပ်မလဲ ဆိုတာတော့ သေချာမသိရပါဘူး ။
သင်ရော ဒီဝတ်စုံကို Sexy ကျလွန်း ဖော်လွန်းတယ်လို့ထင်လား ။သူမ နှုတ်ထွက်သင့်တယ် လို့ သင်ထင်လား သင့်အမြင်လေးကို ကျွန်တော်တို့ သိအောင်ပြောခဲ့ပါအုံး ။
Writer – Min Thu (Daily Hot News)









Post a Comment