Header Ads
ချစ်သူသို့ မှာတမ်း..
မင်းအနားမှာ ငါမရှိတော့တဲ့ တစ်နေ့  ဝမ်းနည်းခြင်းတွေနဲ့  ဘဝကို မကျော်ဖြတ်ပါနဲ့ ……
………………………
ငါ့ လည်းတစ်နေ့  ဒီခရီးသွားရ မှာပဲ သူအရင်သွားစောင့် နေတာပါဆိုတဲ့ စိတ်နဲ့  ဖြေသိမ့်ပါ……
…………………………
……………………
ငါ့ကို သတိရ စိတ်နဲ့  အချိန်တွေမဖြုန်းပါနဲ့ ။ ငါဖြစ်စေချင်တဲ့ အောင်မြင်တဲ့  ဘဝကို ရယူဖို့  ကြိုးစားပေးပါ..
………………………
အရင်လို မင်းအနားမှာ ငါမရှိတော့လို့  အထီးကျန်နေရင် ငါတို့ ပျော်ဖူးခဲ့ကြတဲ့ နေ့ ရက်တွေကို ပြန်မြင်ယောင်ပြီး ဖြေသိမ့်ပါ ………
………………………
သတိရစိတ်တွေ ထိန်းမရတော့တဲ့အခါ အနိုင်ယူ ဗိုလ်ကျတတ်တဲ့ မကောင်းတဲ့ ခပ်ဆိုးဆိုး ငါ့အကျင့်တွေ ပြန်တွေးပြီး ဖြေဖျောက်လိုက်ပါ…
အရင်လို မင့်အပေါ် မေတ္တာပေးမဲ့သူ မရှိလို့  ငါ့ ကိုတမ်းတမိရင် ငါ့ထက် သာတဲ့ ချစ်သူကို ရှာပါ။ ငါ့ကိုမေ့လိုက်……
မင်းကြိုက်တဲ့လမ်း လွတ်လွတ်လပ်လပ် ဆက်လျှောက်ပါ…
………………………
မင်းနဲ့ ပတ်သက်ရင် ချစ်သူဆိုတာထက် ပိုတဲ့ ငါ့မေတ္တာတွေက စိတ်မချခြင်းတွေနဲ့  ထွက်သွားတယ် ဆိုတာ ယုံကြည်ပေးပါ………
တစ်ခုလေး တောင်းဆိုချင်တယ် အရာရာ စိတ်ချသွားပါရစေ……
credit#MayNoe (15/3/2017 )
No comments
Powered by Blogger.