Header Ads

တစ်ကယ်ချစ်တာ မဟုတ်ရင် ”ချစ်တယ် ” ဆိုတဲ့စကား မသုံးပါနဲ့..


တစ်ကယ် ချစ်တာ မဟုတ်ရင် ”ချစ်တယ် ”ဆိုတဲ့ စကား မသုံးပါနဲ့... အချစ်စစ်နဲ့ တွေ့တဲ့အခါ မဖြောင့်ဖြူးဘဲ နေလိမ့်မယ်”

တစ်ကယ် လွမ်းတာ မဟုတ်ရင် ”လွမ်းတယ်” လို့ မဖွဲ့နွဲ့ပါနဲ့... စိတ်ထဲနှစ်ပြီး အတည်လွမ်းရမယ့် သူနဲ့ တွေ့တဲ့အခါ သံသယတွေနဲ့ ဆုံရလိမ့်မယ်”

တစ်ကယ် သတိရတာ မဟုတ်ရင် ”သတိရတယ်” လို့ မပြောပါနဲ့... အချိန်တိုင်း စိုးမိုးနိုင်သူနဲ့ တွေ့တဲ့အခါ အရာမထင်ဘဲ နေလိမ့်မယ်”

တစ်ကယ် စိတ်ထဲမှာ ရှိတာ မဟုတ်ရင် ”မြတ်နိုးတယ်” လို့ မဖွင့်ဟပါနဲ့... တန်ဖိုးထားရမယ့် သူနဲ့ တွေ့တဲ့အခါ ယုံကြည်မှုရဖို့ ခက်ခဲနေလိမ့်မယ်”

ဘဝတစ်ခုလုံး အတွက် ရည်ရွယ်ထားတာ မဟုတ်ရင် ”ထာဝရ ” ဆိုတဲ့ စကားမသုံးပါနဲ့... တစ်သက်လုံး အတွက် ဘဝလက်တွဲဖော်နဲ့ တွေ့တဲ့အခါ... အနာဂတ် ခရီးမှာ မချောမွေ့ဘဲ နေလိမ့်မယ်”

”ဘယ်အရာမဆို” အမှန်တကယ် လိုအပ်လာတဲ့ အချိန်မှသာ ဖွင့်ထုတ်ပြတာ အသင့်တော်ဆုံး ဖြစ်မှာပါ”

Crd#ဖြူဇင်အိ

No comments

Powered by Blogger.