Header Ads

သင့်ရဲ့ ယုတ်မာမှု level ကို တိုင်းတာ ကြည့်ရအောင်


တစ်ခုကို တစ်မှတ်ပါ…

၁) ဟင်းပန်းကန်ကို ဆေးရမှာစိုးလို့ ဟင်းတစ်လုတ်စာကို ပန်းကန်ထဲ ချန်ထားဖူးတယ်…

၂) ဖုန်းငွေဖြည့်ကဒ် တွေကို ထပ်ရမလား လောဘနဲ့ ဂဏန်းတစ်လုံး နှစ်လုံးပြင်ပြီး ထည့်ကြည့်ဖူးတယ်…

၃) သူတစ်ပါး မျက်နှာနား သွားပြီး အီးပေါက်ဖူးတယ် …

၎) ကိုယ့် Ex ရဲ့ နောက်ရည်းစားက ဂွမ်းစိန် ဖြစ်နေတာကို ကြိတ်ခွီဖူးတယ်…

၅) အရက်မသောက်တတ်တဲ့ သူငယ်ချင်းကို ငါ့ကိုခင်ရင်သောက် ဆိုပြီး အကြံပက်စက်ဖူးတယ်

၆) ကြောင်ကို ဝရံတာပေါ်ကနေ ပစ်ချဖူးတယ်…

၇) သူတစ်ပါး စားခါနီး သောက်ခါနီး ရွံစရာတွေ လှိမ့်ပြောဖူးတယ်…

၈) ကြိုးချည်ထားတဲ့ ခွေးကို ဒေါမကန် ကန်အောင် မျက်ခွက်ပြောင်ပြီး စဖူးတယ်…

၉) ကလေးကို အမေမသိခင် ဖင်ဆိတ်ဖူးတယ်…

၁၀) ရေကူးကန်ထဲမှာ သေးပေါက်ချ ဖူးတယ်…

၁၁) ကျူရှင်လခ ဘာဖိုး ညာဖိုးဆိုပြီး အိမ်ကနေ လိမ်တောင်းဖူးတယ်… / ပိုက်ဆံအုပ်ထဲကနေ တစ်ရွက်ချင်း မသိသာအောင် ခိုးဖူးတယ်…

၁၂) ကြောင်အိမ်ထဲက ဟင်းတွေ ပုဇွန်ခြောက်နဲ့ နို့မှုန့် အစရှိသဖြင့်ကို ခိုးစားဖူးတယ်…

၁၃) ပိုက်ဆံအစုတ်ကို ဈေးဆိုင်ကို ပေးဖို့ ကြိုးစားအားထုတ် ဖူးတယ်…

၁၄) သူငယ်ချင်းရဲ့ အလှပုံတွေ တင်ထားတာမြင်ရင် ဖျက်လိုဖျက်ဆီးတွေ မန့်ဖူးတယ်… ဒီထက် ယုတ်မာရင် ရုပ်ပျက်ဆင်းပျက် snap ပုံတေကိုတောင် သွားမန့်ဖူးတယ်…

၁၅) အဖြေလွှာတွေကို မီးရှို့ပစ်ဖို့ စိတ်ကူးဖူးတယ်…

အိုကေ…
အမှတ်များကို ရေတွက်ပါ…

(၇)မှတ်နဲ့အောက် ဆိုရင်တော့ သင်ဟာ လူသားဆန်ပါသေးတယ်…

(၇)မှတ်ထက် ကျော်ရင်တော့ သင်ဟာ ဂလုန်ဘွဲ့နဲ့ ထိုက်တန်ပါပြီ… နာမည်ရှေ့မှာ ဂလုန်သာ တပ်ခေါ်ပါတော့…

Notice >>
အမှတ်ပြည့်ရရင်တော့ သင်ဟာ ရက်စက်မှုအပေါင်း သရဖူဆောင်း ထားတဲ့ လူယုတ်မာကြီးပါ…

ဒီကမ္ဘာလောကကြီးဟာ အကြံပက်စက်လှတဲ့ သင့်လိုလူတွေကြောင့် အကျည်းတန်နေရတာပါ… ဒီလိုလူတွေ များများ မရှိသင့်ပါဘူး… 😎😎😎

ရွှန်းမီမီထက် (ဘဲဥမကွဲသူ)

No comments

Powered by Blogger.