သင်သေချာမသိသေးတဲ့ မိန်းမတွေရဲ့ အကြောင်း
(၁) ဦးနှောက် ရှိတဲ့ မိန်းကလေး တစ်ယောက်ကို ချစ်ကြိုက်ပြီး သူ့ကို ရင်သားမရှိ ( ကြီး ) ဘူး လို့ အပြစ်မဆိုပါနဲ့။ ရင်သားရှိတဲ့ မိန်းကလေး တစ်ယောက်ကို ချစ်ကြိုက်ပြီး သူ့ကို ဦးနှောက် မရှိဘူးလို့ အပြစ် မဆိုပါနဲ့။
ဦးနှောက်လည်း ရှိ၊ ရင်သားလည်းရှိ ( ကြီး ) တဲ့ မိန်းကလေး တစ်ယောက်ကို ချစ်ကြိုက်ပြီး သူ့ကို သဘောထား မပြည့်ဝဘူး လို့ အပြစ် မဆိုပါနဲ့။ လောကကြီးမှာ ခြောက်ပစ် ကင်းတဲ့ ယောက်ျား မရှိသလို ခြောက်ပစ်ကင်းတဲ့ မိန်းမလည်း မရှိပါဘူး ။
(၂) မိန်းမတွေကို သင့်ဗိုက်ထဲက သံကောင် မဟုတ်ဘူး။ သူ့ကို သင်ချစ်တယ်၊ မချစ်ဘူး ဆိုတာကို သင်မပြော၊ သင်မပြဘဲနဲ့ သူသိနိုင်မှာ မဟုတ်ဘူး။
(၃) မိန်းကလေးတွေ ချွဲနွဲ့တဲ့ အချိန် သူ့ကို လျစ်လျူ မရှူလိုက် ပါနဲ့ ။ သူ့ချွဲနွဲ့ တာကို လျစ်လျူ ရှုရင် သူ့ကို သင် အရေးမစိုက်ဘူး၊ သင်ရင်ထဲမှာ သူမရှိဘူးလို့ သူထင်လိမ့်မယ် ။
(၄) ကာမဆိုတာ မိန်းကလေးတွေ အတွက် ယောက်ျားလေးတွေ ထင်ထား သလောက် အရေးမပါဘူး ။ ဒါကြောင့် ကိုယ့်ကို သူချစ်တိုင်း သူ လိုအပ်တယ်၊ သူ့ကို ပြည့်ဝစေမယ် လို့ မယူဆလိုက် နဲ့ ။ ဒီလိုထင်ခြင်းက သင်ဟာ ကာမ ကို သူ့ထက် ပိုကြိုက်တယ် လို့ သူထင်လိမ့်မယ်။
(၅) သူအင်္ကျီ အသစ် ၀တ်ထားရင် သင့်လျော်တဲ့ ချီးမွမ်း စကား ကို ပြောပေးပါ။ အင်္ကျီက ဟိုက်လိုက်တာ၊ ပါးလိုက်တာ၊ တိုလိုက်တာ လို့ပဲ အပြစ် မဆိုတတ်ပါနဲ့။ တကယ်လို့ ပါးပါး၊ ဟိုက်ဟိုက်၊ တိုတိုလေး ၀တ်ထားရင် " ဒီအင်္ကျီ ချစ်ဝတ်တာ လှတယ် ။ ဒါပေမယ့် မောင့်ကိုပဲ ၀တ်ပြရမယ်နော် " လို့ ပြောပါ ။ ထက်မြက်တဲ့သူ သင့်အပြောကို သဘောပေါက်ပါ လိမ့်မယ် ။
(၆) " မင်း ဘာနားလည်လို့လဲ ? ငါ့ကိစ္စမှာ မင်းဝင်မပါနဲ့ " လို့ မကြာခဏ မပြောပါနဲ့ ။ မိန်းကလေးမှာလည်း မိမိကိုယ်ကို လေးစားမှု ( Self - respect ) ဆိုတာ ရှိတယ်။ သူ အရမ်းချစ်တဲ့ ယောက်ျားလေး ရှေ့မှာပဲ ဖြစ်ဖြစ် မိမိကိုယ်ကို လေးစားမှု သူ့မှာ ရှိတယ်။
(၇) သူတစ်ယောက်ထဲ နေနေတဲ့ အချိန် သူ့ကို လွတ်လပ်ခွင့် ပေးပါ။ " နင် ဒီနေ့ ဘာဖြစ်နေတာလဲ ? ထူးဆန်းလိုက်တာ " လို့ မပြောပါနဲ့။ သူငြိမ်နေတဲ့ အချိန် သူ့ကို ပွေ့ဖက်ပေးထား လိုက်ပါ ။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ မေးခွန်းတွေ မထုတ်ပါနဲ့ ။
(၈) သူ့မှာလည်း လိင်ကွဲ သူငယ်ချင်းတွေ ရှိလိမ့်မယ် ။ စိတ်တူ သူငယ်ချင်းတွေ ရှိလိမ့်မယ် ။ ဒါပေမယ့် မစိုးရိမ်ပါနဲ့ ... မိန်းကလေးတွေဟာ ချစ်သူနဲ့ သူငယ်ချင်းကို ယောက်ျားလေးတွေ ထက်တောင် ရှင်းရှင်း လင်းလင်း ခွဲထားတတ် ကြတယ် ။
(၉) အပြင်ထွက် လည်ရင် သင်တစ်ယောက်တည်း မကြာခဏ မသွားပါနဲ့ ။ သဘောထားကြီးပြီး မိမိကိုယ့်ကိုဘယ်လောက်ပဲ ယုံကြည်မှု ရှိတဲ့ မိန်းကလေးပဲ ဖြစ်ဖြစ် သူနဲ့သင် အတူ မသွားချင်လို့၊ သူ့ကို စိတ်ကုန်နေပြီလို့ သူ ထင်တတ်တယ် ။
(၁၀) မနာလို၊ ၀န်တိုတယ် ဆိုတာ မိန်းကလေးရဲ့ မွေးရာပါ အတတ်ပညာ ဖြစ်တယ် ။ သင့်အပေါ် မ၀န်တိုတတ်တဲ့ မိန်းကလေးဆိုတာ သင့်ကို တကယ် မချစ်လို့ ဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေက ၀န်တိုတာများလေ စိတ်ထိခိုက် ၊ ခံစားရ လေမို့ နောက်ဆုံးမှာ သူချစ်တဲ့ သင့်ကို ခွဲသွားနိုင် ပါတယ် ။
(၁၁) မိန်းကလေးတွေ လိုအပ်တဲ့ အချစ်က ယောက်ျားလေးတွေ လိုအပ်တဲ့ အချစ်နဲ့ တူတူ ဖြစ်တယ် ။ ဒါကြောင့် အချစ်တွေ လိုအပ်တဲ့ သူကို " လွန်ကဲ " တယ် လို့ အပြစ် မဆိုပါနဲ့ ။
(၁၂) ခိုးစားတဲ့ ကိုယ့်ချစ်သူ / ယောက်ျားကို ခွင့်လွတ်နိုင်တဲ့ မိန်းကလေးက အနည်းစု ဖြစ်တယ်။ ကိုယ့်မိန်းကလေးကို အနည်းစုထဲ ထည့်ဖို့ မမျှော်လင့် ပါနဲ့ ။ တကယ်လို့ သူခွင့်လွတ်နိုင်ရင်လဲ ကိုယ်သာ သူ့နေရာမှာဆိုရင် ဆိုတာကို တွေးပြီး စာနာကြည့် ပေးပါ
Credit : Anonymous
Post a Comment