Header Ads

အင်္ဂါ သားသမီး​များအ​ကြောင်း


❤❤❤❤❤❤❤❤
အင်္ဂါ သားသမီး​လေး​တွေဟာ အမြင်​မှာ မထူးဆန်းဘူး ထင်​ရ​ပေမဲ့ တကယ်​​ ​တော့ အများနဲ့ မတူတဲ့ အချက်​​တွေကို ပိုင်​ဆိုင်​ထားသူ​တွေပါ..

သူတို့ဟာ အ​နေ​အေးတယ်​.. အရှက်​အ​ကြောက် ​ကြီးတယ်​... စိတ်​ရင်း ​ကောင်း​သ​လောက်​ အားနာလည်း ကြီးတတ်​ကြတယ်​.

စိတ်​ဓာတ်​ ​လေး​တွေက မာ​ကျောတယ် ​ဆို​ပေမဲ့. အားငယ်​​နေပြန်​ရင်​လည်း နှစ်​​ယောက် ​မရှိဘူး. လူစိမ်း​တွေနဲ့ဆို မာနကြီးသလိုလို ​နေတတ်​ကြ​ပေမဲ့... သူတို့နဲ့ ရင်းနှီးတဲ့ သူ​တွေနဲ့ကြ​တော့ က​လေး​လေး တစ်​​ယောက်​လို အမြဲ ​ပျော်​ရွှင်​​နေတတ်​ကြတယ်​...

ရိုးသားကြတယ်​... များ​သောအားဖြင့်​ စကားနည်းတယ်​... လူအများကြီး ​ရှေ့မှာဆို စကားသိပ်​မ​ပြော ​ပေမဲ့... သူတို့ရင်းနှီးတဲ့ သူ​တွေနဲ့ဆို ​ဖောင်​ဖွဲ့​အောင်​ ​ပြော​နေတတ် ​တဲ့သူမျိုး..

ရိုးရိုး​လေး​ နေရတာကို သ​ဘောကျတယ်​.. ဒါပေမဲ့ ​ခေတ်​နဲ့ ​လျော်​ညီ​အောင်​လည်း ဝတ်​တတ်​စားတတ်​ ​နေတတ်​ထိုင်​တတ် ​ကြတယ်​..

အချစ်​​ရေးမှာ ကံ​ကောင်းကြတယ်​... ချစ်​သူ ခင်​သူလည်း ​ပေါတယ်​... ချစ်​သူရဲ့ အလိုလိုက်​ခြင်းကိုလည်း ခံရတတ်​တယ်​.. တကယ်​ချစ် ​တဲ့သူနဲ့ပဲ လက်​ထပ်​ရလိမ့်​မယ်​...

ရည်းစား မများဘူး ဆို​ပေမဲ့ နှစ်​​​ယောက်​ သုံး​ယောက်​ ထားပြီးမှ အချစ်​စစ်​ကို ​တွေ့လိမ့်​မယ်​...

သူတို့ကို ခင်​တဲ့သူ ​ပေါကြတယ်​... အထူးသဖြင့် သူတို့​လေး​တွေရဲ့ ရိုးသားခြင်းကို သ​ဘောကျပြီး မိတ်​​ဆွေ​ပေါတာ ဖြစ်​တယ်​...

အနုပညာကို နှစ်​သက်​တယ်​ အရမ်းကြီး​တော့ မရူးသွပ်​ဘူး... ဘယ်​အရာကို ဖြစ်​ဖြစ်​ အရမ်းကြီး အစွဲအလန်း မထားဘူး... ​ဒါ့​ကြောင့် သိပ်​ပြီး မခံစားရတတ် ​ဘူး...

အထူးသဖြင့်​ သူတို့​လေး​တွေက အလုပ်​လုပ်​ရမှာ ပျင်းတတ် ​ကြတယ်​.. ဒါ​ပေမဲ့ သူတို့ စိတ်​ရှိတဲ့ အချိန်​ဆိုလည်း မငြီးမငြူ လုပ်​တတ် ​ကြတယ်​...

အအိပ်​မက်​တယ်​... အစားမကြီးဘူး ဆို​ပေမဲ့ အသင့်အတင့် စားတတ်​တဲ့သူမျိုး... သူတို့​လေး​တွေဟာ အရမ်း ရိုးသားကြတဲ့ အတွက်​ ချစ်​စရာ ​ကောင်းကြတယ်​...

မိသားစုမှာ သူတို့​လေး​တွေက အ​ရေး ​ပေးခံရတယ်​... အထူးခြား​ဆုံးက​တော့ သူများ​တွေထက်​ ရိုးသားတာ အဲ့​ကြောင့်​... လူချစ်​လူခင် ​​ပေါကြတယ်
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
မှန်​ရဲ့လား ​ဗျ :-)
မှန်​ရင်​ Shareလိုက်​​တော့ အင်္ဂါသားသမီး​တွေ ✌

credit#JTZ

No comments

Powered by Blogger.