ပေါင်ကားနေတဲ့ပုံနဲ့ စာသားကို သေချာမကြည့်ပဲ သားဖြစ်သူကို ဝတ်ပေးလိုက်မိတဲ့ မိခင်ရဲ့ ရီစရာအဖြစ်
အမျိုးသမီး တစ်ဦးဟာ ကျောင်းသွားမယ့် သူရဲ့ သားလေးကို မစူးစမ်း မဆင်ခြင်ပဲ အင်္ကျီတစ်ထည် ဝတ်ပေးခဲ့မိပါတယ်။ ဒီအဖြစ် အပျက်ကြောင့် သူမရဲ့ သားဟာ အပြာဆန်ဆန်တဲ့ စာသားတွေ ပါဝင်တဲ့ အင်္ကျီအသစ်နဲ့ ကျောင်းမှာ လူတွေ ရယ်စရာ ဖြစ်စေခဲ့ပါတယ်။
သူမ ဝတ်ပေးလိုက်တဲ့ အင်္ကျီမှာပါတဲ့ စာသားကတော့ “ I’m Lovin’ It ” ဆိုပြီး ဖြစ်ပါတယ်။ ပုံကတော့ အမျိုးသမီး တစ်ယောက် ပေါင်ကားနေတဲ့ ပုံစံပါ။ ဒီအဖြစ် အပျက်ဟာ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ ဖြစ်ခဲ့တာပါ။ မိခင် အမည်မှာ Shelly McCullar ဖြစ်ကာ၊ သားအမည်ကတော့ Anthony ဖြစ်ပါတယ်။ သူမကတော့ ပေါင်ကားနေတဲ့ပုံစံကို မက်ဒေါနယ်ရဲ့တံဆိပ်လို့ ရုတ်တရက်ထင်ခဲ့ပြီး အခုလို ဝတ်ပေးမိခဲ့တာဖြစ်ကြောင်း တောင်းပန်ခဲ့ပါတယ်။
Shelly ဟာ သားဖြစ်သူ Anthony ရဲ့ ဓာတ်ပုံကို လူမှုကွန်ယက်မှာ တင်ခဲ့ပြီး သူမရဲ့ နမော်နမဲ့နိုင်မှုကို ရယ်ပွဲဖွဲ့ခဲ့ပါသေးတယ်။ အဆိုပါ အင်္ကျီကို သူမကလည်း သူငယ်ချင်းတစ်ယောက်ဆီက လက်ဆောင် ရရှိခဲ့တာလို့ ဆိုပါတယ်။ သူမက ကျောင်းက ဆရာမတွေကိုလည်း တောင်းပန်ခဲ့ကြောင်း သိရပါတယ်။
Shelly က ” အခုထပ်ပြီး အလေးအနက်ထား တောင်းပန်ချင်တာက Travis Elementary ကျောင်းက ဆရာဆရာမတွေနဲ့ ကျောင်းဝန်ထမ်းတွေကိုပါ အခုကစပြီး ကျွန်မ ကလေးတွေ ဘာဝတ်တယ် ဆိုတာကို သေချာသတိထား ကြည့်ပါတော့မယ် သေချာတာကတော့ ဒီလိုမျိုး ထပ်ဖြစ်မှာ မဟုတ်တော့ပါဘူး “လို့ ပြောခဲ့ပါတယ်။
နတ်စည်တော် (Shwemom)
source : thesun.co.uk
Post a Comment