သူ ကိုယ့်ကို Crush နေလား သိနိုင်မယ့် လက္ခဏာ (၇) ရပ်
လူတစ်ယောက် ကိုယ့်အပေါ်ကို ကြိတ်ခိုက်နေ Crush နေ ၊ မနေဆိုတာကို သိချင်ကြ မှာပါ ။ ဒါဆိုရင်ဘယ်လို အချက်တွေကို ကြည့်ရင် သိနိုင်မလဲ ..... ?
😍 (၁) ကူညီပေးဖို့ အမြဲ အသင့်ဖြစ်နေ
ကိုယ် မနှစ်သက် ၊ သဘော မကျတဲ့ လူတစ်ယောက်ကို အချိန်ကုန်ခံ ၊ အလုပ် ပျက်ခံပြီး ဘယ်သူ ကမှ ကူညီပေးမှာ မဟုတ်ပါဘူး ။ ဥပမာ - အိမ်ကို ကားမောင်း လိုက်ပို့ပေး တာမျိုး ၊ ကိုယ်အကူအညီ လိုတဲ့ အခါတိုင်း အမြဲ Stand by ဖြစ်နေတယ် ဆိုရင်၊ ကိုယ့်အပေါ် အမြဲ ဂရုတစိုက် ဖြစ်နေမယ် ဆိုရင် သူ သင့်အပေါ် စိတ်ဝင်စား နေတယ် ဆိုတာ သေချာသလောက် ရှိနေ ပါပြီ ။
😍 (၂) သင့် ပတ်ဝန်းကျင်က လူတွေနဲ့ လိုက်လျောညီထွေ ဆက်ဆံပေး
သင့် မိတ်ဆွေ ၊ သူငယ်ချင်း အပေါင်းအသင်းတွေ ၊ မိသားစုတွေကို ပနံ သင့်အောင် လိုက်ပြီး ပေါင်းပေးနေတယ် ဆိုရင်တော့ သူ့စိတ်ထဲမှာ သင်ရှိနေပြီ လို့ ပြောလို့ ရပါတယ် ။
😍 (၃) ပေါ့ပေါ့ ပါးပါး ပုံမျိုးနဲ့ ဆက်ဆံ
သင် သူနဲ့ စကားပြောတဲ့ အခါတိုင်းမှာ တကယ့် သူငယ်ချင်း အရင်း တစ်ယောက်လို ပေါ့ပေါ့ ပါးပါး ဆက်ဆံ နိုင်အောင် သူ့ဘက်က ဖန်တီးပေးတာ မျိုး ဥပမာ - ဟာသတွေနဲ့ သင်ပျော်အောင် လုပ်ပေးတာမျိုး ၊ ကြောက်စရာ ကောင်းတဲ့ အရာမျိုး ဖြစ်နေရင်တောင်မှ ဟာသနှောပြီး ပြောပေးတာမျိုး ပါ ။ ပိုးပန်းနည်းတွေ ၊ ချဉ်းကပ်နည်းတွေ ထဲမှာ ဆိုရင်တော့ ဒါဟာ ဆရာကျတဲ့ နည်းလမ်းလို့ ပြောလို့ ရပါတယ် ။
😍 (၄) အချိန်တိုင်း ပြုံးပြနေ
သင့်ကို အချိန်တိုင်း ပြုံးပြနေတတ် ပါတယ် ။ သင်နဲ့ စကားပြောတဲ့ အချိန်တိုင်းမှ မျက်လုံးချင်း ဆုံပြီး အပြုံးပန်းတွေ ဝေပြနေတာ မျိုးပါ ။ကိုယ့်မျက်နှာ အမူအယာတိုင်း ကို သူကလည်း လိုက်ခံစားပေး ဖို့ ကြိုးစားနေ ပါလိမ့်မယ် ။
😍 (၅) ပြောင်းလဲမှု သေးသေးလေးက အစ သတိထား မိနေ
ကိုယ်ဆံပင် နည်းနည်းလေး ညှပ်ထားတာမျိုး ၊ စတိုင် မသိမသာ ပြောင်းထားတာမျိုး လေးက အစ သူများတွေ သတိမထားမိ ပေမယ့် သူက လိုက် သတိထားမိ နေတာ မျိုးပါ ။ သင့်ဆီကနေ သူ ဘယ်လို အရာလေးတွေ ကို နှစ်သက်တယ် ကြိုက်တယ် လို့ မကြခဏ လာပြောနေပြီ ဆိုရင်တော့ သူ သင့်ကို Crush နေတာ သေချာသလောက် ရှိပါပြီ ။
😍 (၆) ကိုယ်နဲ့ ပတ်သက်တဲ့ အရာအားလုံးကို စိတ်ဝင်စားနေ
သင်ပြောသမျှ အကြောင်းအရာတွေ ပျော်စရာ ၊ ၀မ်းနည်းစရာ ၊ စိတ်ညစ်စရာ ဘာအကြောင်းပဲ ပြောပြော သူ့ဘက်က စိတ်ဝင်တစား နားထောင်ပေး နေမယ် ၊ ဘာကြိုက်တယ် ၊ မကြိုက်ဘူးက အစ သူ သိချင်နေမယ် ဆိုရင်တော့ သူ့ရဲ့ စိတ်ဝင်စားမှုကို သင် ရထားတာ သေချာပါပြီ ။
😍 (၇) ကိုယ့်ရှေ့ ရောက်တာနဲ့ မနေတတ် မထိုင်တတ် ဖြစ်နေ
ကိုယ့်အနားကို ရောက်လာတာနဲ့ မနေတတ် မထိုင်တတ် ဖြစ်နေ ၊ စိတ်လှုပ်ရှားနေ ၊ ရှက်သွေး ဖြာနေပြီ ဆိုရင်တော့ သူ သင့်ကို စိတ်ဝင်စား နေတာ သေချာသလောက် ရှိနေပါပြီ ။
Credit : Original Uploader
Post a Comment