Header Ads

ချစ်သူကိုချစ်ကြောင်း ထုတ်ဖော်မပြတတ်တဲ့ မိန်းကလေးတွေမှာ ဒီအပြုအမူ (၅) ချက်ရှိ


ချစ်သူကို အရမ်း ချစ်နေပေမယ့် အချစ်ကို ထုတ်ဖော် မပြတတ်တဲ့ မိန်းကလေးတွေ ရှိပါတယ်။ အချစ်ကို မဖော်ပြတတ်တဲ့ မိန်းကလေး တစ်ယောက်ရဲ့ရင်ထဲမှာ ချစ်သူကို အရမ်းချစ်တယ် ဆိုတဲ့ ခံစားချက် ရှိပါတယ်။ ဒီလို အပြုအမူ ရှိတဲ့ မိန်းကလေးတွေက ချစ်ပေမယ့် မထုတ်ဖော်ပြတတ်တဲ့ မိန်းကလေးတွေရဲ့ အပြုအမူတွေပဲ ဖြစ်ပါတယ်။

1) မိန်းမ မဆန်တတ်ဘူး

ချစ်ကြောင်းတွေ သိပ်ပီး မဖော်ပြတတ်တဲ့ မိန်းကလေးတွေက မိန်းမမဆန် တတ်ကြဘူး။ သူတို့ ပြောတဲ့ စကားတွေ၊ အမူအယာတွေ၊ စတိုင်တွေက ယောကျာ်းဆန် နေတတ်ကြတယ်။ ချစ်သူဆိုရင် တစ်ယောက်ရဲ့ ခံစားချက်တွေ မပြောဘဲ သိနေရမယ် ဆိုပြီးလည်း တွေးမိကြတယ်။ ဒါတွေကြောင့် ချစ်ကြောင်းတွေကို သိပ်မပြောတတ် ကြတာပါ။

2) အရွဲတိုက် တတ်တယ်

အချစ်ကို ချစ်ကြောင်း ထုတ်ဖော် မပြတတ်တဲ့ မိန်းကလေးတွေ ဆိုတာ အရွဲတိုက် တတ်ကြတယ်။ သူတို့ မကြိုက်တာ တစ်ခုခုကို လုပ်မိလိုက်ရင် ပြန်အရွဲတိုက် တတ်ကြတယ်။ ချစ်သူကို ချစ်တာတော့ အရမ်း ချစ်တယ်။ ဒါပေမယ့် အရွဲတိုက်တတ်တဲ့ နေရာမှာတော့ ပထမပါ။ သူတို့ရဲ့ အရွဲတိုက် တာတွေကြောင့် ချစ်သူရဲ့ အထင်လွဲ တာကိုလည်း ခံရတတ်တယ်။

3) ထစ်ခနဲဆို ဒေါသထွက် တတ်တယ်

ချစ်သူကို ချစ်ပေမယ့် ချစ်ကြောင်း မဖော်ပြတတ်တဲ့ မိန်းကလေးတွေက ဒေါသကြီး တတ်ကြတယ်။ ထစ်ခနဲဆို ဒေါသထွက် လာတယ်။ သူတို့ ဒေါသထွက် လာပြီဆိုရင် ပစ္စည်းတွေကို ဖောက်ခွဲတတ် ကြတယ်။ ဒါတွေကြောင့်လည်း ချစ်သူက သူကို မချစ်ဘူး ဆိုပြီး လွဲတွေးမိတတ် ကြတယ်။ တကယ့်တော့ သူတို့ရဲ့ ရင်ထဲမှာ ချစ်သူကို အရမ်း ချစ်ကြပါတယ်။


4) စကားကို ဘုကလန့်ပြော တတ်တယ်

အချစ်ကို သီးသီးသန့်သန့် မဖော်ပြတတ်တဲ့ မိန်းကလေးတွေက စကားပြောရင် ဘုကလန့် ပြောတတ်ကြတယ်။ ချစ်သူကိုဆိုလည်း ချွဲချွဲနွဲနွဲတွေ မပြောတတ်ဘူး။ သူများ ကြားရင်တောင် ချစ်သူနဲ့ပြောနေတာလား သူငယ်ချင်းနဲ့ ပြောနေတာလားတောင် မသိရလောက်အောင် ဘုကလန့် ပြောတတ်ပါတယ်။

5) မချွဲတတ် ကြဘူး

ရင်ထဲက အချစ်တွေကို မဖော်ပြတတ်တဲ့ မိန်းကလေးတွေဟာ မိန်းမဆန်တာတွေ မလုပ်တတ်ကြဘူး။ ချစ်သူကို ချွဲပြီးပြောတာတို့၊ ပူဆာတာတို့၊ လက်ချင်း ချိတ်တာတို့ကို သိပ် မလုပ်တတ်ကြဘူး။ ချစ်သူကို ရိုမာန်တစ် ဆန်အောင်လည်း မချွဲတတ်ကြဘူး။ ဒါက သူတို့ရဲ့ပင်ကို အပြုအမူပဲ ဖြစ်နေလို့ပါ။

credit Hannwe Soe

No comments

Powered by Blogger.