မြန်မာစကားကို သင်ယူနေပြီဖြစ်တဲ့ မြန်မာ့လက်ဝှေ့ချန်ပီယံ Dave Ledue”ဒေ့ဗ် (ရုပ်/သံ)
လက်ရှိ မြန်မာ့လက်ဝှေ့ ချန်ပီယံဘွဲ့ကို ရယူထားတဲ့ ကနေဒါနိုင်ငံသား ဒေ့ဗ်ကတော့ မြန်မာ့ လက်ဝှေ့ရဲ့ ပြိုင်စံရှား ကစားသမား တစ်ဦးလည်း ဖြစ်နေပါတယ်။ ယခင်က မြန်မာ့လက်ဝှေ့ ချန်ပီယံ ထွန်းထွန်းမင်းကို အလဲထိုး အနိုင်ယူကာ ချန်ပီယံ ခါးပတ်ကို သိမ်းပိုက်ထားနိုင်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် နေထိုင်ပြီး နိုင်ငံသားတစ်ဦးအဖြစ် ခံယူထားကြောင်း သိရပါတယ်။ ဒေ့ဗ် (Dave Ledue) ကတော့ လက်တလော လေ့ကျင့်မှုများစွာ ပြုလုပ်နေပြီး ချန်ပီယံ ခါးပတ်ကို ကာကွယ်နေမည်ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ လက်ရှိနိုင်ငံသား တစ်ဦးအဖြင့် ခံယူထားပြီး မြန်မာစာကို အဓိက လေ့လာသင်ယူနေကြောင်း သိရပါတယ်။
မနေ့က ဒေ့ဗ်(Dave Ledue) ရဲ့ဖေ့စ်ဘွက် စာမျက်နှာပေါ်တွင် မြန်မာစာ လေ့လာနေသော ဗီဒီယိုဖိုင်လေးကို ပြသထားတာ တွေ့ရပါတယ်။ လက်ရှိ မြန်မာ့ကိုယ်စားပြု One Champiom (MMA) ဖိုက်တာတွေဖြစ်တဲ့ အောင်လအန်ဆန်းနှင့် ဖိုးသော်တို့နှင့်လည်း ခင်မင်ရင်းနှီးသူတစ်ယောက် ဖြစ်ကြောင်း သိရပါတယ်။
ပရိသတ်ကြီးအတွက် မြန်မာစကား လေ့လာနေတဲ့ ဒေ့ဗ် ရဲ့ ဗီဒီယိုင်လေးနှင့်အတူ မျှဝေပေး လိုက်ပါတယ်။
Source – Dave
Post a Comment